Posts

ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ

Image
​ ယူကရိန်းဒုတိယဝန်ကြီးချုပ် မီခါလီယိုဖက်ဒိုရော့ဗ်က သူ့ရဲ့တွစ်တာအကောင့်မှာ စနေနေ့က '@elonmusk လို့  လိပ်မူပြီးတော့ . "အီလွန်မတ်စ်ရေ မင်းက  အင်္ဂါဂြိုဟ်ကို နယ်ချဲ့ဖို့ ကြိုးစားနေချိန်မှာ ရုရှားက ယူကရိန်းကိုသိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ မင်းရဲ့ဒုံးပျံတွေ အာကာသထဲကနေ မြေပြင်ပေါ် အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ချိန်မှာ  ရုရှားဒုံးကျည်တွေက ယူကရိန်းအရပ်သားတွေပေါ်ကိုကျရောက်နေတယ်၊  ယူကရိန်းအတွက် Starlink စခန်းတွေ ထောက်ပံ့ပေးခြင်းနဲ့  ရပ်တည်ပေးဖို့ တောင်းဆိုပါတယ်” လို့  ရေးခဲ့တယ်။ နာရီအတန်ကြာတဲ့နောက်  ဖက်ဒိုရော့ဗ်ရဲ့ရေးသားမှုကို အီလွန်မတ်စ်ကိုယ်တိုင် တုံ့ပြန်ခဲ့ပါတယ်  “ယူကရိန်းမှာ Starlink ဝန်ဆောင်မှု အခုရပါပြီ၊ နောက်ထပ် ကိရိယာတွေလည်း ပေးပို့ထားပါတယ်” တဲ့။ အီလွန်မတ်စ်ရဲ့ ပြန်ကြားမှုရရှိပြီးနောက် ယူကရိန်းအရာရှိနဲ့ ပြည်သူတွေက ကျေးဇူးတင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ Starlink ဟာ  အာကာသကုမ္ပဏီ SpaceX ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး  ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းမှာ ဂြိုဟ်တုအသေးစားလေးတွေ လွှတ်တင်လို့ ဘရော့ဘင်းအင်တာနက် ဝန်ဆောင်မှုပေးတာပါ။   ရုရှားရဲ့ကျူးကျော်မှုနဲ့အတူ ယူကရိန်းမှာ အင်တာနက်ဆက်သွယ်မှုလည်း ထိခိ

စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါး

Image
​ ၈၈ တုန်းကလို ဖြစ်သွားတော့မှာလား နွေဉီးတော်လှန်ရေးဟာ ဒီအတိုင်းပြီးသွားတော့မှာ။ ဟိုနားလေး ကွက်ဆူလိုက်၊ ဒီနားလေးဖောက်ခွဲလိုက်နဲ့ ပြီးသွားတော့မှာ။ ရပ်ကွက်အုပ်ရေးမှူးတွေ နည်းနည်းပါးပါးကို သတ်ပြလိုက်၊ ရဲတွေကိုသတ်ပြလိုက်၊ ဒလန်တွေကိုသတ်တယ်ပြောလိုက်နဲ့ ပြီးသွားတော့မှာ။ ဝန်ထမ်းတွေအလုပ်ပြုတ်၊လူငယ်တွေ ဘဝပျက်တာပဲ အဖတ်တင်တယ်။ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေ ကောင်းစားသွား၊ အလှူခံသမားတွေ ချမ်းသာသွားပြီး စစ်ကောင်စီသာ အနိုင်ရသွားတော့မှာ ။ ဒါကတော့ စစ်တပ်လော်ဘီတွေရဲ့ တညီတညွတ်တည်းအသုံးပြုလာတဲ့ ဆိုက်ဝါးပါ။ အခုမှ သုံးလာတဲ့ဆိုက်ဝါးမဟုတ်ဘဲ (၄) လပိုင်း သင်္ကြန်ကာလမှာကတည်းက စတင်သုံးစွဲခဲ့တဲ့ဆိုက်ဝါး။ အဲဒီ့ဆိုက်ဝါးကြောင့် တချို့ CDM တွေ Non CDM ပြန်ဖြစ်သွားကြပါတယ်။ အခု ဒီဆိုက်ဝါးကို တစ်ကျော့ပြန် အရှိန်မြှင့်လာကြပြန်ပြီ။ အရှိန်မြှင့်တာ ဘယ်လိုလုပ်သိသလဲဆိုတော့ ကျွန်တော့်အကောင်ထဲကလူတွေ အယောက်(၂၀)မက လာမေးနေကြလို့ပါ။ ဒီတိုင်းပဲ ပြီးသွားတော့မှာလား။ ၈၈ တုန်းကလိုမျိုး ဖြစ်သွားမလား။ နိုင်ရော နိုင်ပါ့မလား စသဖြင့် လာမေးနေကြပါတယ်။ မအားလပ်တဲ့ကြားကလည်း ပြန်ဖြေပေးနေရပါတယ်။ စာအရှည်ကြီး မဖတ်ချင်ရင် အောက်က တစ်ကြောင်းထဲပဲ ဖတ်ပါ။ "

NUG ငွေတိုက်စာချုပ်၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့

Image
​ နယူးယောက်တွင် NUG ငွေတိုက်စာချုပ်ရောင်းချပွဲ ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချခဲ့ ခေတ်သစ် ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Queens ရပ်ကွက်၊ Flushing Town Hall တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ငွေတိုက်စာချုပ်များကို ရောင်းချပေးခဲ့ပြီး ၃ နာရီအတွင်း ဒေါ်လာ ၁၆၈,၂၀၀ ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ငွေတိုက်စာချုပ်ကို မြန်မာပြည်ဖွား ပြည်သူ ၃၀၀ ခန့်က ဝယ်ယူအားပေးခဲ့ကြပြီး ပွဲစီစဉ်သူများက NUG ကိုယ်စား အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် ငွေတိုက်စာချုပ်ပေါင်း ၅ သောင်းနီးပါး ရှိနေပြီး အကြမ်းဖက်စစ်အာဏာရှင် ဖြုတ်ချရေးတွင် တော်လှန်ရေးရဲဘော်များထံ ထောက်ပို့အပိုင်းရော ရင်ဆိုင်မှုအပိုင်းတွေမှာပါ လုံလောက်တဲ့ ပံ့ပိုးမှု ပေးနိုင်ရန် ငွေတိုက်စာချုပ် ဝယ်ယူပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားသည်။

ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစျေးကွက်ထဲက ဖယ်ရှားမယ်

Image
​ ''ပူတင်အတွက် သက်ဆိုးရှည်စေမယ့် ရုရှားဘဏ်တွေကို နိုင်ငံတကာငွေကြေးစျေးကွက်ထဲက ဖယ်ရှားမယ်'' ( ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen) ၂၇ ဖေဖေါ်ဝါရီ ၂၀၂၂ အပြစ်မဲ့ ယူကရိန်းပြည်သူတွေကို လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်နေတဲ့ ပူတင်ရဲ့ စစ်ယန္တယားတွေရပ်ဆိုင်းသွားဖို့ နိုင်ငံတကာငွေကြေးစျေးကွက်ထဲကနေ ရုရှားဘဏ်တွေကို ထုတ်ပယ်မယ်လို့ ဥရောပသမဂ္ဂကော်မရှင်က ပြောပါတယ်။ အမေရိကန် ဗြိတိန် ပြင်သစ် ကနေဒါ နဲ့ ဥရောပသမဂ္ဂခေါင်းဆောင်တွေ ဆွေးနွေးသဘောတူထားပြီလို့ ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen ကပြောပါတယ်။  ပူတင်ဟာ ယူကရိန်းပျက်စီးရာပျက်စီးကြောင်းလမ်းကို ရွေးချယ်ခဲ့ရုံမက သူ့ရုရှားနိုင်ငံရဲ့အနာဂါတ်ကိုပါ ဖျက်ဆီးခဲ့ပြီလို့လည်း ကော်မရှင်ဥက္ကဌက ပြောပါတယ်။  ဘဏ်တွေကို ထုတ်ပယ်ရုံမက ရုရှားက စီးပွါးရေးလုပ်ငန်းရှင်ခရိုနီတွေကို ထုတ်ပေးထားတဲ့ ဥရောပနိုင်ငံတွေမှာ နေထိုင်သွားလာခွင့်ရှိတဲ့ အထူးနိုင်ငံကူးလက်မှတ်တွေကို ပါ ပယ်ဖျက်မယ်ဆိုပါတယ်။ ပူတင်ကို ကပ်ဖားပြီး ချမ်းသာနေတဲ့ရုရှားတွေအတွက် ဥရောပငွေကြေးစျေးကွက်ကို ဆက်လက်အသုံးပြုလို့မရတော့ဘူးလို့လည်း EU ကော်မရှင်ဥက္ကဌကပြောပါတယ်။ ယူကရိန်းတပ်မတော်နဲ့ ပြည်သူတွေရဲ့ သတ္တ

ဘာ့ကြောင့် အမေရိကန် လက်ရှောင်...။

Image
​ ခု ယူကရိန်းဖြစ်စဉ်က ဒီနေ့ကမ္ဘာကြီးအတွက် သင်ခန်းစာသစ်တွေပါပဲ။ "အင်အားကြီးသူက အနိုင်ယူစတမ်း" ဆိုတဲ့ တောရိုင်းဥပဒေ( Jungle Law ) တွေ ကမ္ဘာမှာ အတင့်ရဲလာတာ၊ တကယ်တမ်း လက်နက်အားကိုး အနိုင်ကျင့်ခံလိုက်ရပြီဆို ကူသူ ကယ်သူမဲ့ ကမ္ဘာကြီး ဖြစ်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။  ယူကရိန်းမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်လာတော့မယ်လို့ အစောကြီးကတည်းက ကြိုပြောခဲ့ကြတယ်။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ အင်အား ၁၀၀၀၀၀ ကျော်နဲ့ စစ်ပြင်နေတယ်ဆိုတဲ့သတင်းတွေ အစောကြီးကတည်းက ထွက်လာနေတယ်။ နောက်ဆုံးတစ်နေ့ ခုလို အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို အင်အားကြီးအခြားတစ်နိုင်ငံက ဗြောင်ကျကျ ကျူးကျော်ဝင်ရောက်သွားလိမ့်မယ်လို့ ဘယ်သူမှ တစ်ထစ်ချ ထင်မထားခဲ့ဘူး။ စစ်အေးခေတ်လွန်ကာလမှာ ရုရှားဟာ ခုလို နိုင်ငံတစ်နိုင်ငံကို ကျူးကျော်ဝင်ရောက်သွားတာ ဒါ ပထမဦးဆုံးပါ။ သတင်းတွေက တော့ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးကျူးကျော်မှုလို့ဆိုကြတယ်။ တကယ်တမ်း အင်အားအလုံးအရင်းနဲ့ နိုင်ငံတစ်ခုထဲ ကျူးကျော်ဝင်ရောက်သွားတဲ့အခါ ကမ္ဘာကြီးက ဘာတတ်နိုင်ခဲ့ပါသလဲ။ ဒီအတိုင်း လက်ပိုက်လို့သာ ကြည့်နေတော့တာပဲ မဟုတ်လား။  ယူကရိန်းပြည်သူတွေ မိမိတို့နိုင်ငံကို ခု

Designer Water က တပ်ပိုင်စက်ရုံတွေက ထုတ်တဲ့ တပ်ပိုင် ရေသန့်

Image
​ ငယ်ငယ်ကပေါ့ ရေသန့်ဆို ဘူးလှလှလေးမှ ဝယ်သောက်ချင်ခဲ့မိတာ.. မှတ်မှတ်ရရ ဒီဇိုင်နာ ရေသန့် ထွက်လာတော့ ဘူးခွံလေးလှတယ်ဆိုပြီး သိခဲ့တယ်။ ကိုယ်တောင် လေ့လာမေးစမ်းပြီးမှ သိခဲ့ရတာ... Designer Water က တပ်ပိုင်စက်ရုံတွေက ထုတ်တဲ့ တပ်ပိုင် ရေသန့် ပဲ။ ‼️ အခုချိန်ထိ ဈေးကွက်ထဲ မြင်နေရသေးတယ်။  ပြည်သူတွေ အမောပြေဖို့ သောက်သုံးလိုက်တဲ့ ရေသန့်ဟာ သန့်ရှင်းသော ရေသန့်ဖြစ်နေဖို့လိုပါတယ်။ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ ကြင်စိုးပိုင်တဲ့ ရေသန့်ဟာ ဘယ်နည်းနဲ့မှ သန့်ရှင်းမနေနိုင်ပါဘူး။  တပ်ပိုင် Designer Water ကို သပိတ်မှောက်ကြပါ။ မသုံးကြပါနဲ့ ✊✊ တပ်ပိုင်ပစ္စည်းတွေ သပိတ်မှောက်ဖို့ Ma Thone Nae Boycott application ကို Google playstore မှာ အခုပဲ ဒေါင်းလုတ်ရယူထားပါ။ https://play.google.com/store/apps/details?id=com.mttboycottapp.boycott_app #Ma_Thone_Nae #Boycott_Military_products #Designerwater

ကမ္ဘာ့အခင်းအကျင်းသစ်ထွက်ပေါ် လာမည်လော

Image
​ 27/2/2022        ရုရှား-ယူကရိန်းစစ်ပွဲသည် ကမ္ဘာကြီးအားပြင်းပြင်းထန်ထန် ရိုက်ခတ်သည်။ ထိုစစ်ပွဲသည် သာမန်နိုင်ငံနှစ်ခုကြား ဖြစ်ပွါးသည့်စစ်ပွဲထက်များစွာပိုသည်။ယူကရိန်းနောက်တွင် အမေရိကန်နှင့်အနောက်အင်အားစုရှိသည်။ စစ်မြေပြင်တွင်သာမက နိုင်ငံရေး၊ စီးပွါးရေး၊ နည်းပညာဖက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည့်ပွဲဖြစ်သည်။ အနောက်နှင့်ရုရှားတို့၏ အားပြိုင်ပွဲဖြစ်နေသည်။        ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ပြန်လည်ခေါင်းထောင်ထလာသည့် ရုရှား၏ အားစမ်းပွဲလည်းဖြစ်သည်။ အင်အား၊ နည်းပညာ၊ သယံဇာတရင်းမြစ်တစုံတရာရှိသည့်အပြင် ကမ္ဘာအကျယ်ဆုံးမြေပြင်ကို ပိုင်ဆိုင်ထားသူ၊ တချိန်က အင်အားကြီးနိုင်ငံဖြစ်ခဲ့ဘူးသော ရုရှားက ကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေးဇတ်ခုံတွင် အရေးပါသည့် ဥရောပသို့ ပြန်လည်တိုးဝင်လာခြင်းလည်းဖြစ်သည်။ ယခင်ဆိုဗီယက်ယူနီယံကာလကကို ပြန်လည်တမ်းတလာခြင်းလည်းဖြစ်နိုင်သည်။ သို့သော် ရုရှားတွင် အားနည်းချက်တခုရှိသည်မှာ ဆို ဗီယက်ယူနီယံပြိုကွဲပြီးနောက် တပြည်လုံး‌ကို စုစည်းခေါင်းဆောင်နိုင်သည့် ကွန်မြူနစ်ပါတီပြိုကွဲသွားသည်။ အမျိုးသားရေးဝါဒီများ ကြီးစိုးနေသည်။ နိုင်ငံတွင်းတွင် လက်ရှိသမတပူတင်သည်ပင် အုပ်ချုပ်ရေးအာဏာချုပ် ကိုင်ထားနိုင်သ

ဘယ်လာရုစ်နယ်စပ်မှာ ရုရှားနဲ့ဆွေးနွေးဖို့ ယူကရိန်းသဘောတူ

Image
​ ရုရှားသမ္မတ Vladimir Putin က နျူကလီးယား တားဆီးရေးဆိုင်ရာ ရုရှားတပ်တွေကို အဆင့်မြင့် သတိပေးချက် တပ်လှန့်တဲ့အမိန့် ထုတ်ပြန်ထားလိုက်ချိန်မှာပဲ ယူကရိန်းက ရုရှားနဲ့ ဆွေးနွေးမှုတွေကို ဘယ်လာရုစ်နယ်စပ်မှာ ကျင်းပဖို့ သဘောတူလိုက်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေ တိုးလာချိန်မှာပဲ သမ္မတ Putin က တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ထဲမှာ နျူကလီးယား တားဆီးရေး တပ်တွေကိုပါ ထည့်သွင်းချထားဖို့ ရုရှားကာကွယ်ရေးဝန်ကြီးကို တနင်္ဂနွေနေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ NATO ခေါင်းဆောင်တွေဟာ ရုရှားစီးပွါးရေး အထိနာစေမယ့် ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ရန်လိုတဲ့ ကြေညာချက်တွေ ထုတ်ပြန်နေတယ်လို့လည်း သမ္မတ Putin က ရုရှားအရာရှိတွေကို ပြောကြားခဲ့တာပါ။ သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki ကတော့ သမ္မတ Putin ဟာ မရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဖန်တီးပြီး သူ့ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေ ထပ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း၊ တကယ်ဆို ရုရှားကို NATO ကရော ယူကရိန်းကပါ ဘာမှ ခြိမ်းခြောက်ထားတာ မရှိကြောင်း ABC ရုပ်သံအစီအစဉ်ကို ပြောပါတယ်။ အကြီးတန်း ရုရှား ကာကွယ်ရေးအရာရှိတဦးကလည်း အခုလို နျူကလီးယား တားဆီးရေး တပ်တွေကို တပ်လှန

တနလ်ာနေ့ က စပြီး ကမ္ဘာမှာဘာဖြစ်နိူင်သလဲ?

ရုရှား ဘဏ်များအား Swift code အသုံးပြုခွင့်မရတာကြောင့် ရုရှား၏ impory &export လုပ်ငန်းအများစုရပ်တန့်သွားမယ်။  ထို့အပြင် ရုရှား၏ ပြင်ပမှာထားတဲ့ အရံငွေ ဒေါ်လာ ၆၆၀ ဘီလီယံကို freeze လုပ်တော့မှာဖြစ်၍ ရုရှား ငွေကြေးဖြစ်တဲ့ ရူဘီးဟာ တန်ဖိုးပြိုကျမယ်။  ရူဘီးငွေတန်ဖိုးပြိုကျမယ်ဆိုရင် ရုရှားမှာ import လုပ်ရတဲ့ ကုန်တွေ ပစ္စည်းစျေးတက်မယ်ဆိုပါတယ်။ ဒါတ်ုရင်ရုရှားတွေဟာ ဘဏ်ကငွေတွေအကုန်ပြန်ထုတ်ကြမှာဖြစ်၍ ဘဏ်တချို့ဒုက္ခရောက်နိုင်တယ်။ အခန့်အသင့်ရင်ပြိုကျနိုင်တယ်ဆိုတယ်။ ထို့အပြင်ရုရှားဗဟိုဘဏ်မှာစုထားတဲ့ အရံရွှေ တွေကို ထုတ်ရောင်းဖို့လည်း swift code ဖြင့်ပေးချေတာတွေလိုတာဖြစ်၍ ရုရှားဟာ သူ့ငွေကြေးကိုကျားကန်ပေးဖို့ခက်မယ်ဆိုပါတယ်။ ထို့အတွက် ရုရှားမှာ financial problem ဖြစ်မယ်ဆ်ိုတယ် ဒါကတော့ ရုရှားအပေါ်ချမှတ်ထားတဲ့ financial sanctions တွေနှင့် ပက်သက်၍ ရုရှား မှာ ဘာဖြစ်နိူင်တယ်ဆိုတာ ကို နိုင်ငံတကာက ဘဏ္ဍာရေးကျွမ်းကျင်သူတွေသုံးသပ်တာ ထဲက ကောက်နှတ်ထားတာဖြစ်ပါတယ်။ နောက်တခုက ရုရှားဟာကမ္ဘာနှင့်ဆက်စပ်နေတဲ့အင်အားကြီး တိုင်းပြည်ဖြစ်ပါတယ်။ ထို့အတွက် ယခု swift code အသုံးပြုခွင့်ပိတ်ပင်ထားခြင်းခံရတဲ့ ရုရှားဘဏ်တွေ၏ အဓိက inve

ဒီနေ့ည ရုရှားတပ်တွေ ထပ်တိုးချမယ်ပြော

Image
​ Ambush မိလိုက်တဲ့ သံချပ်ကာယာဉ်တန်းတွေ  တင့်တွေဆိုတာ မြင်လို့တောင်မကောင်းဘူး မင်းတို့ကိစ္စ - ကိုယ်တွေဆီမှာတော့ ရုရှားဘက်ကနေ စွတ်လော်နေတာပဲ - T-72B3 တွေ၊ Tiger-M IFV, Ural-4320 Zvezda-V, MT-LB ,  BM-21 Grad , BMP-2, TMM-3M2,  BMD-4M , MT-LB, 2K22M1 Tungaska-M1  အဲ့လို Armor အစုံကို အတန်းလိုက်တွေမိတာ 😬 ယူကရိန်းတွေမှာက  NLAW တွေ Javelin တွေလို  ATGM တွေအပြင် တစ်ခြားအပေါ့စား Anti-Armor  Guided Weapon တွေကို ရှယ်သုံးနေတာ။  အခုချိန်ထိတော့ သူတို့ လေကြောင်းရန်ကာကွယ်ရေးစနစ်လဲ  အားကောင်းနေဆဲပဲ၊ ပခုံးထမ်း MANPADA တွေကလဲ နေရာအနှံ့ပြန့်ကျဲနေတုန်းပဲ၊  ဝေဟင်မှာလဲ Fighter တွေနဲ့  တက်ဖုတ်နိုင်နေသေးတယ်။ ထင်သလောက်လဲမလွယ်ဘူး အခုအထိတော့ ရုရှားတွေလဲ  အဲ့လောက်ကြီးဘက်ပေါင်းစုံထိုးစစ် အကြီးအကျယ်နဲ့  အဆင့်မြင့်လက်နက်တွေ ထုတ်သုံးတာ မတွေ့သေးဘူး။ ဒီနေ့ညတော့ ရုရှားတပ်တွေ ထပ်တိုးချမယ်ပြောတယ်။ CNN မှာ တိုက်ရိုက်လွှင့်နေတာ ယူကရိန်းဘက်ကိုဦးတည်ပြီး လာနေတဲ့ စစ်ကြောင်းတွေတော့မနည်းဘူး။  အခုအချိန်အထိကို ရုရှားတွေဘက်ကနေ (SRBM) တာတိုပစ်ပဲ့ထိန်းဒုံးကျည် 250 ကျော် ပစ်ခတ်ထားပြီးပြီ။ ပြောချင်တာက ရုရှားတပ်တွေလဲ ယူကရိန်းထဲမှာ အမျ