နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁ 

ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။ 

 ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း၊  မြန်မာစစ်တပ်၏ စက်ဆုပ်ရွံရှာဖွယ်တိုက်ခိုက်မှုများက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် စစ်တပ်ကိုလက်နက်များလွှဲပြောင်းပေးနေမှုပိတ်ပင်တားဆီခြင်းအပါအဝင် ကမ်းကုန်အောင်ရိုင်းစိုင်းသည့် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် အမြန်ဆုံးအရေးယူရန်လိုအပ်နေသည့်ကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် နိုင်ငံအတွင်းနေရာအများအပြား၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးအရှိန်မြှင့်တင်နေခြင်းနှင့်ပတ်သက်၍လည်း မိမိတို့များစွာစိုးရိမ်မိကြောင်း၊ အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကိုအားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေး ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်အာဏာရှင်ကိုတောင်းဆိုသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

စစ်အာဏာရှင်က မြန်မာပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့်၊ ဆက်လက်ကျူးလွန်နေသည့် ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် အမေရိကန်က ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပြန်လည်ဖော်ဆောင်ရေးနှင့် အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုး ပ
မ်းဆောင်ရွက်နေကြသူအားလုံးကို မိမိတို့ဆက်လက်ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ပြောဆိုသည်။

ခေတ်သစ်မီဒီယာ

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်