Posts

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

ရန်ကုန်တိုင်းဒေသကြီး၊ မြို့နယ်တစ်ခုမှာ ပိုက်ဆံသွားသိမ်းပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ယောက်ကို အရပ်ဝတ်(စစ်သား၊ရဲ အယောင်ဆောင်)များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ကားပေါ်တင် ထိုးကြိတ်၊ပါသမျှယူပြီး အပြစ်ရှိ၍အချုပ်ကားကို ပြောင်းရမည်ဟုဆိုကာ လမ်းဘေးတွင် ဆင်းခိုင်းပြီးထားခဲ့တဲ့ ဖြစ်စဉ် ရွှေပြည်သာစက်မှုဇုန်အတွင်း ချိန်းတွေ့တဲ့ စုံတွဲကို အဖွဲ့လိုက် ကားဖြင့်ပင် ဓားထောက် ခေါ်တင်ကာ ပါသမျှယူပြီး တစ်နေရာတွင် ဆင်းခိုင်း ချထားခဲ့တဲ့ ဖြစ်စဉ် ရပ်ကွက်တစ်ခုမှာတော့ စက်ဘီးစီးလာတဲ့ လူငယ်၂ယောက်ကို အရပ်ဝတ်များက တားကာ ဖုန်းတွေစစ်ပြီး "vpnသုံးလို့သိမ်းမယ် လိုချင် ရုံးမှာလာပြန်ထုတ်" ပြောသွားပြီး မိဘက ရုံးကိုသွားတော့ ရပ်ကွက်ရုံးက "စစ်သားလည်းမလာ၊ ရဲလည်း မလာပါဘူး" ဆိုတဲ့အတွက် ပုံမှားရိုက်ခံရတဲ့ ဖြစ်စဉ် စသဖြင့် ရန်ကုန်မြို့နယ်အတွင်း သတိပြုဖွယ် အယောင်ဆောင်လိမ်လည်ခြင်းတွေ ပေါ်ပေါက်နေကြောင်း သတင်းရရှိထားတဲ့အတွက် မိဘပြည်သူများ ဆင်ခြင်သွားလာကြရန် တင်ပြအပ်ပါတယ်ခင်ဗျာ။ ဟိန်းချစ်သူ Sat,Mar-5.

တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ

Image
​ ရန်ကုန်မြို့လယ်​ခေါင်တွင် “ တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ “ စစ်အာဏာရှင် ဖြုတ်ချ​ရေး သပိတ် ချီတက် ရန်ကုန်၊ မတ် ၈  ယနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့တွင်  ရန်ကုန်မြို့မှ အမျိုးသမီးလူငယ်များက "တော်လှန်သွေးတွေပွက်ပွက်ဆူ ငါတို့ရန်ကုန်သူ" ဟူသောစာသားနှင့် ဘက်လိုက်မှုတွေချက်ချင်းရပ် အာဏာရှင်စနစ် အမြစ်ဖြတ် ဟူသော စာသားများကိုင်ဆောင်ကာ ရန်ကုန်မြို့တစ်နေရာ၌ ချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။  ထို့အပြင် ဆန္ဒပြသပိတ်မှောက်သူလူငယ်များမှ အဖိနှိပ်ခံယူကရိန်းပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကိုလည်း ပြသခဲ့ကြသည်။  မြန်မာ့နွေဦးတော်လှန်ရေးတွင် အမျိုးသမီးများသည်လည်း စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှပါဝင်လျက်ရှိသည်။  ယင်းစစ်အာဏာရှင်ဆန့်ကျင်ရေးပျောက်ကြားသပိတ်စစ်ကြောင်းအား Yangon Revolution Force - YRF (Soft Strike Community)၊ Rangoon Empire - RGE နှင့် အခြေခံကျောင်းသားရေးရာအဖွဲ့ခွဲ အင်အားစုမှ လူငယ်များက ချီတက်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ Photo - HHP

ဒါကြောင့်မို့လို့ ပိုက်လိုင်းကို အနီးကပ်သွားပြီး ဖျက်လိုဖျက်စီးတွေ မလုပ်ကြပါနဲ့။

Image
​ တရုပ်ပိုက်လိုင်းမှာ ရေနံစိမ်းပိုက်လိုင်းရယ်၊ ဂက်စ် ပိုက်လိုင်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။ ရေနံစိမ်းပိုက်လိုင်းကတော့ ပြည်ပကဝယ်လာတဲ့ ရေနံစိမ်းကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ရေနံချက်စက်ရုံဆီပို့တာပါ။ ဂက်စ် ပိုက်လိုင်းကတော့ LNG carrier ကနေသယ်လာတဲ့ သဘာဝဓါတ်ငွေ့အရည်ကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ Gas Processing Plant အထိရောက်အောင် Compressor စက်ကြီးတွေနဲ့ ဖိအားမြှင့်ပြီးတွန်းယူတာပါ။ ပိုက်လိုင်းတွေအကုန်လုံးဟာ API (American Petroleum Institute Standard) စံချိန်စံညွှန်းတွေအတိုင်း တည်ဆောက်ထားတာမို့ တော်ရုံတန်ရုံ မီးလောင်တာ (တောမီး)၊ ငလျင်လှုပ်တာလောက်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့်မို့ ပိုက်လိုင်းတစ်လျောက် ရိုးရိုးသာမန် အသေးစားမီးရှို့တာ (တာယာမီးပုံရှို့တာ၊ ဒီဇယ်လောင်းရှို့တာ) လောက်ကိုခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါမျိုးတွေ မလုပ်ကြပါနဲ့။ 😗 ပိုက်လိုင်းတစ်လျောက် မှာ ရေနံစိမိးနဲ့ ဂက်စ် ပို့လွှတ်ရာမှာ ခန့်မှန်းခြေ မိုင်တစ်ရာ (သို့) နှစ်ရာတိုင်းမှာ ဖိအားမြှင့်တင်ရေးစက်ရုံတွေရှိပါတယ်။ ပုံမှာ Oil Pumping station တွေမှာ Booster Pumps တွေ ထိုင်ထားပြီး Gas Compressing station တွေမှာ Booster Compressor တွေ ထိုင်ထား

​ပိတ်ထားတဲ့နူကလီးယားစက်ရုံတွေကို ပြန်ဖွင့်လိုက်တဲ့ မြောက်ကိုရီးယား

Image
၂၀၁၈ ကတည်းကပိတ်ထားတဲ့ ဒီစက်ရုံတွေပြန်လည်ဖို့ လုပ်နေတာကို ဂြိုဟ်တုဓါတ်ပုံတွေကတဆင့် ထောက်လှန်းသိရှိခဲ့ကြတာပါ။ ဥရောပပြီးရင် အာရှဖက်ဂြိုဟ်မွှေဖို့ ကယ်လင်ဒါကျခဲ့ပြီလော။ အမေရိကန်က မြောက်ကိုရီးယညူကို နူလက်နက်တွေစမ်းသပ်လို့ အရေးယူမှုမှာ တရုတ်ကသဘောမတူခဲ့ဘဲ ကန့်ကွက်ခဲ့ပါတယ်။ စဉ်းစားကြည့်ကြပေါ့၊ ကမ္ဘာကြီးအတွက် ဘယ်အဖွဲ့က မိတ်ဆွေ၊ ဘယ်အဖွဲ့က ရန်သူလဲဆိုတာကို။ 🤔 Ref: scmp ဖရန်စစ်ဇင်

​🩺 Titov ကို အလိုရှိသည် 🩺

Image
‘သူတို့ ‘ Titov ကို သတ်ပစ်ချင် နေပြီ..Titov ကို လိုက်ရှာနေကြတာ ၂၀၂၁ ဧပြီလဆန်း ကတည်းကပါ…။ ‘ အလိုရှိသည်’… တဲ့..။ ‘သူတို့’ ဟာ Titov ကိုရှာမရတဲ့ အဆုံး Titov ရဲ့ ဓာတ်ပုံတွေကို တာချီလိတ်မြို့ရဲ့ဟိုဟို ဒီဒီ တွေမှာကပ်ထားလိုက်ကြတယ်။ Titov ကိုရှာပေးကြပါတဲ့..။ ဖမ်းချင်လို့… စစ်ကြောရေးလုပ်ချင်လို… သတ်ပစ်ချင်လို့… Titov ဟာ လူဆိုး… Titov ဟာ ဝရမ်းပြေး… Titov ဟာ နိုင်ငံတော် ပုန်ကန်သူ… 🩺 ‘သူတို့’ ကရော ဘယ်သူလဲ…? ‘ သူတို့’ဆိုတာက လူသတ် ခွေးအ အုပ်စုပါ….စစ်အာဏာသိမ်းအဖွဲ့ပေါ့။ မြန်မာပြည်ကပါ…။ ဤကမ္ဘာကြီးထဲက ရက်စက်ကြမ်းကြုတ်သော ခွေးအတို့ အုပ်ချုပ်သည့် မြန်မာပြည်ဖြစ်ပါတယ်….။ မုသား၊ အငြိုးအတေးတွေနဲ့ လှည့်စားမှုတွေ ပြည့်နှက်နေတဲ့ ခွေးအတို့ ကျက်စားရာ မြန်မာပြည်..။ 🩺 Titov ဆယ်တန်းစာမေးပွဲ ဖြေပြီးကာစပေါ့..သေမလို ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သေးတယ်..။ ဆိုင်ကယ်ကို မစီးတတ် စီးတတ်နဲ့ ဦးလေးရဲ့ဆိုင်ကယ်ကို ယူစီးတယ်..။ အဲ့ဒီမှာ တံတားပေါ်က ဆိုင်ကယ်နဲ့ပြုတ်ကျတာပဲ။ လူကအရင်ပြုတ်ကျတာ..။ ဆိုင်ကယ်ကနောက်မှဖြေးဖြေးကျတယ်။ ဆိုင်ကယ်က သူ့အပေါ်ထပ်ပြုတ်ကျရင် သေပြီပဲ။ ကံကောင်းလို့ ဆိုင်ကယ်က သူ့ဘေးကိုကျလို့ Titov အသက်မသေခဲ့တာ..။မသေရင်တောင် ခါးရိုး

ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန်

Image
​ ပဲခူးရိုးမတွင်  တိုက်ပွဲဖြစ်ပွားနေ၍ ရိုးမလမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် နှင့် မိုင်းခွဲတိုက်ခိုက်မှုများရှိမည်ဟု သတိပေးချက်ထုတ်ပြန် ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမ ရကိုင်းချောင်းရိုး တလျောက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် တောင်ငူ PDF တပ်ဖွဲ့တို့ မတ်လ ၄ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ပဲခူးရိုးမ လမ်းပိုင်းကို  ပြည်သူများ အသုံးမပြုရန် တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။ မတ်လ ၄ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူ PDF တပ်ရင်းမှ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ခြင်းကြောင်း စစ်တပ်က သေဆုံးထိခိုက်မှု များပြားခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း တောင်ငူ PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။  ထို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အင်းအား အလုံးအရင်းဖြင့် တောင်ခြေရွာများတွင် တပ်စွဲကာ ရိုးမပေါ်သို့ အရပ်ဝတ်များ၊ ဆိုင်ကယ်များ၊ ဖောကားများ အသုံးပြုပြီး PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို လိုက်လံစုံစမ်းနေခြင်းကြောင့် ရိုးမပေါ် ပြည်သူများအနေဖြင့် ဖ

အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်

Image
ရုရှားကျုးကျော်စစ်ရပ်ဆိုင်းဖို့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့သွားရောက်ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။  Naftali Bennett ဟာ ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးပြီးနောက် ဂျာမဏီနိုင်ငံကို ဆက်လက်ထွက်ခွါသွားတယ်ဆိုပါတယ်။ ရုရှားကိုမလာခင်မှာ ပြင်သစ်နိုင်ငံသမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်းလည်း အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ယူကရိန်းရဲ့ ဂျုးသမ္မတက ရုရှားရဲ့ ကျုးကျော်စစ်အပေါ် အစ္စရေးနိင်ငံက ကြား၀င်ဖြေရှင်းပေးဖို့ တောင်းဆိုထားသလို ကမ္ဘာတဝှမ်းက ဂျုးတွေအနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေကြဖို့ တောင်းဆိုထားအပြီး အစ္စရေး၀န်ကြီးချုပ် ဟာ ရုရှားကို အရေးပေါ်လာခဲ့တာလို့ဆိုပါတယ်။ ပူတင်နဲ့တွေ့ချိန်မှာ ယူကရိန်းက ဂျုးတွေရဲ့ လုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းပြည်သူတွေအတွက် အစ္စရေးက ပေးပို့မယ့် အရေးပေါ်အကူအညီတွေအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။  အစ္စရေးအနေနဲ့ ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို အရေးပေါ်ရွှေ့ပြောင်းဆေးရုံနဲ့ ဆေးဝါးတွေ ပေးပို့မယ်ဆိုတာကို လည်း ပူတင်ကို အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတ

မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူ

Image
​ မိုးညှင်းတိုက်ပွဲ စစ်ကောင်စီတပ် အသေအပျောက်များ၍ ကားခြောက်စီးဖြင့် သယ်ယူဟု KIA အသိပေး —People's Spring ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်များဘက်မှ အသေ အပျောက်များရှိ၍ မိုးညှင်းမှ  စစ်ကောင်စီတပ်များ၏ ကား ​ခြောက်စီးဖြင့် သယ်ယူကြကြောင်း ဒေသခံပြည်သူများထံမှ သိရသည်ဟု ကချင်လွတ်လပ်ရေးတပ်မ တော်(KIA) သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က ဖော်ပြသည်။ KIA တပ်မဟာ(၈)၊ တပ်ရင်း (၃၅) နယ်မြေ မိုးညှင်းမြို့ နမ့်ယာကြား ညောင်ကုန်းဒေသ၌ ယနေ့(မတ်လ ၇ရက်) နံနက် ၇နာရီခန့်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ မိုးညှင်းမှ စစ်ကောင်စီတပ်၏ ကား(၂၇)စီးနှင့်အင်အား (၂၀၀)ခန့် ပါဝင်သော  လက်နက်ပစ္စည်းများသယ်ဆောင်လာစဉ် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲတွင်  စစ်ကောင်စီတပ်များ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ဒေသခံများ ကြောက်ရွံ့ကာ ထွက်ပြေးပုန်းရှောင်နေကြရသည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲ၌ KIAနှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက် ကျဆုံးမှုရှိ၊မရှိကို ဖော်ပြမထားပေ။ #လူထုနွ

လေး​ကေ့​ကော်မြို့အနီး မှာ ဒီ​နေ့မနက်က တိုက်ပွဲဖြစ်

​ မင်္ဂလာ သတင်း​လေး ​ပြောချင်ပါတယ်.......🙏🙏🙏 KNLA နှင့် ကျ​နော်တို့ PDF တို့ ပူး​ပေါင်းပြီး နယ်​မြေကျူး​ကျော်လာတဲ့ စစ်​ခွေး​​တွေနဲ့ လေး​ကေ့​ကော်မြို့အနီး မှာ ဒီ​နေ့မနက်က တိုက်ပွဲဖြစ်ခဲ့ပါတယ်။  စုစု​ပေါင်း ​ခွေး (၁၀)​ကောင်​သေပြီး အများအပြား ဒဏ်ရာရသွားပါ​ကြောင်း။ PDF Sniper လက်ချက်ဖြင့် ​ခွေး(၄)​ကောင် ​သေပြီး ရင်ဆိုင်ပစ်ခတ်မှုမှာ ​ခွေး(၆)​ကောင် ​သေခဲ့ပြီး စစ်​ခွေးအများအပြား ဒဏ်ရာရခဲ့တယ်။ စစ်​ခွေး​တွေက ဗိုလ်တာ​ပေါ​နေရာကို သိချင်​တော့ ဖုန်းဆက်ပြီး လုပ်ကြံဇာတ် ခင်းခဲ့ကြတယ်။ ကျ​နော်တို့ CDM ဝင်ပါ့မယ် လက္ခံ​ပေးပါဆိုပြီး​ပြော​တော့ တိုက်ရည်ခိုက်ရ ည်နဲ့ အ​တွေးအ​ခေါ်​ခေသူမဟုတ်တဲ့ ဗိုလ်တာ​ပေါက လက္ခံစကား​ပြောပြီး ဘယ်ကိုသာလာခဲ့ပါ သူရှိပါတယ်​ပေါ့ မင်းတို့ရဲ့ အသက်ကိုလည်း အာမခံ​ပေးမယ်လို့​ပြောပြီးချိန်မှာပဲ ဗိုလ်တာ​ပေါ ​ပြောတဲ့​နေရာကို ​ခွေးကုန်းက​နေ လက်နက်ကြီး​တွေနဲ့ တရဆက် ပစ်ခတ်​တော့တာပါပဲ......။ ​ခွေး​တွေ တလွဲပစ်​နေ​ချိန်ကို အခွင့်​ကောင်းယူပြီး ​ချောင်ပိတ်မိ​နေတဲ့ ​ခွေး​တွေကို ဗိုလ်တာ​ပေါ(KNLA)နဲ့ PDF ပူး​ပေါင်းအဖွဲ့က ​​ကောင်း​ကောင်းသမလိုက်တာ စစ်​ခွေး​တွေအလဲလဲအပြိုပြိုဖြစ်သွားပြီး ​ခွေး​ပြေး ဝက်​

မင်းတို့ PDF တွေ ဒါမျိုးကိုင်ဖူးလားဆိုတဲ့ကောင်

Image