Posts

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

ယူကရိန်း 🇺🇦 ကတောင်းထားတဲ့ No Fly Zone ကို NATO က မပေးတော့ ဒါဆို သူတို့ကိုတိုက်လေပျံပေးဖို့ တောင်းဆိုတယ် ငါတို့ကိုပေး ငါတို့ဖာသာတိုက်မယ်ဆိုတဲ့သဘော။ အမေရိကန်လုပ်တိုက်လေပျံကိုလည်း ယူကရိန်းလေပျံမောင်းသမားတွေကမမောင်းတတ်ကြလို့ ရုရှားလုပ်တိုက်လေပျံ MIG 29 ကိုပဲသူတို့ကိုပေးပါတဲ့။ အဲ့တော့ကာ ပိုလန်က MIG 29 တိုက်လေယာဉ် ၂၈ စီးလုံးကို ယူကရိန်းကို ပေးမယ်ဖြစ်လာတယ်။  နေတိုးအဖွဲ့ဝင်တွေကလည်း ငွေကြေး နဲ့ စစ်လက်နက်တွေတလစပ် ထောက်ပံ့ပေးလာကြတော့မယ်။ အမေရိကန်ကလည်းယူကရိန်း 🇺🇦 ကို ၃၂ ဘီလီယံ ထောက်ပံ့မယ် ကတိပြုလိုက်ပြီ။  ကမ္ဘာ့ဘဏ်ကလည်း ၇၂၃ သန်း ယူကရိန်းကို အရေးပေါ်အကူအညီတွေပေးမယ် ဖြစ်လာတယ်။ ပူတင် နဲ့ ရုရှားအပေါ် ချမှတ်ထားတဲ့ Sanctions တွေကည်း ရုရှားစီးပွါးရေးကို လေးပုံတပုံထိုးကျသွားစေတယ်။ မကြာခင် ထက်ဝက်လောက်အထိကျသွားမယ်။ ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်စစ် ကို တရုတ် 🇨🇳 က ကြားနေရေးမူနဲ့ ရပ်တည်ပြီး မဖြေရှင်းဘဲနေတဲ့ တာဝန်မဲ့တာကလည်း Veto Power ကိုင်ထားပြီး ထင်ရှားစွာပျက်ကွက်နေမှုတွေ နဲ့ အပြည်ပြည်ဆိုင်ရာ norm သတ်မှတ်ချက်တွေဟာ ဟန်ချက်ပျက် အဓိပ္ပါယ်မဲ့ သဘာဝမကျဖြစ်နေတာကို ထောက်ပြဆွေးနွေးနေကြပါတယ်။ မြေပြင် ground အခ

​ရုရှား ရေနံတင်သွင်းမှု အမေရိကန် လုံး၀ပိတ်ပင်လိုက်ပြီ

VOABurmese ရုရှား ကနေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ အားလုံးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ သမ္မတ ပူတင်ရဲ့ စစ်ယန္တယားကြီးကို နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက် တခု ဖြစ်တယ်လို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုဟာ ရုရှား သမ္မတ ပူတင်ကို အဓိက ဖိအားပေးဖို့ အမေရိကန် အစိုးရ အနေနဲ့ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ ရေနံစိမ်း၊ သဘာ၀ဓာတ်ငွေ့နဲ့ ရေနံထွက် ပစ္စည်းတွေ အပြင် ကျောက်မီးသွေးနဲ့ ကျောက်မီးသွေးထွက် ပစ္စည်းတွေကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ အမေရိကန် ရင်းနှီးမြှုပ်နှံခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရုရှားကနေ ရေနံစိမ်းနဲ့ လောင်စာဆီ တရက်ကို စည်ပေါင်း ၇၀၀,၀၀၀ လောက် အမေရိကန် ပြည်ထောင်စုကို တင်သွင်းခဲ့ပါတယ်။ ဥရောပတိုက်ကတော့ ရုရှားကနေ တရက်ကို စည်ပေါင်း ၄,၅၀၀,၀၀၀ လောက် တင်သွင်းနေတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် လုပ်ဆောင်နေပြီး ဥရောပတိုက်က တခြား မဟာမိတ် နိုင်ငံတွေ လိုက်မလုပ်နိုင်တာကိုလည်း နားလည်ကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

​ယူကရိန်းအတွက် တိုက်လေယာဥ်တွေ လွှဲပေးဖို့ ပိုလန်သဘောတူပြီ

Image
ယူကရိန်း သမ္မတ ဇယ်လန်စကီး တောင်းဆိုထားသလိုမျိုး ရုရှားလုပ် တိုက်လေယာဥ်တွေ အစုလိုက် အပြုံလိုက် ရလာတော့မှာ ဖြစ်ပါတယ်။ ပိုလန်ဟာ သူတို့ဆီမှာ ရှိသမျှ ရုရှားလုပ် မစ်ဂ်- တွမ်တီးနိုင်း MiG-29 တိုက်လေယာဥ်တွေကို အမေရိကန်ကို လွှဲပေးဖို့ အဆင်သင့်ပဲ ဆိုပြီး ကြေညာပါတယ်။  ယူကရိန်း လေသူရဲတွေဟာ ရုရှားလုပ် တိုက်လေယာဥ် တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်ကြတဲ့ အတွက် ရုရှားလုပ် ဖိုက်တာဂျက်တွေ ရအောင်ရှာပေးပါ ဆိုပြီး သမ္မတ ဇယ်လန်စကီးက တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒ့ါကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင် ကိုယ်တိုင် နေတိုးစစ်ရေးမဟာမိတ် အဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရှိနေတဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ လွှဲပေးနိုင်ရေး ညှိနှိုင်း နေခဲ့တာ ဖြစ်ပါတယ်။ ပိုလန်ကို တခြားအမျိုးအစား တိုက်လေယာဥ်တွေ အစားပြန်ပေးမယ် ဆိုပြီး အမေရိကန်က ကတိပြုထားပါတယ်။ အခုတော့  ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူတို့ရဲ့ တိုက်လေယာဥ်တွေကို ဂျာမနီနိုင်ငံမှာ ရှိတဲ့ အမေရိကန် လေတပ် အခြေစိုက်စခန်း ‘ရမ်းရှတိုင်း’ Ramstein ဆီကို ပို့မယ်လို့ ဆိုပါတယ်။  ရမ်းရှတိုင်းကနေ ယူကရိန်းထဲ ဘယ်လိုသယ်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိ

ကမ္ဘာရေနံဈေးကွက်ကြီး သွက်သွက်ခါ လှုပ်ရမ်း ခဲ့ရသည့် အကြောင်းရင်း များ

​ by Hla Soewai  -   Mar 09 2022 မတ်လ ၆ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်မှ မိမိတို့ သည် ရုရှားရေနံများကို အတူ လက်တွဲပြီး တညီတညွတ်တည်း ပိတ်ဆို့သွားရန် ဥရောပ မဟာမိတ်များ နှင့် ဆွေးနေးနေပြီဟု မမျှော်လင့်ပဲ ထုတ်ဖေါ် ကြေညာလိုက်မှု နှင့် အတူ ကမ္ဘာရေနံ ဈေးကွက်ကြီး သွက်သွက်ခါ အောင် လှုပ်ရမ်းသွားခဲ့ရပြီ ဖြစ်သည်။   ချက်ခြင်းဆိုသလိုပင် အမေရိကန် ရေနံစိမ်း ဈေးနှုန်း ၏ ပြဒါးတိုင်တခု လို ရပ်တည်နေသည့် West Texas Intermediate (WTI) ၏ ဈေးနှုန်းသည် ၉% ခန့် ထပ်မံ မြင့်တက်သွားပြီး ရေနံစိမ်း တစည်လျှင် ဒေါ်လာ ၁၄၀ အထိ ဖြစ်သွားခဲ့သည်၊ နောက်တနေ့ ဖြစ်သည့် မတ်လ ၇ ရက်နေ့တွင်တော့ ၁၂၃ ဒေါ်လာသို့ ပြန်ကျသွားခဲ့သည်။   သို့သော် ယူကရိန်းတွင် အခြေအနေများ ပို၍ ဆိုးလာပါက တစည်လျှင် ဒေါ်လာ ၂၀၀ အထိ မြင့်တက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းနေကြပြီ ဖြစ်သည်။   ကမ္ဘာတဝှမ်းရှိ ရေနံကုမ္ပဏီ သူဌေးကြီးများ၊ အိုပက် အဖွဲ့ဝင် ဝန်ကြီးများ အားလုံး သည် CERAWeek ဟု အမည်ပေးထားသည့် နှစ်ပတ်လည် ညီလာခံ ကြီး တက်ရောက်ရန် ဟူစတန်သို့ စုရုံးရောက်ရှိလာမည့် အချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။   ရေနံဈေးနှုန်းများ ဂဏှာမငြိမ် ဖြစ်လာရသည့်

ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည်

Image
​ Breaking News - အကြမ်းဖက်စစ်တပ်က ဝယ်ယူထားသော ဒေါ်လာ ၂၀၄ သန်းတန် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီး နေပြည်တော် ရောက်မည် ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME  စစ်တိုက်လေ ယာဉ် ၆ စီး နေပြည်တော်သို့ ယခုရက်ပိုင်းအတွင်းရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။  ရုရှားနိုင်ငံလုပ် IL-76TD အမျိုးအစား ကုန်တင်လေယာဥ်ဖြင့် ရုရှားလုပ် SU-30SME စစ်တိုက်လေယာဉ် ၆ စီးနှင့် အပိုပစ္စည်းများကို မတ်လ ၁၀ ရက်နေ့ ၊ မတ်လ ၁၂ ရက်နေ့ နှင့် မတ်လ ၁၄ ရက်နေ့တို့တွင် နေပြည်တော်သို့ လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။  မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည်  ရုရှားနိုင်ငံလုပ် Sukhoi SU-30SME အမျိုးအစား စစ်တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စုစုပေါင်း ၆ စီးအတွက် ဒေါ်လာ ၂၀၄ သန်း ဖြင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဝယ်ယူပြီး ၅ နှစ်နီးပါး ကြာမြင့်လာချိန်တွင် နေပြည်တော်သို့ လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။  ရုရှားကုမ္ပဏီ Sukhoi က ထုတ်လုပ်သည့်  SU-30SM

ကြမ္မာရဟတ် တပတ်လည်လာပြီ *******************************

Image
​ ၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။ ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိူင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။ ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ တင်ပို့နိုင်ရန် အတွက် ဖြစ်ကြောင်း ထင် ကြေးပေးမှုများ ထွက်ပေါ်လာနေသည်။ ‌တရုတ်ပြည် နှင့် ဘင်္ဂလားပင်လယ်အော်အကြား ဆက်သွယ်ထားသော "ရွှေကံလုံ" ဓါတ်ငွေ့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် ဖြစ်သည်ဟု ဆိုသည်။ ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးနိုင်မှု အနေအထားသည် တနေ့လျှင် ၂.၂ ဂီဂါဝပ်သာ ရှိတော့သည်ဟု စွမ်းအင်ဌာနက ဆိုသည်။ နိုင်ငံတကာ၏ စီးပွားရေး ဒဏ်ခတ်မှု များလည်း စတင် သက်ရောက် လာနေပြီ ဖြစ်သည်။ ပြည်သူများ အထူးသဖြင့်

​"ဂက်စ်ဆီစျေး...ထပ်တက်မည်တဲ့ဗျို့"

Image
ရုရှားဆီက. သွင်းတဲ့အန်နာဂျီထွက်ကုန်( ဂက်စ်ဆီ။ ကျောက်မီးသွေး။ ဂက်စ်) ကို.. အမေရိကားတင်သွင်းတာပိတ်လိုက်ပါပြီ..။ တခြားနေတိုးနိုင်ငံတွေ.. မပိတ်.. ဆန်ရှင်မလုပ်သေးပါ..။ အဲဒါကြောင့်.. ပြည်တွင်းဆီစျေးထပ်တက်ပါမယ်... ဆိုပါတယ်..။ အမေရိကားအတွက်.. အားလုံးတင်သွင်းဂက်စ်ဆီရဲ့.. ၈% မို့..  မထောင်းသာလှပေမယ့်.. ကမ္ဘာအတွက်.. ထိပါမယ်..။ အမေရိကားက.. အဲဒီကုန်ကြမ်းကနေ.. ကုန်ချောတွေပြန်ထုတ်ရောင်းတာ.. ရှိတာမို့ပါ..။  ဘိုင်ဒင်အုပ်ချုပ်ရေးက.. တပြိုင်ထဲ.. မူလအရင်က.. တားမြစ်..ဆန်ရှင်လုပ်ထားတဲ့.. အီရန်နဲ့.. ဗင်နီဇွဲလားနိုင်ငံတွေကိုလည်း.. စကားပြောနေပါတယ်..။ ကမ္ဘာ့ဆီထုတ်.. လိုအပ်တဲ့ကွက်လပ်ကို.. ဖြည့်ထုတ်ပေးဖို့ပါ..။ အိုပက်ကလည်း.. တိုးမထုတ်တာမို့တဲ့..။  အိုပက် - အာရပ်ဆီသူဌေးကြီးတွေ.. ပိုက်ဆံတွေကဲ့ယူနေ..။ ရီပါ့ဗလစ်ကန်ပါတီခေါင်း‌ဆောင်တွေ.. အခုသတင်းစာရှင်းလင်းပွဲလုပ်ပါတယ်..။ ရုရှားဆီပိတ်တာ.. အိုကေ..။ အီရန်နဲ့.. ဗင်နွီဲလားကို.. ချည်းကပ်.. ဆန်ရှင်လျှော့ပေးတာ.. မလုပ်သင့်လို့ဆိုပါတယ်..။ အဲဒီအစား.. ပြည်တွင်းမှာ.. တိုးထုတ်ပါတဲ့..။ ကီးစတုန်းပိုက်လိုင်းကို.. ပြန်ဖွင့်ပါတဲ့...။ ကနေဒါ.. ကီးစတုန်းပိုက်လိုင်းက.. ထုတ်ပေးမယ့်ဆီပမာဏက..

​၆ ကျပ် ၊ ၃ ကျပ် ၊ ၁၀ ကျပ် သတ်မှတ်အဖိုးအခထက်ပိုတောင်းကတိုင်ကြားနိုင်

Image
======== နိုင်ငံသားစိစစ်ရေးကတ်ပြား သတ်မှတ်အဖိုးအခဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားလျောက်ထားပါက ၆ ကျပ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ် လျောက်ထားပါက ၃ ကျပ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံး/ပျက်ဆီးမိတ္တူ လျောက်ထားပါက ၁၀ ကျပ်။ သတ်မှတ်အဖိုးခထက်ပိုကတိုင်ကြားနိုင် (စံတော်ချိန်ကမေးမြန်းသည်ကို လဝက ကပြန်လည် ဖြေကြားထားချက်ပါ)

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

Image
​ Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ ၇.၁၀.၂၀၂၁နေ့တွင်ရန်ကုန်တိုင်း,မရမ်းကုန်းမြို့နယ်,ကန်ရိပ်သာလမ်းရှိ Brave Bar အမည်ခံ Clubအား စစ်ကောင်စီတပ်မှ ည ၁၁:၄၅ နာရီတွင် ဝင်ရောက်ဖမ်းဆီးရာ Brave Bar Clubတွင် အရက်,မူးယစ်တေဆေးဝါးများသုံးစွဲပြီးပျော်ပါးနေတဲ့ အမျိုးသား အမျိုးသမီး ဝန်ထမ်းအပါအဝင် စုစုပေါင်း လူ၂၀၀ဝန်းကျင်ခန့်ဖမ်းဆီးခံရတယ်လို့ ကနဦးသိရှိရပါတယ်။ ဒါပေမယ့် ယနေ့ မနက် ၉:၀၀ နာရီဝန်းကျင်တွင် အဆိုပါ Brave Bar Clubအတွင်းဖမ်းဆီးခံရတဲ့ ဧည့်သည်များ,clubရှိမန်နေဂျာ,ဝန်ထမ်းအားလုံး အန္တရာယ်ကင်းစွာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သတင်းခိုင်မာစွာကြားသိရပါတယ်။ ညတုန်းက စစ်ကောင်စီတပ်ကဖမ်းခံရတဲ့သူအားလုံး လွတ်မြောက်သွားကြောင်း မည်သူ့ကိုမှဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိကြောင်း သိရှိရပါတယ်။ Brave Bar ကို အခုလို ည၁၀ နာရီကစပြီး မနက်၄နာရီအထိ ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်ဘယ်လိုပုံစံနဲ့ဖွင့်ထားတာလဲ ဆိုတဲ့အချက်ကအရေးကြီးပါတယ်။ Bar ဖြစ်ဖြစ်Clubဖြစ်ဖြစ်တိတ်တဆိတ်မသိအောင် ခိုးပြီးလျှို့ဝှက်ဖွင့်လို့အဆင်ပြေတဲ့လုပ်ငန်းမျိုးမဟုတ်ပါဘူး။ဒါဆိုအခုလို ညမထွက်ရအမိန့်ထုတ်ထားတဲ့အချိန်Bar တို့ clubတို့

​ရန်ကုန်ရှိ Brave Bar ဗုံးခွဲတိုက်ခိုက်ခံရ

Image
—People's Spring ရန်ကုန်မြို့ ကန်ရိပ်သာလမ်းရှိ Brave Barကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အဆောက် အဦးနှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။ "ခရိုနီစိုးလှိုင်က အများအမြင်မှာ လူကြီးလူကောင်းယောင်ဆောင်ပြီး ရန်ကုန်မြို့ ရဲ့ မူးယစ် ဆေးဝါး လုပ်ငန်းစုထဲမှာ အဓိကပါဝင်သူဖြစ်ပါတယ်။ နောက်ပြီး ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ရောက်ရှိသော မိန်းကလေးများကို လိင်အမြတ် ထုတ်ခြင်းစတဲ့ လူမဆန်တဲ့ လုပ်ရပ်များကို ကျူးလွန်လျက်ရှိတာကြောင့် ကျွန်တော်တို့အဖွဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။"ဟု JBF မှတာဝန်ရှိသူက ဆိုသည်။ ယနေ့(မတ်လ ၈ ရက်) ညနေ ၃နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Barပိုင်ရှင်နှင့် ပတ်သက်သည့်အချက်အလက်များကို သေသေချာချာ အတည်ပြုပြီးမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ "တိုက်ခိုက်ရေး အင်အားစုများနဲ့ ပြည်သူများကိုလည်း ဒီလူယုတ်မာ ခရိုနီ စိုးလှိုင်နှင့် ၎င်း၏ ပိုင်ဆိုင်မှုများ ကို ပစ်မှတ်ထားတိုက်ခိုက်ကြဖို့ ပြောချင်ပါ တယ်"ဟု ၎င်းက တိုက်တွန်းသည်။ ယင်းတိုက်ခိုက်မှုကြ