ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို

ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို  နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို
ကုလကိုယ်စားလှယ်၊အမေရိကန်သံအမတ်ပြီးနောက် တတိယမြောက် ဖုန်းဆက်သည့် ပြည်ပတာဝန်ရှိသူဖြစ်သည် 
ဥရောပသမဂ္ဂ (EU) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိEU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ယနေ့ဖုန်းဆက်ပြီး နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ပြောဆိုခဲ့သည်ဟု VOAသတင်းဌာနကဖော်ပြသည်။

ဖုန်းဆက်စဉ် အီးယူစစ်ဘက်တာဝန်ရှိသူကမြန်မာစစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်ရန်နှင့် ဆန္ဒပြပွဲများ ကိုင်တွယ်ရာတွင် နောက်ထပ် သွေးထွက်သံယိုဖြစ်မှုများရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်ဟု အဆိုပါသတင်းဌာနကဆိုသည်။

"ဘယ်နိုင်ငံက စစ်တပ်မဆို လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်"ဟု EU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။

ယင်းနောက် ရေတပ်ဗိုလ်ချုပ်ကြီး က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ တခြားထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ လည်း ဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ