ဗမာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေကို ပထမဆုံးထမ်းဆောင်သူဟာဗိုလ်ချူပ်အောင်ဆန်းပါ၊

ဘယ်လိုနည်းနဲ့မှသမိုင်းကိုပုံဖျက်လို့မရပါဖူး။မအလရူးသွားတာကိုဘောမတွေကအလိုက်အထိုက်ပဲမျက်လုံးမှိတ်လိုက်ကြပုံရတယ်၊ဝဇီပိတ်ကယတြာခြေခိုင်းပြန်ပြီလာ:မသိဖူး၊ နှစ်၈၀ အကြာမှာ မအလ က ဗိုလ်ချူပ်အောင်ဆန်းရုပ်ထုကိုစစ်သမိုင်းကဖယ်လိုက်ပေမယ့် https://my.m.wikipedia.org/ ကနေပါဖယ်နိုင်မှာလားစောင့်ကြည့်ရမှာပါ။


အခုနှစ်၈၀အကြာမှာသမိုင်းတကြော့ပြန်လည်ချေပြီ၊

မြန်မာ့ဖက်ဒရယ်အာမီကို မြန်မာနိုင်ငံရဲ့တောင်စွန်း

ကော့သောင်းအထိစီးနင်းရာလမ်းတလျောက်မှာဝင်

လာမယ့် G.ZY တွေနဲ့ ခေတ်သစ် ဘီအိုင်အေ ကို

လှိုက်လှဲစွာဖြင့် ကြိုဆိုအပ်ပါတယ်။

--------------------------------

ဘီအိုင်အေ ဖွဲ့တာ နှစ်၈၀ပြည့်

BIA ကို လမ်းတလျှောက် ဝင်လာတဲ့ အရပ်သားတွေနဲ့ ဖွဲ့

ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ အင်္ဂလိပ် အုပ်စိုးမှုကို တွန်းလှန်ဖို့ မြန်မာ လူငယ်တွေ ဖွဲ့ခဲ့တဲ့ ဘီအိုင်အေ ဗမာ့ လွတ်လပ်ရေး တပ်မတော် တည်ထောင်တာ နှစ်၈၀ပြည့်သွားပါပြီ။

၁၉၄၁ ဒီဇင်ဘာလ ၂၆ ရက်က ယိုးဒယား နိုင်ငံ ဘန်ကောက် မြို့တော်က ဘော်နီယို ကုမ္ပဏီ ရုံးမှာ ဗိုလ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော် သုံးကျိပ်နဲ့ ရှမ်းဗမာ လူငယ်တွေ လက်မောင်း သွေးဖောက် သစ္စာပြုပြီး တည်ထောင် ခဲ့တာပါ။ ရဲဘော် သုံးကျိပ်ကို ဂျပန် စစ်တပ်က လျှို့ဝှက် စစ်ပညာ သင်ပေးခဲ့ပြီး ဘီအိုင်အေ ဖွဲ့ချိန်မှာ ဗိုလ်မိုးကြိုး စတဲ့ ဂျပန် စစ်ဘက် အာဏာပိုင်တွေက အုပ်ချုပ် စွက်ဖက် ခဲ့ကြပါတယ်။


ဒီတုန်းက ပြည်တွင်းက လူငယ်တွေဟာ ဘီဘီစီ ဗီအိုအေ စတဲ့ ပြည်ပ အသံလွှင့် ဌာနတွေက ရတဲ့ စစ်သတင်း တွေကို အားကိုးပြီး စည်းရုံး လှုပ်ရှား ခဲ့ကြတယ်လို့ နယ်ချဲ့ ဆန့်ကျင်ရေးမှာ အထက် ဗမာပြည် နယ်မြေ ခေါင်းဆောင် တယောက် အနေနဲ့ ပါဝင်ခဲ့တဲ့ ပါလီမန် အတွင်းဝန်ဟောင်းနဲ့ NLD သဘာပတိ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောပြပါတယ်။

ဘီအိုင်အေဟာ ဂျပန်တပ်နဲ့အတူ ဝင်လာတဲ့ လမ်းကြောင်း တလျှောက်မှာ ပူးပေါင်း လာကြတဲ့ အရပ်သား တွေကို လေ့ကျင့် သင်ကြား ပေးတာနဲ့အတူ နယ်မြေ တည်ငြိမ်ရေးကို ဆောင်ရွက် ခဲ့ရတယ်၊ တိုင်းပြည် လွတ်လပ်ရေး အတွက် စိတ်ထက်သန် နေကြတဲ့ အချိန်မို့လို့ စည်းလုံး ညီညွတ် ခဲ့ကြတယ် လို့လဲ ဦးသန်းထွန်းက ဆိုပါတယ်။


လက်ရှိ မြန်မာ စစ်တပ် အနေအထား ကတော့ ၁၉၆၂ အာဏာ သိမ်းပြီး နောက် တပ်က အရပ် ကိစ္စမှာ ဝင်စွက် နေတဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး အခြေအနေ တွေကို မထိန်းသိမ်း နိုင်တဲ့ အထိ ဖြစ်ရတယ်လို့ ဦးသန်းထွန်းက ထောက်ပြပါတယ်။

ဒီအခြေအနေတွေက ပြုပြင်နိုင်ဖို့ ဖွဲ့စည်းပုံ ဥပဒေက 

စပြင်ဖို့ လိုပြီး တပ်က တိုင်းပြည် ကာကွယ်ရေးမှာပဲ 

ပါသင့်တယ်လို့ ဝေဖန်ချက် ပေးပါတယ်။

https://www.bbc.com/burmese/burma/2012/12/121225_bia71



Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "