Posts

မြန်မာစစ်တပ်ကအကြမ်းဖက်သမားများအသွင်ပြုမူ

#ABCNews   #ABCNewsAustralia Myanmar military using "terrorist-like behaviour" to stifle pro-democracy protests | The World

ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို

Image
ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို  နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို ကုလကိုယ်စားလှယ်၊အမေရိကန်သံအမတ်ပြီးနောက် တတိယမြောက် ဖုန်းဆက်သည့် ပြည်ပတာဝန်ရှိသူဖြစ်သည်  ဥရောပသမဂ္ဂ (EU) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိEU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ယနေ့ဖုန်းဆက်ပြီး နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ပြောဆိုခဲ့သည်ဟု VOAသတင်းဌာနကဖော်ပြသည်။ ဖုန်းဆက်စဉ် အီးယူစစ်ဘက်တာဝန်ရှိသူကမြန်မာစစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်ရန်နှင့် ဆန္ဒပြပွဲများ ကိုင်တွယ်ရာတွင် နောက်ထပ် သွေးထွက်သံယိုဖြစ်မှုများရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်ဟု အဆိုပါသတင်းဌာနကဆိုသည်။ "ဘယ်နိုင်ငံက စစ်တပ်မဆို လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်"ဟု EU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။ ယင်းနောက် ရေတပ်ဗိုလ်ချုပ်ကြီး က ဒီမိုကရေစီနည်းကျ ရွေးကောက်တ

အင်းစိန်ဖေါ့ကန်မင်္ဂလာလမ်းထိပ်မှာ စစ်ခွေးတွေလာဟောင်သည်။

Image
အင်းစိန်ဖေါ့ကန်မင်္ဂလာလမ်းထိပ်မှာ စစ်ခွေးတွေလာဟောင်သည်။

ကိုမင်းကိုနိုင်ယနေ့မိန့်ခွန်း

Image

(CRPH) က ဦးတိုက်လျှောက်ထား တရားစွဲ

Image
R Committee Representing Pyidaungsu Hluttaw - CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သတင်းထုတ်ပြန်ချက် အမှတ်( ၉ )  ================ ၂၀၂၁ခုနှစ်၊ မတ်လ၊ (၉)ရက်  ၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ မတရားသဖြင့် အာဏာသိမ်းယူခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။  ၂။ အာဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ်မှာ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ဖြစ်သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁)၊ ၁၂၄ - က တို့အရ စစ်ဆေးစီရင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်သို့ ၄-၃-၂၀၂၁ နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဖြစ်ပါကြောင်း ပြည်သူသို့ သတင်းထုတ်ပြန်အပ်ပါသည်။

ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း

Image
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကြေညာချက်အမှတ်၊ (၁၂ /၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်)  ခေတ္တ ဒုတိယသမ္မတ ခန့်အပ်တာဝန်ပေးခြင်း ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အုပ်စုက အဓမ္မနည်း ဖြင့် ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ကိုယ်စားပြုရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း မန်းဝင်းခိုင်သန်းအား ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။ ၂။ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူထားသည့်အတွက် နိုင်ငံတော်သမ္မတ က တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် အခြေအနေမရှိသည့်ကာလတွင် ခေတ္တ ဒုတိယသမ္မတအား နိုင်ငံတော်သမ္မတ၏ တာဝန်များကိုပါ ထမ်းဆောင်ရန် တာဝန် အပ်နှင်းလိုက်သည်။ (ပုံ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အင်းစိန် ဖေါ့ကန် မင်္ဂလာလမ်းထိပ်

Image

အရေးတော်ပုံအောင်ရမည်

အင်းစိန်ပေါက်တောဝ MAB ဘဏ်ရှေ့ ဒလံမတွေ

Image
ဒီမနက် အင်းစိန်ပေါက်တောဝ MAB ဘဏ်ရှေ့ ဒလံမတွေပါ မျက်နှာတော့ သဲသဲကွဲကွဲမမြင်ရပေမယ့် အဝတ်အစားတွေတော့ မှတ်မိနိုင်မယ်ထင်တယ် ရပ်ကွက်တိုင်းလမ်းတိုင်းသတိထားစောင့်ကြည့်ပေးကြ

Mizzima Media ရုံးခန်းအားလုံး ဖျက်စီးပြီးပစ္စည်းများသိမ်းသွား

Image
Star city သံလျင်ရှိ  Mizzima ရုံးခန်းအား အာဏာသိမ်းစစ်အုပ်စုမှ ဖျက်စီးသိမ်းဆည်းသွားပြီး ကနဦးအရ လူဖမ်းစီးမူ မတွေ့ရသေးပါ 9.3.2021 6:00Pm Photo :NLOO