အစ္စရေး၀န်ကြီးချုပ်ရဲ့ ရုရှားခရီးစဉ်



ရုရှားကျုးကျော်စစ်ရပ်ဆိုင်းဖို့ အစ္စရေး၀န်ကြီးချုပ် Naftali Bennett ဟာ ဒီကနေ့ ရုရှားသမ္မတ ပူတင်နဲ့သွားရောက်ဆွေးနွေးခဲ့ကြောင်း အစ္စရေးသတင်းတွေက ဖေါ်ပြပါတယ်။ 


Naftali Bennett ဟာ ပူတင်နဲ့ ၃ နာရီကြာဆွေးနွေးပြီးနောက် ဂျာမဏီနိုင်ငံကို ဆက်လက်ထွက်ခွါသွားတယ်ဆိုပါတယ်။ ရုရှားကိုမလာခင်မှာ ပြင်သစ်နိုင်ငံသမ္မတနဲ့ ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်းလည်း အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။


ယူကရိန်းရဲ့ ဂျုးသမ္မတက ရုရှားရဲ့ ကျုးကျော်စစ်အပေါ် အစ္စရေးနိင်ငံက ကြား၀င်ဖြေရှင်းပေးဖို့ တောင်းဆိုထားသလို ကမ္ဘာတဝှမ်းက ဂျုးတွေအနေနဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေကြဖို့ တောင်းဆိုထားအပြီး အစ္စရေး၀န်ကြီးချုပ် ဟာ ရုရှားကို အရေးပေါ်လာခဲ့တာလို့ဆိုပါတယ်။


ပူတင်နဲ့တွေ့ချိန်မှာ ယူကရိန်းက ဂျုးတွေရဲ့ လုံခြုံရေးကို အဓိကထားဆွေးနွေးခဲ့သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းပြည်သူတွေအတွက် အစ္စရေးက ပေးပို့မယ့် အရေးပေါ်အကူအညီတွေအတွက်ပါ ဆွေးနွေးခဲ့တယ်လို့ အစ္စရေးအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ 


အစ္စရေးအနေနဲ့ ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို အရေးပေါ်ရွှေ့ပြောင်းဆေးရုံနဲ့ ဆေးဝါးတွေ ပေးပို့မယ်ဆိုတာကို လည်း ပူတင်ကို အသိပေးခဲ့တယ်ဆိုပါတယ်။ သမ္မတပူတင်ဘက်က ဘာပြန်ပြောတယ်ဆိုတာတော့ တစုံတရာပြောဆိုသွားတာမရှိပါဘူး။


 ယူကရိန်းကနာဇီလက်သစ်ဝါဒီအစိုးရကို ဖယ်ရှားမယ်ဆိုပြီး အထူးစစ်ဆင်ရေးအမည်နဲ့ ပူတင်က ကျုးကျော်တိုက်ခိုက်နေပေမယ့် လက်ရှိယူကရိန်းသမ္မတဟာ ဂျုးဖြစ်သလို ယူကရိန်းတပ်မတော်ထဲမှာ ဂျုးလက်နက်ကိုင် တပ်ရင်းတွေပါရှိနေတယ်လို့ သိရပါတယ်။


၂၀၂၂ ခုနှစ် မတ်လ ၆ ရက် 


Credit : BurmaNewsNetwork


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်