ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွား

ရုရှားယူကရိန်းစစ်ပွဲမဖြစ်ခင်က ရုရှားတင့်ကားတွေ ဘယ်လိုကောင်းကြောင်း Shtora-1 မျက်လုံးနီကြီးက ဘယ်လိုစွမ်းကြောင်း Kontakt-5 ERA က ဘယ်လိုစွမ်းကြောင်း ရုရှားဖန်တွေ ရေးတာတွေ ဖတ်ကြီး ရုရှားတင့်တွေကို တကယ် အထင်ကြီးခဲ့တာဗျာ 


ကျနော် အထင်ကြီးထားတဲ့ ရုရှားတင့်တွေကို ယူကရိန်းက US နဲ့ အနောက်တိုင်း လက်နက်တွေသုံးပြီး တစ်စီးပြီး တစ်စီး ကြက်သံပုံးကင် ဖြစ်အောင် လုပ်ပြတော့ ကျနော်တကယ် ရင်နာရပါတယ် တချို့ရုရှားတင့်တွေဆို ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွားတယ်ဗျာ 😭😭 


အခုတော့ ရုရှား‌တင့်တွေမှာပါတဲ့ မျက်လုံးနီကြီးနဲ့ Kontakt-5 ERA ဆိုတာလည်း သုံးစားမရတဲ့ အလကား‌ဟာတွေဆိုတာ သိလိုက်ရပါပြီ ကမ္ဘာအဆင့် ၂ ရှိတဲ့ တပ်မတော်ကြီးရဲ့ တင့်ကားတွေက ဒီလိုစုတ်ပြတ်သတ်နေအောင် အရည်အသွေးညံ့ဖျင်းလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိတာ အမှန်ပါ🥴🥴

ဝီလျံစန်း



Comments

Popular posts from this blog

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************

ညကသာကေတဒေါပုံမှာတယောက်ကျ( ဗီဒီယို)

US သံရုံးကညီညီအတွက်ဂုဏ်ပြုပန်းခွေလာရောက်ချီးမြှင့်