ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ
တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ 3 Nov 2021 By MPA အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။ "သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။ မအေးနန္ဒာစိုးသည်