မြန်မာ့ ကြက်သွန်ဖြူ သပိတ် စကြစို့ 💪✅
တရုပ်ပြည်က တင်သွင်းတဲ့ အရည်အသွေးညံ့ အစားအသောက်မျိုးစုံထဲမှာမှ စက္ကူစုပ်လိုမျိုး အနံ့အရသာမရှိ ပွစိစိ ကြူကုတ်ကြက်သွန်ဖြူ မစားကြဖို့ အိမ်တိုင်း အိမ်တိုင်းတာဝန်ယူကာ မသုံးကြခြင်းဟာလဲ နေ့တိုင်း လုပ်နိုင်တဲ့ မီးဖိုချောင်ထဲက ငြုပ်ဆုံသပိတ် တစ်ခုပါ💪💪💪 အထူးသဖြင့် အခုလို မတ်၊ ဧပြီ ဆိုတာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် နဲ့ အညာဒေသစိုက် ကြက်သွန်ဖြူတွေ စပေါ်တဲ့ အချိန်ပါ။ ရှမ်းပြည်၊ အထူးသဖြင့် ပအို့ဝ်ဒေသတွေကတော့ အများဆုံးထွက်ပါတယ်။ တရုပ်ကြက်သွန်ဖြူတွေစိုက်တဲ့နေရာမှာ မြေဩဇာတွေ၊ ဟော်မုန်းဆေးတွေ အလွန်အကျွံသုံးလို့ အရွယ်အစား အရမ်းကြီးကာ အသားပွပွ ၊ အနံ့အရသာမရှိ မှန်း ကို မြန်မာ့ အိမ်ရှင်မ၊ အိမ်ရှင်ထီးတွေ ၊စားဖိုမှူးကြီးတွေ သိပြီးသားပါ။ စျေးပေါပေါနဲ့ ရောင်းနိုင်တာကလဲ ၊ အာလူးတွေကို တရားမဝင်ခိုးသွင်းတဲ့ခါ အာလူးအိတ်တွေကို ဖုံးဖို့ အပေါ်ကနေ ကြက်သွန်ဖြူ အိတ်တွေတင်ပြီး ခိုးသွင်းကြတာမို့ ၊ အာလူးမှာ အမြတ်ကြမ်းပြီးသားမို့ ကြက်သွန်ဖြူကိုတော့ သူခိုးစျေးနဲ့ ရောင်းနိုင်တာ ဆိုတာ သိစေဖို့ပါ။ ဒါက အကင်းဘဲ ပြောတာ အများကြီးရှိသေးတယ် ပြောဖို့။ သိပ်မရှည်ဘဲ လိုရင်းသာ ပြောပါမယ်၊ မြန်မာ့ ကြက်သွန်၊ ရှမ်း၊ ပအို့ဝ် ကြက်သွန်ဖြူတွ