Posts

ဘဏ်ငါးဘဏ်တော့စာရင်းပေါက်သွားပြီ

Image
#ဘဏ်ငါးဘဏ်တော့_စာရင်းပေါက်သွားပြီနော်။ MAB , AGD , KBZ , SHWE , UAB .   #စစ်ခေါင်းဆောင်များအတွက်_နောက်ကွယ်မှ_လုပ်ကိုင်ပေးနေသည့်_လူပုဂ္ဂိုယ်_23ဦး နှင့် ၄င်းတို့ရဲ့ လုပ်ငန်းများကို ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်သည်ဟု ကမ္ဘာ့အလုပ်သမားသမဂ္ဂအဖွဲ့ကြီးနှစ်ခုဖြစ်တဲ့ International Trade Union Confederation (ITUC) and UNI Global Union ကထုတ်ပြန်လိုက်သည်။ The International Trade Union Confederation (ITUC) and UNI Global Union, which represents working people in the finance sector, have released the names of 23 people with close connections to the Myanmar military junta who should be subject to financial sanctions to avoid coup leaders, already subject to financial sanctions, using them as proxies. ၁။ အေးနေဝင်း (ဗိုလ် နေဝင်း မြေး) ၂။ ကျော်နေဝင်း (ဗိုလ် နေဝင်း မြေး) ၃။ သက်သက်ခိုင် (စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီး၊ ရွှေနန်းတော်) ၄။ ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် (USနိုင်ငံသား၊ စစ်ကောင်စီ၏ အကြံပေး) ၅။ အောင်ပြည့်စုံ (မင်းအောင်လှိုင် သား) ၆။ ခင်သီရိသက်မွန် (မင်းအောင်လှိုင် သမီး) ၇။ မျိုးရတနာထိုက်

ဘယ်လိုပြပြဆန္ဒကဆန္ဒပဲ

Image

မြန်မာသို့ နာရီ ဝက်အတွင်း ရောက်နိူင်သော လက်တကမ်းအလိုသာ ရှိ

Image
အသစ်ခန့်အပ်လိုက်တဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီး Austin သည် အိန္ဒိယ နှင့် စစ်ဖက်ရေးရာ ဆွေးနွေးချက်များအပေါ် တရုတ်က ကန့်ကွက်လိုက် ခြင်းသည် အရူးမီးဝိုင်း ဖြစ်နေဟန်နှင့်တူညီနေသည် ပင်တဂွန်အကြီးအကဲလွိုက် Austin ကအိန္ဒိယအနေဖြင့် စိတ်တူစီးပွားဖက်များ နှင့်ကြီး ထွားလာနေသည့်ဆက်ဆံရေးကိုချီးကျူးသည်။ အိန္ဒိယသည်အာရှ - ပစိဖိတ်ဒေသတွင်အမေရိကန်၏အဓိကမိတ်ဖက်နိုင်ငံဖြစ်သည်..... ဝါရှင်တန်သည်ပေကျင်းကို ၀ င်ရန်ကြိုးပမ်းနေချိန်တွင် Austin ၏နှစ်ရက်ကြာခရီးသည် နယူးဒေလီ၏အစိုးရနှင့်ပထမဆုံးမျက်နှာ ချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်......... အလက်စကာတွင်အမေရိကန် - တရုတ်ဆွေးနွေးမှုများနှင့် Austin နှင့်အမေရိကန်နိုင်ငံခြားရေး  ၀ န်ကြီးအန်တိုနီဘလင်းခ်ျတို့သည်ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့သွားရောက်သည့်ကိစ္စအား တရုတ်နိုင်ငံမှစိတ်ဆိုးဒေါသထွက်နေသည်....... မြန်မာဆွေးနွေးပွဲများသည်လည်း ပို၍အားစိုက်လာသည်ကိုလည်း ယခုရက်ပိုင်းအတွင်း ပိုမိုမြင်တွေ့ ရသည်.. ယခုရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုသည် မြန်မာနှင့်ရေမိုင်(၅၀၀)အကွာ ရောက်ရှိနေခြင်းကိုလည်း ထုတ်ဖေါ်ပြောကြားလာ သည်ကို တွေ့မြင်ရသည်....... လေယာဉ်တင်သင်္ဘောပေါ်တွင်ပါရှိသ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

Image
စောဖိုးခွား(ဝါရှင်တန်ဒီစီ) ■ဒီကနေ့ မန္တလေးမြို့ အောင်ပင်လယ်ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် နေအိမ်ထဲမှာရှိနေတဲ့ အသက် ၇ နှစ် ကလေးငယ်တစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နေအိမ်ထဲမှာနေနေတဲ့ ဖခင်ဖြစ်သူ ရင်ခွင်ထဲ ပိုက်ချီထားတဲ့ မခင်မျိုးချစ် (၇ နှစ်)ဟာ ဗိုက်ကို သေနတ်ကျည်ဆံထိမှန်ပြီး ဖခင်ဖြစ်သူ လက်ထဲမှာတင် သေဆုံးသွားတာလို့ အမဖြစ်သူက RFA ကိုပြောပါတယ်။ သေဆုံးသွားတဲ့ မခင်မျိုးချစ် (၇ နှစ်) ဟာ မောင်နှမ ၈ ယောက်အနက် အငယ်ဆုံးဖြစ်ပြီး မိသားစုဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ပါတယ်။ စစ်အာဏာ သိမ်းပြီးနောက် ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ မခင်မျိုးချစ် (၇ နှစ်)ဟာ အငယ်ဆုံး ဖြစ်ပါတယ်။ မန္တလေးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်လို့ မတ် ၂၃ ရက် ဒီနေ့သေဆုံးသူ စုစုပေါင်း ၅ ဦးရှိခဲ့ပါတယ်။ မနေ့က မန္တလေးမြို့တွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်ပါတယ်။ အဲ့ဒီ ၁၄ နှစ်အရွယ်ကလေးငယ်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခြင်းမရှိဘဲ နေအိမ်နားတဝိုက်မှာရှိနေစဉ် ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောထားပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတ

ထားဝယ်၌ စစ်ကားက တိုက်ပြီး တက်ကြိတ်သဖြင့် အမျိုးသားတစ်ဦးသေဆုံး

Image
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လမ်းကူးရန် ရပ်နေသည့် အမျိုးသားတစ်ဦးအား စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့် တိုက်၍ တက်ကြိတ်ခဲ့သည်။ အဆိုပါဖြစ်စဉ်သည် ယနေ့ (မတ် ၂၃) နံနက် ၁၁ နာရီခွဲခန့်တွင် ထားဝယ်မြို့ ၊ ကျောက်မော်ရပ်ကွက် ၊ ထောင်လမ်းဆုံ၌  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု  မြို့ခံတစ်ဦးက ပြောသည်။ "ကားနဲ့တိုက်ပြီး ရှေ့ဘီးရော၊ နောက်ဘီးရော တက်ကြိတ်သွားတာ"ဟု အဆိုပါ မြို့ခံက ပြောသည်။  သေဆုံးသူသည်  ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူ ကိုဇင် ဆိုသူဖြစ်ကြောင်း သိရသည်။ https://www.facebook.com/518067831674293/posts/2061074314040296/?d=n

5000 စားဒလန် ပုံစံပြောင်းပြီးတွန့်လှည်းနဲ့စျေးသည်များ၊မယ်သီလများကို အသုံးပြုနေသည်။

Image
👉5000 စားဒလန် ပုံစံပြောင်းပြီ၊ တွန့်လှည်းနဲ့စျေးသည်များ၊မယ်သီလများကို အသုံးပြုနေသည်။ မနက်လာချသွားတယ်ညနေပြန်ခေါ်လာတယ်။နေရာအနှံ့တွေ့ရတာပါ။  မနေ့. ကသီလရှင်  ၂ ယောက်က လမ်းသွယ်ထဲ အော်လံနဲ့ ကျန်းမာပါစေ. ချမ်းသာပါစေအော်တယ်။ဘယ်ဘုန်း ကြီးကျောင်းက သေနတ် ကျည်ဆန် ကြားမှာ အလှူခံ ဆွမ်းခံ ထွက်ခိုင်းမလဲသီလရှင်တွေ  ဖုန်း ပြောပီး Taxi နဲ့လာခေါ်တယ်. 

၂၅ရက်နေ့မနက်ဆယ်နာရီ၊ မြန်မာ့အရေးဆွေးနွေးဖို့ရှိ

Image
ကြာသပတေးနေ့ မတ်ချ်လ ၂၅ရက်နေ့မနက်ဆယ်နာရီ(အမေရိကန်စံတော်ချိန်)မှာ၊ မြန်မာ့အရေးဆွေးနွေးဖို့အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ ပထမပိုင်းမှာ ၁။အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Atul Keshap ၂။ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာ ဒလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Scott Busby တို့က ဆီးနိတ်လွှတ်တော်မှာဆွေးနွေးမှာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ၃။မြန်မာနိုင်ငံဆိုင်ရာအထူးတာဝန်ပေးအပ်ခံရသူ တွမ်အင်ဒရူးစ် နဲ့ ၄။အမျိုးသမီးရေးရာအထူးသံတမန်ဖြစ်တဲ့ Kelly Clark Currie တို့က တင်ပြကြမှာပါ။ ပြီးရင်တော့ အမေရိကန်အထက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုကြေညာမှာဖြစ်ပြီး၊ဆက်လက်လုပ်ဆောင်စရာများကို သမ္မတ ဆီ တာဝန်လွှဲအပ်သွားပါလိမ့်မယ်လို့သိရပါတယ်။ UThra Zarganar

၅၉နှစ်တိုင်တိုင်နိုင်ငံကိုအမှောင်ဖုံးစေခဲ့တဲ့ သုံးမိသားစုကိုနွေဦးတော်လှန်ရေးနဲ့အမြစ် ပြတ်ချေမှုန်းကြပါစို့၊

Image

သောင်ရင်းမြစ်လေးကူးပြီး ဆန်အိတ်တွေယူဖို့ မယူရဲကြဘူးတဲ့

Image
KNU က အသက်အပိုပါတဲ့ကောင်လာယူလို့ကြိမ်းထားလို့😆

မအလ လစဉ်ဝင်ငွေ ကန်သန်း ၉၀ ကျော်ရှိဆဲ

Image
ဒီနေ့ New York Times သတင်းစာမှာပါလာတယ်။ မင်းအောင်လှိုင်ဟာ တရုတ်ဓါတ်ငွေ့ပိုက်လိုင်းကနေ တစ်လကို ဒေါ်လာ (၉၀) မီလီယံ ဝင်ငွေရရှိနေဆဲပါတဲ့၊အာဏာစသိမ်းတဲ့နေ့ကတည်းက ဒီနေ့အထိ ဓါတ်ငွေ့ပို့လုပ်ငန်းဟာ ရပ်ဆိုင်းသေးဘူး၊ ပုံမှန်လည်ပါတ်နေဆဲပဲတဲ့။ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားပါ။ ကမ္ဘာမကြေဘူး #savemyanmar2021 #WeNeedR2PInMyanmar #copied #RejectMilitaryCoupInMyanmar #စစ်အာဏာရှင်များကျရှုံးပါစေ #CDMMyanmar #SocialPunishmentMovement #SocialPunishment #WeNeedR2PInMyanmar #WeSupportCRPH #WeStandWithCRPH #WeStandWithDrSaSa #WeStandWithUKyawMoeHtun #WeNeedUNInterventionInMyanmar #JusticeForMyanmar #WhatIsHappeningInMyanmar #RespectOurVotes #RejectMilitaryCoup #WeSupportCDM #အရေးတော်ပုံအောင်ရမည် #နွေဦးတော်လှန်ရေး  #credit