Posts

သေနတ်ဒဏ်ရာဖြင့် လဲနေသောပြည်သူအား လူမဆန်စွာသယ်ဆောင်သွားသည့် သက်သေvideo

Image
 မြိတ်မြို့ သေနတ်ဒဏ်ရာဖြင့် လဲနေသောပြည်သူအား လူမဆန်စွာသယ်ဆောင်သွားသည့် သက်သေvideo မှတ်တမ်း မတ်လ၂၆၊၂၀၂၁။

ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို ပထမဆုံးထမ်းဆောင်သူဟာဗိုလ်ချူပ်အောင်ဆန်းပါ၊

Image
ဘယ်လိုနည်းနဲ့မှသမိုင်းကိုပုံဖျက်လို့မရပါဖူး။မအလရူးသွားတာကိုဘောမတွေကအလိုက်အထိုက်ပဲမျက်လုံးမှိတ်လိုက်ကြပုံရတယ်၊ဝဇီပိတ်ကယတြာခြေခိုင်းပြန်ပြီလာ:မသိဖူး၊ နှစ်၈၀ အကြာမှာ မအလ က ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုကိုစစ်သမိုင်းကဖယ်လိုက်ပေမယ့် https://my.m.wikipedia.org/ ကနေပါဖယ်နိုင်မှာလားစောင့်ကြည့်ရမှာပါ။ အခုနှစ်၈၀အကြာမှာသမိုင်းတကြော့ပြန်လည်ချေပြီ၊ မြန်မာ့ဖက်ဒရယ်အာမီကို မြန်မာနိုင်ငံရဲ့တောင်စွန်း ကော့သောင်းအထိစီးနင်းရာလမ်းတလျောက်မှာဝင် လာမယ့် G.ZY တွေနဲ့ ခေတ်သစ် ဘီအိုင်အေ ကို လှိုက်လှဲစွာဖြင့် ကြိုဆိုအပ်ပါတယ်။ -------------------------------- ဘီအိုင်အေ ဖွဲ့တာ နှစ်၈၀ပြည့် BIA ကို လမ်းတလျှောက် ဝင်လာတဲ့ အရပ်သားတွေနဲ့ ဖွဲ့ ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ အင်္ဂလိပ် အုပ်စိုးမှုကို တွန်းလှန်ဖို့ မြန်မာ လူငယ်တွေ ဖွဲ့ခဲ့တဲ့ ဘီအိုင်အေ ဗမာ့ လွတ်လပ်ရေး တပ်မတော် တည်ထောင်တာ နှစ်၈၀ပြည့်သွားပါပြီ။ ၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်က ယိုးဒယား နိုင်ငံ ဘန်ကောက် မြို့တော်က ဘော်နီယို ကုမ္ပဏီ ရုံးမှာ ဗိုလ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော် သုံးကျိပ်နဲ့ ရှမ်းဗမာ လူငယ်တွေ လက်မောင်း သွေးဖောက် သစ္စာပြုပြီး တည်ထောင် ခဲ့တာပါ။ ရဲဘော် သုံးကျိပ်ကို ဂျပန် စစ်

မင်းအောင်လှိုင်စစ်ကောင်စီမှ ဗိုလ်ချုပ်အောင်ဆန်းအား တပ်မတော်သမိုင်းမှ ပယ်ဖျက်

Image
ရဲဘော်သုံးကျိပ်တည်ထောင်သူမှာ  အင်္ဂလန်နိုင်ငံသား ဗိုလ်ချုပ် စမစ်ဒွန်းဟု မှတ်တမ်းတင် စောက်ကျိုးနဲ   ဟဲ့ ဘယ်လိုဆဲရမှန်းတောင်မသိတော့ဘူး (အခုလေးတင်ပဲ သံဗုံးတီးပြီး အိမ်ထဲအဝင် အမေ MWD သတင်း ကြည့်နေတာတွေ့လို့ ခနရပ်ကြည့်လိုက်တယ်။ အမေက ပုံမှန်ကြည့်ပါတယ် သူတို့ဘာတွေလိမ်နေလဲ ဘယ်ခြေလှမ်းတွေ လှမ်းတယ်ဆိုတာ သိချင်လို့ပါတဲ့။ ၅မိနစ်အတွင်း တွေ့ရတဲ့ သတင်းတွေကို တင်ပြလိုက်ပါတယ် (၁) ။  ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝ တပ်မတော်သမိုင်းက ဖယ်ရှားလိုက်ပါတယ်။ ရဲဘော် သုံးကျိပ်ကို စတင်တည်ထောင်တာ ဗိုလ်ချုပ်စမစ်ဒွန်းပါတဲ့။ ပြီး ကျွန်မတို့ နိုင်ငံကို စုတ်ပြတ်သတ် မွဲတေတဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းဖျက်ဆီးသွားတဲ့ နေဝင်းက ဒုတိယပါ။ ပြီးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်သွားမယ်ပြောတဲ့ စောမောင်ပါတဲ့ ။ ရှင်းတယ်နော် ။ ရုပ်ထုတွေအကုန်လုံးကို သေချာရိုက်ပြပါတယ်။  (၂)။ ဆရာတော်တွေကို ဆွမ်းကပ်ပြပါတယ်။ ကတော်တွေအကုန် အကျီဆင်တူ လုံချည်ဆင်တူ ဝတ်ထားပါတယ်။ အရမ်းညီညွှတ်ကြောင်း၊ တသားတည်းဖြစ်ကြောင်း ပြတဲ့အနေနဲ့ ထင်ပါတယ် (၃)။ မအလ မိန့်ခွန်းပြောနေတုန်း အားလုံး မတ်တပ်ရပ်ပြီး တောင့်တောင့်ကြီးနေရပါတယ်။ မအလက တပ်မတော်ကြီး (ပြည်သူ့အခေါ် သူပုန်တ

မြိတ်မှာအခြေအနေဆိုးနေပါတယ်

Image

သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါနှင့် မစ္စအေမီဆေဘေ့စ်ကိုညီညီအောင်ထက်နိုင် အားဂါရဝပြု

Image
 သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါနှင့် မစ္စအေမီဆေဘေ့စ် တို့သည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၁ က ကျောင်းတစ်ကျောင်းရှေ့တွင် အသက်ဆုံးရှုံးခဲ့ရသော အသက် ၂၃ နှစ်အရွယ် နက်ဝပ်အင်ဂျင်နီယာ ကိုညီညီအောင်ထက်နိုင် အားဂါရဝပြုသည့်အနေဖြင့် လွမ်းသူပန်းခြင်းတစ်ခု ယနေ့သွားရောက်ချခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်ကစတင်၍ အသက်ပေးခဲ့ကြရသောသူအားလုံးကို မိမိတို့ အမှတ်ရကာ ဂါရဝပြုအပ်သည်။ Ambassador Thomas Vajda and Ms. Amy Sebes laid a wreath today at the site where 23-year-old network engineer Nyi Nyi Aung Htet Naing died in front of a school on February 28, 2021. We honor the memory of all those who have lost their lives since the February 1 coup.  ရန်ကုန်အမေရိကန်သံရုံး

အကြမ်းဖက်တွေ ရဲ့တင့်ကားတွေတည်ရှိရာနေရာ

Image
March 25, 2021 စစ်အစိုးရရဲ့ တင့်ကားသိုလှောင်ရေးစခန်းဆိုပြီး သိရပါတယ်။  20*3149N  95*2224E ၂၀၁၄ လောက်ကတည်းက လူမသိသူမသိ စတင်အကောင်အထည်ဖော် ဆောက်လုပ်ထားခဲ့တယ်လို့ သိရပါတယ်။ အနီးနားဝန်းကျင် ရွာတွေက ပိုသိကြပါလိမ့်မယ်။  တွေ့နေရတဲ့ အကျယ်အဝန်းနဲ့ အဆောက်အဦးရဲ့ ပမာဏကို ဘေးက ဝန်ထမ်းအိမ်ယာလေးတွေနဲ့ ယှဉ်ကြည့်ပါ။ အဆမတန် ကြီးမားနေတာကို မြင်ရပါလိမ့်မယ်။  စစချင်းတုန်းက စခန်း ၆ ခုလို့ သိခဲ့ရပေမယ့် လက်ရှိ မြေပုံမှာ မြင်ရတဲ့ အနေအထားအရ စုစုပေါင်း ၁၆ ခုထိ ရှိနေပါပြီ။  လောလောဆယ် အနေအထားအရ သူတို့ တင့်ကားတွေကို နေရာအနှံ့ ဖြန့်ကောင်းဖြန့်ထားနိုင်ပါတယ်။ သို့သော် Camp တစ်ခုရဲ့ Base ကို သိထားရခြင်းဟာလည်း တကယ့်အရေးကြုံလာရင် အားသာချက် ဖြစ်လာနိုင်ပါတယ်။  နေပြည်တော်၊ ပျော်ဘွယ်၊ မိတ္ထီလာ နဲ့ အနည်းငယ်လှမ်းပေမယ့်၊ နက်မောက်၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး ၊ ၊ မကွေး တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။  ရွာမွန်ရွာနဲ့ အနီးဆုံးဖြစ်ပါတယ်။  ရန်ကုန် မန်းလေး အမြန်လမ်းမှ နေပြည်တော်ဘက်မရောက်မီ လမ်းခွဲကနေ သွားရင် အဲ့နေရာကိုရောက်နိုင်ပါတယ်။  အခု Google Earth ကနေ သွားကြည့်ပြီး တင်ထားတာပါ။  R2P နဲ့ သတ်ဆိုင်ရာ တော်လှန်ရေးသမားများအတွက်

US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်

Image
8 နာရီခွဲမှာ US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်ထားတာကို 9နာရီမှာရဲကားငါးစီးလောက်ကလာရပ်ပြီးယူသွားပါတယ်😠

စစ်ခွေးတွေအင်းစိန် ဖောကန်လမ်းတွေထဲရောက်နေ

Image
မှတ်တမ်းလေးတွေယူထားကြပါ ခဏနေလိုင်းပျက် တော့မယ် ဘေးကင်းကြပါစေ  အခုလက်ရှိနော် 12:01Am  ဂျပန်လမ်းလမ်းသွယ် မင်္ဂလာလမ်းလမ်းသွယ်  သူငယ်ချင်းအိမ်ရှေ့မှာနော် ၀င်နေတာမင်္ဂလာလမ်း ကလူတွေတောင်အခုထိမသိကြသေးဘူး နောက်ဆုံး ပုံမှာ Batch မြင်ရပါတယ်နော် တပ်မ၇၇ Line မပိတ်ခင်လူသိသွားအောင်လုပ်ပေးကြဦး  လိုင်းပိတ်ပီးသွားရင်ဘာလုပ်မလဲမသိဘူး လူစုပီးကြွသင့်ရင်ကြွပေးကြပါဦး Edited - အခုလမ်းလူကြီးနဲ့စကားပြောနေပါတယ်တဲ့ နောက်ဆုံးပုံ  UPDATED ပါ ပြန်၀င်လာပါတယ် ပထမတစ်ခေါက် ထပ်အင်အားပိုများပါတယ် 20ကျော်ပါတယ်တဲ့ လူဆွဲဖို့အတွက် 1ထိုးအောင်စောင့်နေတာထင်ပါတယ် Edit. ပိတောက်ရိပ်သာ၃လမ်းကိုဝင်နေပါပြီ ပြန်မထွက် လာသေးပါဘူး ကင်းသမားတွေသတိလေးထားပေးပါ Edit. မဂ်လာလမ်းထဲမာခွေးတွေရှိပါ​သေးတယ် Edit. မဂ်လာလမ်းမှာတော့ရှင်းသွားပါပီ အထက်မဂ်လာလမ်းကိုပြန်တတ်သွားပါတယ် ရဲမေတွေလည်းပါပါတယ် အင်အားများ (12:40) Edit. ဂျပန်လမ်းကနေ ဖော့ကန်ဘက်ထွက်လာပါပြီ ကား၃စီးတော့ ပြည်တော်သာဘက်တတ်သွားပါတယ် (12:50) Edit:ခွေးကားတွေအကုန်ပြည်တော်သာဘက်တတ်သွားပါပီ အရပ်ဝတ်တေနဲ့လူတွေတော့ ဖော့ကန်ဘက်လာနေပါတယ် ကိုယ့်လမ်းထဲကဘယ်သူတွေထွက်သွားလဲ  တချက်ကြည့်ပေးကြပါ (12:53) ဖော့ကန် ဂျပ

ပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိ

Image
မြန်မာ့ပုဂ္ဂလိကဘဏ်များကို စစ်အစိုးရမှ ပြည်သူပိုင်အဖြစ် သိမ်းယူနိုင်ဖွယ်ရှိတယ်လို့ အင်္ဂလန်ထုတ် Euromoney စီးပွားရေးမဂ္ဂဇင်းမှ ရေးသားလိုက်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ CEO အမေရိကန်လူမျိုး Michael Denoma ကိုလည်း ဆက်သွယ်လို့မရတဲ့အပြင် ရာထူးကနေ ဖေဖော်ဝါရီလကတည်းက နှုတ်ထွက်သွားပြီလို့လည်း သူ့ရဲ့ Linkedln profile မှာ အရင်တပတ်ကြာသာပတေးနေ့ကဖော်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်မှ ဝန်ထမ်းများသို့ မတ်၁၂ရက်နေ့က ဖြန့်ဝေတဲ့စာတစောင်မှာလည်း "ကမ္ဘောဇဘဏ်ဝန်ထမ်းတွေကသာ ဘဏ်ကိုပြန်မဖွင့်ဘူး ဆိုရင် အခြားအပြင်ကလူတွေ လာပြီး ဖွင့်မှာဖြစ်တဲ့အတွက် ပြန်လည်အလုပ်ဆင်းကြဖို့" တောင်းဆိုကြောင်း ရေးသားထားတာပါ။ credit https://www.euromoney.com/article/28b5xsh7e83kkutxsxmgw/banking/nationalization-looms-over-myanmars-banks-with-key-executive-out-of-contact?

မနက်က မိုးညှင်းမိုးဒါးစုတံတားအောက်မှာ ဝင်ပုန်းရင်း အပစ်ခံရတဲ့ကလေး ခုရင်ခွဲရုံမှာ

Image