Posts

တန့်ဆည်မြို့ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏နေအိမ်များကို စစ်ကောင်စီသိမ်းဆည်း

Image
တန့်ဆည် - နိုဝင်ဘာ ၃၊ ၂၀၂၁။ The 74 Media  စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ်ကို နိုဝင်ဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။   တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ ဦးကျော်ရွှေနှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း တို့၏ နေအိမ်များကို စစ်ကောင်စီတပ်များက နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်းမည်ဟု ရေးသားထားသော ဗီနိုင်းအနီ လာရောက်ချိတ်ဆွဲသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “တနေ့က တိုင်းဒေသကြီးအမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် နေအိမ် ချိတ်ပိတ်တယ်။ မနေ့က ၄ နာရီ ကျော်လောက်က တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကို လာချိတ်ပိတ်သွားတာ။” ဟုသူကပြောသည်။ တန့်ဆည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၏ နေအိမ်၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းတို့၏ အောင်တံခွန် ကိုယ်ပိုင်

စစ်ကောင်စီစစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူ ပစ်သတ်အလောင်းဖျောက်ခံရ

Image
ကသာ  -  နိုဝင်ဘာ   ၄၊   ၂၀၂၁။ The 74 Media  394x295 ( ကသာ - နိုဝင်ဘာ ၄၊ ၂၀၂၁။  The 74 Media စစ်ကောင်စီစစ်ကြောင်းက လမ်းပြခေါ်ဆောင်သွားသူ စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတားလေးကျေးရွာက ဒေသခံပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နိုဝင်ဘာ ၃ ရက် မွန်းလွှဲ ၁ နာရီဝန်းကျင်ခန့်က သေနတ်ဖြင့်ပစ်သတ်အလောင်းဖျောက်ခဲ့ကြောင်း သိရသည်။  အသတ်ခံရသည့်အမျိုးသားသည် ယာခင်း လုပ်ကိုင်နေသည့် အသက် ၃၉ နှစ်အရွယ် ကိုအောင်အောင်ဟုခေါ်သည့် ကိုငယ်လေးဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပစ်သတ်ကာ မြေမြှုပ်ခဲ့သည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။   “စကစဘက်က ခေါ်သွားပြီး အသက်ခံရတာပါ။ နဖူးကျည်ဒါဏ်ရာနဲ့ သေဆုံးနေပြီး အလောင်းကိုလည်း မြေမြှုပ်ခဲ့တယ်။ မိန်းမ ဖြစ်သူက လိုက်ရှာရင်း မြေစာပုံအနီးမှာ အမြဲတမ်း ဆောင်းတဲ့ဦးထုပ်တွေ့လို့ တူးကြည့်မှ အလောင်းကိုတွေ့တာပါ” ဟုပြောသည်။   ကိုငယ်လေး၏ အမျိုးသမီးသည် စစ်ကောင်စီတပ်အားတွေ့သောကြောင့် တိမ်းရှောင်နေသဖြင့် လွတ်မြောက်ခဲ့သည်ဟု သူက ဆက်ပြောသည်။  စစ်ကောင်စီစစ်ကြောင်းသည် ကိုအောင်အောင်တို့၏ ယာခင်းမှ လူနေတဲနှင့်

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား”

"မရမ်းကုန်းတွင် လမ်းလျှောက်ထွက်သည့် ဇနီးမောင်နှံကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှား” နိုဝင်ဘာ ၄၊ ၂၀၂၁ (TRN) မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့်ဇနီးမောင်နှံကို စီစစ်ဆဲသေနတ်သမားကနိုဝင်ဘာလ ၄ ရက်နံနက် ၇း၃၀ နာရီအချိန်တွင်ပစ်ခတ်ခဲ့သဖြင့် ခင်ပွန်းဖြစ်သူသေဆုံးပြီး ဇနီးဖြစ်သူပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဦးသိန်းအောင်နှင့် ဇနီးဒေါ်သိမ့်အောင်သူတို့သည်လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်နေသော သေနတ်သမားကပစ်ခတ်ရာ ဦးသိန်းအောင်မှာကျည်ထိမှန်ဒဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျည်ထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။ သေဆုံးသွားသူဦးသိန်းအောင်သည်Mytel  ရဲ့အဓိက အရေးပါတဲ့နေရာမှာ ပါဝင်သူဖြစ်ပါသည်။ဗိုလ်မှူးသိန်းအောင်(ရေ-ငြိမ်း) DSA 28intake (ဇနီးDrသိမ့်အောင်သူ)သည် အရင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)ရဲ့ ကိုယ်ရံတော်ကိုယ်ရေးအရာရှိဖြစ်ပြီး လက်ရှိကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင်(ဦးအောင်သောင်းသား)နှင့်အလွန်ရင်းနှီးတဲ့အပတ်စဉ်တူ သူငယ်ချင်းဖြစ်ပါတယ်။

အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ

Image
A Twist in the tale ****************** အာဏာသိမ်း အဖွဲ့ ၏ ဒုခေါင်းဆောင် စိုးဝင်းမှ ၎င်းအား တက်ရောက် ခွင့် ပေးခဲ့သော အာဆီယံ စာရင်း စစ်ချုပ် များ ၏ အွန်လိုင်း တွေ့ဆုံပွဲတွင် ဧပြီလ အတွင်း အာဆီယံ အချက် ငါးချက်အပေါ် မင်းအောင်လှိုင် သဘောတူ ညီခဲ့မှုသည် ပြည်တွင်း ရေး အနေအထား ပေါ် မူတည်၍သာ အကောင်အထည် ဖေါ်မည်ဟု ဆိုလိုခြင်း ဖြစ်‌ ကြောင်း ပြောဆိုပြီး အာဆီယံ အထူး သံတမန်၏ ပြည်ဝင်ခွင့်ကို ထပ်မံ ပယ်ချကာ အာခံလိုက်ပြီ ဖြစ်သည်။ ဤသည်ကို ကြည့်လျှင် အစည်းအဝေး တက်ပြီး လူလုံးပြချင်ဇော အားကြီးစွာဖြင့် သွား‌ရောက်ခဲ့‌သည့် မင်းအောင် လှိုင်သည် မည်သို့မျှ မငြင်းသာတော့ဘဲ သဘောတူခဲ့ရ‌သော်လည်း ပြန်ရောက်လျှင် ရောက်ခြင်း သူ့ထက် သဘောထား ပြင်းထန်သည့် စစ်အုပ်စု မှ စိုးဝင်း ဦးဆောင်သော အဖွဲ့၏ အပြင်းအထန် ဆန့်ကျင် ခြင်းကို ခံခဲ့ရသည်ဟု ယူဆစရာ ဖြစ်လာသည်။ ဤသို့ဖြင့် မင်းအောင်လှိုင်၏ ကိုးပြည်ထောင် မင်းတို့ ရှေ့ ၌ပေးခဲ့သော ကတိမှာ အလကား ဖြစ်သွားခဲ့ရသည်။ ထို့‌နောက်ပိုင်း မင်းအောင်လှိုင်၏ အပြောအဆိုများသည် မူမှန် ခြင်း မရှိတော့သည့်အဖြစ်ကို အားလုံးက သတိထားမိလာကြသည်။ ရာဇဝတ်မှု ဖြင့် စွပ်စွဲခံရသူကို ပြည်ပ မှ ပုဂ္ဂိုလ် တဦးဦး နှင့် တွေ့ခွင့်

မြန်မာပြည်ကိုသတိရတဲ့အခါ

ထန်တလန်မြို့ကိုမီးဘယ်သူရှို့တာလဲဆိုတာအားလုံးအသိ''

Image
ထန်တလန်မီးလောင်နေစဉ် အေးအေးဆေးဆေးဓါတ်ပုံအရိုက်ခံနေသည့်စစ်ကောင်စီတပ်မှစစ်သား ထန်တလန်၊ နိုဝင်ဘာ-၃ ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် နေ့ကဖြစ်ပွားခဲ့သည့် မီးလောင်နေသည့်မြင်ကွင်းကို ခလရ (၂၂၂ ) တပ်ရင်းဟုယူဆရသည့်တပ်မှ စစ်သားတစ်ဦးက  စိတ်အေးလက်အေးကြည့်ရှု့နေပုံနှင့် အလှရိုက်ကူးသည့်ဓါတ်ပုံများပေါ်ထွက်လာခဲ့သည်။    စစ်ကောင်စီတပ်အသိုင်းအဝိုင်းမှထွက်လာသော အဆိုပါဓါတ်ပုံများကို ထန်တလန်မြို့အဝင်ဘုန်းကြီးကျောင်းအောက်ဘက်နှင့်တပ်စခန်းအနီးရှိဗျူးပွိုင့်မှရိုက်ကူးထားသည့်ပုံများဖြစ်ကြောင်းသိရသည်။ ရာထူးအဆင့်ကိုဖော်ပြသောတံဆိပ်များတပ်ဆင်ထားခြင်းမရှိသော်လည်း ယခုကဲ့သို့ဝတ်စားပုံမှာ အရာရှိအဆင့်ဖြစ်သည်ဟု ထန်တလန်ဒေသခံအများက  ယုံကြည်နေကြသည်။   \"\"စစ်ကောင်စီတပ်တွေကပြောတာ PDF တွေကမီးရှို့ခဲ့တယ်။ မီးငြိမ်းဖို့လာတဲ့စစ်သားတွေကိုအိမ်တွေထဲကနေ ချောင်းပစ်တယ်။ထန်တလန်နှင့်ဟားခါးအကြားသီးရ်မြစ်တံတားကိုဖျက်ဆီးခဲ့ကြလို့မီးသတ်ကားမလာနိုင်ဘူးအမျိုးမျိုးပြောတယ်။ဒါပေမယ့် သူတို့မှာသက်သေပြစရာမရှိဘူး။အခုဒီပုံတွေကိုကြည့်ပါ ။တစ်မြို့လုံးနီးပါးမီးဟုန်းဟုန်းတောက်နေတာမြင်ရတဲ့အနေအထားကို အရာရှိတစ်ယောက်ကအေးအေးဆေ

ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ

Image
  တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုး ပျောက်ဆုံးနေ 3 Nov 2021 By MPA အကြမ်းဖက်စစ်တပ်က စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်သူ မအေးနန္ဒစိုးကို  စစ်ကိုင်းတိုင်း အတွင်းရှိ တပ်မ ၃၃ သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် တစ်လခွဲခန့် ကြာသည်အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ မအေးန္ဒာစိုးကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးပြီးနောက် တပ်မ၃၃သို့ ပို့ဆောင်လိုက် ကြောင်း နောက်ဆုံးသိရှိရပြီး လက်ရှိအချိန်အထိ သူမမည်သည့်နေရာ၌‌ ရှိနေသည်ကို သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။ "သူက အမျိုးသမီးဆိုပေမယ့် ရဲရင့်တဲ့တက်ကြွတဲ့ စိတ်လည်း ရှိတယ်။ မဟုတ်မခံပုံစံမျိုးလည်း ရှိတော့ ပိုပြီးတော့ စစ်ကြောရေးမှာ စိုးရိမ်တယ်။ အခုလိုအချိန်ထိ အဆက်အသွယ်မရတာ တော်တော်အန္တရာယ်များတဲ့ အခြေအနေတစ်ခု ထိရောက်နေပြီဗျ" ဟု ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။  မအေးနန္ဒစိုးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)၏ အဖွဲ့ဝင်လည်းဖြစ်သည်။ မအေးနန္ဒာစိုးသည်

အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်

Image
မြန်မာစစ်တပ်နှင့် နီးစပ်ပြီး စစ်လက်နက် တင်သွင်းပေးခြင်းအပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်ခွင့် ရရှိကြသည့် အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းရှင်များထဲ Suntac ကုမ္ပဏီအုပ်စု၏ ဦးဆောင်သူ ဦးစစ်တိုင်းအောင် တယောက်လည်း အပါအဝင် ဖြစ်သည်။ သူသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးသော ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ ဦးအောင်လှိုင်ဦး (Myanmar Chemical & Machinery-MCM) နှင့် ဒေါက်တာနိုင်ထွဋ်အောင် (International Gateway Group of Company Limited) တို့နှင့် ရင်းနှီးမှုရှိသလို မြန်မာစစ်တပ် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များနှင့်လည်း နီးစပ် မှုရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တချို့ က ဆိုသည်။ သာမဏေကျော် စာတော်ပြန်ပွဲ ကဲ့သို့သော သာသနာရေးကိစ္စများနှင့် ပတ်သက်ကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဦးစစ်တိုင်းအောင်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်ကြောင်း သိရသည်။ ယခင်စစ်အစိုးရ နိုင်တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဦးသန်းရွှေ လက်ထက်တွင် သစ်တောဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သော ဦးအောင်ဖုန်းသည် ဦးစစ်တိုင်းအောင်၏ ဖခင် ဖြစ်သည်။ ယခင်စစ်အစိုးရ နိုင်တော

ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂

Image
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။  . ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။  . သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။  . ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။  . အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏

အာဏသိမ်းမှု ကြံရာပါများနှင့် အချက်အလက်များ

Image
သူ့ချည်းပဲလော၊ ချဉ်ဖတ်နဲ့ပါဖုရား  သရဝဏ်(ပြည်) "မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ" "မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ" "မင်းအောင်လှိုင်သေမှအေးမှာ" "အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး၊ နီးရာဓားကြောက်လို့ဝင်ပါနေရတာ" စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အဝမမှန်ပါ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည်။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည်။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်း ထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ။  အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရာထူးနှင့် အာဏာအကြီးကြီးရယူခဲ့သူ စစ်ဗိုလ်ချုပ်များအားလုံး အတူတူနဲ့အနူနူ အားလုံး ပုလင်းတူဗူးဆို့ ပါဝင်ခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးအကြီးကြီးများရယူခဲ့ကြသော သမ္မတ၊ ဒုသမ္မတများအားလုံး၊ ဦးသိန်းစိန်လက်ထက် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၁၄ ယောက်၊ ဦးသိန်းစိန်လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးအားလုံး၊ ဗိုလ်ချုပ်၊ ဒုတိယဗို