ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို

ဥရောပသမဂ္ဂစစ်ဘက်အကြီးအကဲက မြန်မာဒုကာချုပ်ကို  နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ ဖုန်းဆက်ပြောဆို
ကုလကိုယ်စားလှယ်၊အမေရိကန်သံအမတ်ပြီးနောက် တတိယမြောက် ဖုန်းဆက်သည့် ပြည်ပတာဝန်ရှိသူဖြစ်သည် 
ဥရောပသမဂ္ဂ (EU) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိEU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ယနေ့ဖုန်းဆက်ပြီး နိုင်ငံတကာဥပဒေများ လေးစားလိုက်နာဖို့ပြောဆိုခဲ့သည်ဟု VOAသတင်းဌာနကဖော်ပြသည်။

ဖုန်းဆက်စဉ် အီးယူစစ်ဘက်တာဝန်ရှိသူကမြန်မာစစ်ကောင်စီကို အကြမ်းဖက်လုပ်ရပ်များအားလုံးကို ချက်ချင်းရပ်ရန်နှင့် ဆန္ဒပြပွဲများ ကိုင်တွယ်ရာတွင် နောက်ထပ် သွေးထွက်သံယိုဖြစ်မှုများရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်ဟု အဆိုပါသတင်းဌာနကဆိုသည်။

"ဘယ်နိုင်ငံက စစ်တပ်မဆို လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်"ဟု EU စစ်ဘက်ဦးစီးဌာန (EUMS) ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က မြန်မာဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။

ယင်းနောက် ရေတပ်ဗိုလ်ချုပ်ကြီး က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ တခြားထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ လည်း ဒုကာချုပ်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုပြောခဲ့သည်ဟုလည်းသိရသည်။

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်