ဦးခေါင်းကို အပစ်ခံရနိုင်ကြောင်း စစ်ကောင်စီက အပြင်းထန်ဆုံးခြိမ်းခြောက်

အာဏာသိမ်းစစ်ကောင်လက်ချက်ကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃၀၀ ကျော် သေဆုံးပြီးဖြစ် သော်လည်း ဦးခေါင်းနောက်စေ့နှင့် နောက်ကျောကို ဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု စစ်ကောင်စီက ယနေ့ (မတ် ၂၆) ညပိုင်းတွင် အပြင်းထန်ဆုံးခြိမ်းခြောက်လိုက်သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာ့ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ခဲ့သော ‘မြန်မာလူငယ် မျိုးဆက်သစ်အပေါင်းတို့’ ဆိုသော ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဗြောင်ကျကျ သတိပေး ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး မရှုမလှသေခဲ့ရသည်များကို သင်ခန်းစာယူစေလိုသည်ဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

လူငယ်အချို့သည် နယ်ချဲ့လက်ပါးစေ၏ သွေးဆောင်ဖျားယောင်းမှုကို နားယောင်နေသည်ဟုလည်း အာဏာသိမ်းစစ်ကောင်စီက မရှက်မကြောက်စွပ်စွဲလိုက်သည့်အပြင် မိဘများအနေဖြင့် ကြိုတင် တားဆီးစေလိုကြောင်းလည်း ခြိမ်းခြောက်ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်ကောင်စီလက်နက်ကိုင်များ၏ လူမဆန်စွာသော ပစ်ခတ်နှိမ်နင်းမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အများစုမှာ အသက် ၂၀ အရွယ် လူငယ်လူရွယ်များဖြစ်ပြီး၊ အသက်မပြည့်သေးသူ ကလေးငယ် ၂၀ ခန့်ကို လည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ ၉၀ ရာခိုင်နှုန်းကျော်မှာ အသေပစ်သတ် ခံရခြင်းဖြစ်ပြီး လေးပုံတစ်ပုံကျော်မှာ ဦးခေါင်းကို ထိမှန်အောင်ပစ်ခံရခြင်းဖြစ်ကာ ရည်ရွယ်ချက်ရှိရှိ ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဆိုသော သံသယဖြစ်ဖွယ်ရာများ မြင့်တက်လျက်ရှိသည်ဟု ပြည်တွင်းပြည်ပ ထုတ်ပြန်ချက်များကို ကိုးကားတွက်ချက်ကာ Reuters သတင်းဌာနက ယနေ့ နံနက်ပိုင်းတွင်း ရေးသားထား သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ယနေ့ညထုတ်ပြန်ချက်အရ ဖေဖော် ဝါရီ ၁ ရက်နေ့မှ ယနေ့ (မတ် ၂၆) အထိ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကြောင့် အရပ်သား ပြည်သူ ၃၂၈ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။

https://www.myanmar-now.org/

Comments

Popular posts from this blog

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်