Posts

​မူးယစ်ဆေးဝါးများကို ပို့ခယူပြီးနေပြည်တော်သယ်လာသော ဗိုလ်မှူးနှင့်ဗိုလ်ကြီးလမ်းတွင် ဖမ်းဆီးခံရ

Image
—People's Spring စစ်ကောင်စီတပ်မှ ဗိုလ်မှုးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့က ရှမ်းပြည်နယ်ဘက်မှ မူးယစ်ကုန်သည်တစ်ဦးထံမှ  စိတ်ကြွဆေးပြား၁၀သိန်းနီးပါးကိုအခကြေးငွေယူ၍  နေပြည်တော်သို့ပို့ဆောင်ပေးရန် ကြိုးစားစဉ် လမ်းခုလတ်၌ စစ်ကောင်စီတပ်ဖွဲ့ချင်း ဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီ၏လေကြောင်းရန်ကာကွယ်ရေးတပ်၊တပ်ကုန်းမှ ဗိုလ်မှူးစံမင်းထွန်း (ကြည်း ၄၀၄၉၃)နှင့် ဗိုလ်ကြီး ကျော်ပြည့်ဖြိုး (ကြည်း ၅၆၁၅၇)ကို ပင်လောင်း- နေပြည်တော်သွားကားလမ်း လိန်းလီကြိုးတံတားထိပ်တွင်  Honda Fit ယာဉ်နံမှတ် 1K-8755 ကားဖြင့် ကားနောက်ခန်းနှင့်အလယ်ထိုင်ခုံကြားတွင် စက္ကူဂျပ်ဖာဖြင့်သယ်ဆောင်လာသောW နင့် R စာတမ်းပါ ပန်ရောင်စီတ်ကြွဆေးပြား ၁၀ သိန်း ကာလတန်ဖိုး ကျပ် ၄၉၀၀ ရှိသောဆေးပြားများကိုဖမ်းမိခြင်းဖြစ်သည်။ " စံမင်းထွန်းနဲ့  ကျော်ပြည့်ဖြိုးက စိတ်ကြွဆေးပြား ဆယ်သိန်းကို ကားနဲ့သယ်လာတာ။ဖမ်းမိတဲ့နောက် ရေတွက်ရင်း ပျက်တာ ဘာညာနဲ့ ကိုးသိန်ရှစ်သောင်းပြတာ။ဒီကောင်တွေ သိန်း၅၀နဲ့ နေပြည်တော်အရောက်သယ်ပေးတာ" ဟု စစ်ကောင်စီဘက်က သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ဖေဖော်ဝါရီ ၂၅ရက်နေ့လယ်က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အခင်းဖြစ်စဉ် မြေပြင်အခြေအနေကို စစ်ကောင်စီမှ

ပူတင်က nuclear တပ်စုများအား alert လုပ်ထား

Image
​ Breaking News  ပူတင်က nuclear တပ်စုများအား alert လုပ်ထားဖို့ ရုရှ ကာကွယ်ရေးဝန်​ကြီးချုပ်နဲ့ စစ်ဉီးစီးချုပ်တို့ကို အရေးပေါ်အခြေအနေအဖြစ် ပြင်ဆင်ခိုင်းထား ။ ယခု ပြသနာမှာပါဝင်ပက်သတ်နေတဲ့ နိင်ငံတွေကို အပြင်းအထန်လက် တုန့်ပြန်သွားမယ်လို့ပြောကာ sanction ပိတ်ခံရလို့ ဒေါသထွက်နေပါတယ် ။ (အရှင်ကုသလ)

မည်သူမဆို ပူတင်ရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် ပါဝင်နိုင်တယ်

Image
​ ဒိန်းမတ်  ဝန်ကြီးချုပ်က ယူကရိန်းနွယ်ဖွား  ဒိန်းမတ်နိုင်ငံသားများသာမက အခြားမည်သူမဆို ယူကရိန်းရှိ ပူတင်ရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် နိုင်ငံတကာတပ်မဟာများမှာ  ပါဝင်နိုင်တယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ စာရင်းများအရ ဒိန်းမတ်နိုင်ငံမှာ ယူကရိန်းနွယ်ဖွား တစ်သောင်းနှစ်ထောင်ကျော်ရှိပါတယ်။ ယူကရိန်းနွယ်ဖွားတွေဟာ ကမ္ဘာအနှံ့မှာ ပြန့်နှံ့နေထိုင်လျှက်ရှိပါတယ်။ ရုရှားမှာ ၃ သန်း ၂ သိန်းကျော် ကနေဒါမှာ ၁ သန်း ၃ သိန်းကျော် ပိုလန်မှာ ၁ သန်း ၃ သိန်းကျော် ယူအက်စ်မှာ ၁ သန်းကျော် ဘရာဇီးမှာ ၁ သန်းဝန်းကျင် ကာဇက်စတန်မှာ ၃ သိန်းကျော် ဂျာမဏီမှာ ၃ သိန်းကျော် အာဂျင်တီးနားမှာ ၃ သိန်းကျော် အီတလီမှာ ၂ သိန်းကျော် ပြင်သစ်မှာ ၂ သိန်းကျော် စသဖြင့် အသီးသီးရှိနေကြပါတယ်။ ဩဇီမှာတောင် ၄ သောင်းဝန်းကျင် ရှိပါသတဲ့။ မြန်မာ့နွေဦးတော်လှန်ရေးကလည်း ယူကရိန်းပြည်သူများကို  သွားရောက်ကူညီခွင့်ရရင် တွေးမိတာပါ။ စစ်ရေးအတွေ့အကြုံရမယ် ပုခုံးထမ်းတင့်ဖျက်ဒုံး Javelin နဲ့ ပုခုံးထမ်း လေယာဉ်ပစ် FIM-92 Stinger ဆယ်လက်စီလောက် လက်ဆောင် ပြန်‌ရလိုက်ရင်တော့ ဒီမှာ ပွဲပြတ်ပြီပဲ။ (ကိုရင်သောင်းဒန်) https://english.alarabiya.net/News/world/2022/02

တရုတ်သမ္မတ ရှီကျင့်ဖျင်၏သမီး အမေရိကတွင် နေထိုင်နေဟုဆို

Image
​ 26-February-2022 တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တစ်ဦးတည်းသောသမီး ရှီမင်းကျိသည် အမေရိကတွင် နေထိုင်နေကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် ဗစ်ကီဟတ်ဇလာက ပြောကြား သည်။ ဟတ်ဇလာသည် "တရုတ်ကွန်မြူနစ်ပါတီဝင်များအား အဆင့်မြင့်ပညာသင်ယူခွင့်တားမြစ်သည့်အက်ဥပဒေ" ကို မိတ်ဆက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒုတိယအာဏာအရှိဆုံးခေါင်းဆောင်၏ တစ်ဦးတည်းသော ကလေးသည် အမေရိကတွင်နေထိုင်ကြောင်း ဟတ်ဇလာက ထုတ်ဖော်ပြောခဲ့သည်ဟု အမေရိကန်ရှိ တရုတ်မျက်မှောက်ရေးရာဝေဖန်ရေးဆရာတစ်ဦးက ၎င်း၏ YouTube ချန်နယ်တွင် ဖေဖော်ဝါရီ ၂၀ ရက်က တင်ခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သူ၏ဒုတိယဇနီး နာမည်ကျော်ရိုးရာအဆိုတော် ဖန်လီယွမ်တို့၏ သမီးအကြောင်းကို အခြေခံအချက်အလက်အနည်းငယ်မှလွဲ၍ သိရှိသူများစွာ မရှိပေ။ အမေရိကန် အထက်လွှတ်တော်အမတ်၏ ဥပဒေမူကြမ်းသည် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်တွင် တာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကျောင်းသား သို့မဟုတ် သုတေသနဗီဇာများ ထုတ်ပေးခြင်းကို တားမြစ်မည်ဖြစ်သည်။ ရှီ၏သမီးသည် တရုတ်နိုင်ငံတွင် ၅ နှစ်ကြာနေထိုင်ပြီးနောက် အမေရိကန်သို့ ပြန်လာခဲ့ကြောင်း ဝေဖန်ရေးဆရာက ၂၀၁၉ ခုနှစ်တွင် ပြော

​ကံဆုံခြင်း

Image
ဖွဲ့ဖြိုးဆဲ ယူကရိန်းနိုင်ငံကို ကမ္ဘာ့ စစ်အင်အား ကြီး   ရရှားနိုင်ငံက  အကြောင်းမဲ့   ဝင်ရောက် တိုက်ခိုက်တယ် ။ ယူကရိန်း  ပြည်သူများ  စစ် ဘေးသင့် ဘဝကို   ချက်ချင်း  ကျရောက်သွား ကြတယ် ။  အမေရိကန်အပါအဝင်   ဥရောပနိုင်ငံတို့မှ ယူ ကရိန်း  ပြည်သူများကို အင်တိုက်  အားတိုက်  ကူညီနေကြပါတယ် ။ ယူကရိန်းတို့လည်း စစ် ဖြစ်မှပဲ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်ကို ရောက်တော့ တယ်လို့ ပြောရမလို ဖြစ်နေတယ် ။ ယူကရိန်း ကိုကြည့်ပြီး ငါတို့လည်း အဲသလို အကူအညီ မျိုးကို ရလျှင်ကောင်းမှာဘဲဟု မျှော်လင့်မိပါ တယ် ။ တောင့်တမိပါတယ် ။  သို့ပေသည့်   ယူကရိန်းနှင့်  မြန်မာ မတူတဲ့ အ ကြောင်းတွေကလည်း   မနည်းမနောပါဘဲ ။  ယူကရိန်းသည် တရားဝင်  အစိုးရဖြစ်တယ် ။  အိမ်နီးချင်းကောင်း နိုင်ငံများရှိတယ် ။  သမတနှင့် သမတ ကတော်တို့ကလည်း  သေ လျှင်မြေကြီး ၊ ရှင်လျှင်ရွှေထီး စိတ်ဓာတ်  အ ပြည့်နှင့် ဦးဆောင်နေကြတယ် ။ ထွက်ပြေး စ ကား လုံးဝမပြောဘူး ။ သမတ၏ ရှေ့နောက် ဝဲ ယာတို့မှာ ယူကရိန်းပြည်သူတွေ  တန်းစီနေ ကြတယ် ။ ပြည်ပရောက် ယူကရိန်းသားတွေ ကလည်း အပြေးအလွှားပြန်ကြပြီး တန်းစီနေ ကြတယ် ။ သူတို့နိုင်ငံကို   အပြောမဟုတ် တ ကယ် ချစ်ကြတဲ့    သူတွေ ဖြစ်တယ် ။ ခေါင်း ဆောင်

ဖမ်းမိထားတဲ့ ရုရှားစစ်သား ၂၀၀ လောက်ရှိနေပြီ

Image
​ ယူကရိန်း-ရုရှားစစ်ပွဲနောက်ဆုံးရသတင်းများ (၂၄) -  ဖမ်းမိထားတဲ့ ရုရှားစစ်သား ၂၀၀ လောက်ရှိနေပြီလို့ ယူကရိန်းဗိုလ်ချုပ်ပြော ------------------------------------------ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂ သတင်း ကိုကိုလေး မနေ့ညက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင် "ကျွန်တော်တို့ ရုရှားစစ်သား အယောက် ၂၀၀ လောက်ဖမ်းမိထားပါတယ်။ အဲ့ထဲက တစ်ချို့စစ်သားတွေဟာ အသက် ၁၉ နှစ်ပယ်ရှိသေးတယ်။ ဘာမှသေခြာလေ့ကျင့်ပြင်ဆင်ထားတဲ့သူတွေ မဟုတ်ဘူး။ ဒီအတိုင်း သေနက်ပေးလိုက်ပြီး တိုက်ခိုင်းလိုက်တာ။ သူတို့ကို လာခေါ်ဖို့ သူတို့ မိဘတွေဆီအကြောင်းကြားခွင့်ပေးထားပါတယ်။ စစ်သုံပမ်းအားလုံးကို အစာရေစာပေးထားပြီး ဂျီနီဖာစာချုပ်အတိုင်း နိုင်ငံတကာဥပဒေနဲ့ အညီကောင်းမွန်စွာထား ထားပါတယ်"လို့ ယူကရိန်းဗိုလ်ချုပ် ဘောရစ် ခရာမန်နော့စကီးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။ Source - CNN ဘာသာပြန် - David #NewsWaves #NLO#

ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတ

Image
​ ရက်ပိုင်းအတွင်း အလွယ်တကူ သိမ်းပိုက်နိုင်မယ်လို့ ရုရှားဘက်က ကြိုတင်တွက်ဆခဲ့တဲ့ ယူကရိန်းမြို့တော် ကီယက်ဗ်နဲ့ တခြားမြို့ကြီးတွေဟာ ထူးချွန်ပြောင်မြောက်ပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယူကရိန်းတပ်ဖွဲနဲ့ ပြည်သူတွေရဲ့ ရွပ်ရွပ်ချွံချွံ ခုခံမှုတွေကြောင့်သာမက ကျူးကျော်သူ ရုရှားတပ်ဖွဲ့တွေရဲ့ ဗျူဟာအားနည်းချွတ်ယွင်းချက်၊ နယ်မြေမကျွမ်းကျင်မှု၊ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခြင်း၊ ထောက်ပို့ကွင်းဆက် ပြတ်တောက်ခြင်း၊ ဆန္ဒမပါဘဲ အမိန့်အရ ဆောင်ရွက်ရတာဖြစ်လို့ ခံယူချက်၊ စိတ်အားထက်သန်မှု ကင်းမဲ့ခြင်း၊ ထောက်လှမ်းရေးသတင်းအချက်အလက် မှားယွင်းအားနည်းမှုကြောင့် ပစ်မှတ်တွေ လွဲချော်ခြင်းနဲ့ ရှာမတွေ့ခြင်း စတာတွေကြောင့်ပါ စစ်ပွဲစတင်ပြီး လေးရက်ကျော်လာသည်အထိ အရေးပါတဲ့ နေရာဒေသ၊ မြို့ကြီးနဲ့ လေယာဉ်ကွင်း တစ်ခုတစ်လေကိုမျှ သိမ်းပိုက်နိင်စွမ်း မရှိဘဲ ထိခိုက်ကျဆုံးမှုတွေ များပြားလျက် ရှိနေပါတယ်။  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ကမ္ဘာကို လက်တွေ့သက်သေပြနိုင်ခဲ့တဲ့ ယူကရိန်းရဲ့ အရပ်သားသမ္မတဟာလည်း မြို့တော်ကနေ တစ်ဖဝါးမှ မခွာတဲ့အပြင် ဗုံးခိုကျင်းလို လုံခြုံရာမှာ ပုန်းအောင်းနေခြင်းမရှိဘဲ တစ်နိုင်ငံလုံးအတွက် စံနမူနာအဖြစ် ဆန့်ကျင်ခုခံကာက

​“ ပူတင်နူကလီးယားလက်နက်သုံးတော့မှာလား “?

Image
သမာရိုးကျလက်နက်များနှင့်ရေရှည်မှာသူရှုံးတော့မှာသူသိပြီ၊ ရုရှားစီးပွါးရေးလည်းမကြာခင်ပြိုတော့မယ်။ နေတိုးအဖွဲ့ရဲ့ယူကရိန်းကိုစစ်ရေးထောက်ပံ့မှုများနှင့်ရုရှားကိုပြင်းထန်စွာစီးပွါးရေးပိတ်ဆို့မှုတို့ကြောင့် ပူတင်နူကလိယား တပ််များကိုအထူးအသင့်အနေအထားတပ်လှန့်ထားဖို့အမိန့်ပေးလိုက်ပြီ။ 👇👇👇👇👇👇👇 မော်စကို- ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ခေါင်းဆောင်များနှင့် မော်စကိုအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကိုးကား၍ နျူလက်နက်များပါဝင်သည့် ယူနစ်များကို ရည်ညွှန်းသည့် ရုရှား၏နူကလိယားတပ်ဖွဲ့များကို တပ်လှန့်ထားရန် အမိန့်ပေးခဲ့သည်။ "မြင်တဲ့အတိုင်းပဲ အနောက်နိုင်ငံတွေက စီးပွားရေးအရ ကျွန်တော်တို့နိုင်ငံအပေါ် ဖော်ရွေမှုမရှိတဲ့ အစီအမံတွေ လုပ်ရုံမကဘူး၊ လူတိုင်းသိတဲ့ တရားမ၀င် ပိတ်ဆို့အရေးယူမှုတွေကို ဆိုလိုတာပါ- နေတိုးထိပ်သီးနိုင်ငံတွေရဲ့ ထိပ်တန်းအရာရှိတွေက သူတို့ကိုယ်သူတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခွင့်ရှိပါတယ်။ ငါတို့နိုင်ငံနဲ့ ပတ်သက်တယ်” ဟု ပူတင်က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။ သက်ဇော် MOSCOW: Russian President Vladimir Putin ordered his military com

ကျမလည်း ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။

Image
​ ကျမကိုလည်း ကာယကံရှင်တွေ က ဒီအမှု လာတိုင်လို့ လိုက်နေတာကြာပါပြီ။ ကိုယ်နဲ့နီးစပ်တဲ့ fundraiser တွေကိုတော့ မလှူဖို့ပြောထားပါတယ်။ Edit အမှု က စစ်ဆေးဆဲ ကာလဖြစ်လို့ တင်ထားရတာပါ။ စုံစမ်းစစ်ဆေးမှုပြီးလို့ အမှုမှန်ပေါ်ပေါက်သွားရင်တော့ ပြန်အားပေးနိုင်ပါတယ်…… အိသဉ္ဇာမောင်

မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ

Image
​ ပူတင်း ​တစ်​ယောက်​တော့ ကိုယ့်​ ဒေါသနဲ့ ကိုယ်  ဖြစ်​နေရပါပြီ။ မလုပ်ရဲဘူး မထင်နဲ့ ဆိုပြီး အ​မေရိကန် နဲ့​ နေတိုးကို ထဖြဲ ပြီး ယူကရိန်းကို ဝင်သိမ်းလိုက်တာ ခု​တော့ ဟပြဲကြီး ဖြစ်​နေရပါပြီ။ အ​မေရိကန်နဲ့ EU က စစ်ပွဲထဲ ဝင်မတိုးပဲ ရုရှဘဏ်​တွေကို ​ငွေလွှဲ​ငွေထုတ်လို့မရအောင် SWIFT  Code စနစ်ကို အသုံးပြုလို့မရ​အောင် ပိတ်ပစ်လိုက်ပြီး ရုရှ ရဲ့စီးပွား​ရေးကို ဖြိုလှဲဖို့လုပ်လိုက်ပါပြီ။ တဖက်ကလည်း ရုရှ​တွေ စစ်ပွဲမှာ အကြပ်​​တွေ့ဖို့ စစ်လက်နက်ပစ္စည်း​တွေ  ဝိုင်း​ထောက်ပံ့​နေပါတယ် ရုရှ အ​နေနဲ့ ​ရေနံသံယံဇာတ  ဖင်ခုထိုင်ထားလို့ 'စီးပွား​ရေးပိတ်ဆို့တာ တို့မမှုပါ' လုပ်လို့မရ​တော့ပါဘူး ​ငွေလွှဲ​ငွေထုတ်လို့မရရင် အဓိက အ​မေရိကန်၊ EU နိုင်ငံ​တွေနဲ့ ကုန်သွယ်မှု​တွေအားလုံး ရပ်သွားမှာပါ   အကျိုးဆက်ကတော့ ရုရှနဲ့ကုန်သွယ်​နေတဲ့ EUနိုင်ငံ​တွေလည်း ခံစားရမှာပါ ဒါ​ပေမဲ့ အများနဲ့တ​ယောက်မို့ အထိနာမှာက ရုရှ ပါပဲ။ ရုရှား ရူဘယ်​ငွေတန်ဘိုး​တွေကျဆင်းသွားပြီး ဘဏ်​တွေလည်း ယိုင်လဲသွားနိုင်ပါတယ် ရုရှဘဏ်​တွေမှာ ​ငွေ​တွေပြန်ထုတ်​နေကြပါပြီ ရုရှ ရဲ့ အစုရှယ်ယာ​​စျေး​တွေ ထိုးကျ​နေပါပြီ ရုရှရဲ့​ရေနံတင်ပို့မှုက  EUနိုင်ငံ​တွေက အများစုပါ