အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကိုဒေါ်လာ၁၃၆သန်းထောက်ပံ့
အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ၁၃၆သန်းတဲ့။ အထက်လွှတ်တော်ရော အောက်လွှတ်တော်ကရော ထောက်ခံပြီးတာမို့ သေချာသလောက်နီးပါးတော့ ရှိနေပါပြီ။ ရက်ပိုင်းအတွင်း မစ္စတာဘိုင်ဒန် လက်မှတ်ထိုးအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ ဒီ၁၃၆ သန်းဟာ နွေဦးတော်လှန်ရေးအတွက် ထိရောက်တဲ့နေရာမှာ အသုံးပြုခွင့်ရမယ်ဆိုတော့ဖြင် စောက်ပုရဲ့ နေ့ရက်တွေကို အမြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။ မုန်တိုင်းနေ့စွဲတွေမှာ လေပြေရနံ့ကို လှမ်းရလိုက်တာပဲ။ ❤️ ပန်ဆယ်လို နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မ