ကောင်းကင်ပြင်တွင် ထူးဆန်းသော အလင်းတန်းတစ်ခုရွေ့ လျားသွား
Western News| ဒီဇင်ဘာ၊ ၁၅ ရက် ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်နှင့် ၇ နာရီ ဝန်းကျင်လောက်တွင် ထူးဆန်းသည့် အလင်းတန်းတစ်ခုကို ရခိုင်ပြည်အနှံ့အပြင် မြန်မာပြည် တစ်ဝှမ်းမှ မြင်တွေ့ခဲ့ရပြီး အလင်းတန်းပေါ်ထွက်လာမှုမှ အလျားလိုက် အနေအထားဖြစ်ကာ အနောက်ဖက်တွင် ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထူးဆန်းသည့် အလင်းတန်းကို ရခိုင်ပြည် မြို့နယ် အသီးသီးက အာကာပြင်တွင် တွေ့မြင်ခဲ့ရသည့်အပြင် အဆိုပါမြင်ကွင်းကို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်၊ တိုင်းတချို့မှ တွေ့မြင်ရကြောင်း ဒေသခံတစ်ချို့ က Western News ကို ပြောသည်။ "နေထွက်တဲ့အရပ်တဲ့ မျက်နှာချင်းဆိုင်မှာပေါ်လာတာမျိုးပေါ့။ အပြင်ကိုအမှတ်မထင်ထွက်ကြည့်ရင်းနဲ့တွေ့တာ။ အလင်းတန်းက တစ်စုတစ်စည်းတည်းအနေထားကနေပြန့်ကြဲသွားတယ်။ အလင်းတန်းရှေ့မှာ အရာဝတ္ထုတစ်ခုတော့တွေတော့ ဓာတ်မီးတောင့်လိုပဲ ခပ်ချွန်ချွန်လေး။ အဲ့လိုပေါ်လာတော့ ကိုယ့်ဒေသဓလေ့အတိုင်း အမျိုးမျိုးတော့ အတိတ်နိမိတ်ကောက်တာတွေ တောင်ရှိနေကြတယ်" အလင်းတန်းအားမြင်တွေ့ခဲ့သူတစ်ဦးကပြောသည်။ ယခုကဲ့သို့အလင်းတန်းဖြစ်ပေါ်မူကို နိုင်ငံတဝန်းမှ လူဦးရေအမြောက်အမြားမြင်တွ