Posts

သီတာယုမွန် (မြင်းခြံပျူအဖွဲ့(၆)ခေါင်းဆောင်)

Image
သူ့သမီးအကြီးမလေးက မဟော်သဓါမှာတက်နေတာ  နေ့လုံးဝအပြင်မထွက် ညဘက်မှာဘေးမှာ ၁၀ယောက်လောက်ခြံရံပြီးမှအပြင်ထွက်ကြောင်းသိ

ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ် ပေါက်ကွဲမှုဖြစ်

Image
လူသေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူများပြား မဲခေါင်၊ ဒီဇင်ဘာ  ၁၈ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရန်ကုန်-ဒလ ချယ်ရီ၁ ကူးတို့သဘော်ပေါ်မှာ ဒီနေ့ဒီဇင်ဘာ၁၈ရက် ညနေ၆နာရီ ၄၅မိနစ်က အချိန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်ဘက်ကနေ ဒလဘက်ကို ကူးခါနီး ကမ်းကနေမခွာခင် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူအချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက်၂၀ဝန်းကျင်ခန့် ရှိတယ်လို့ သွားရောက်ကူညီသူတစ်ဦးက ပြောပါတယ်။ "လူနာတင်ယာဥ်တွေ မြို့နယ်အစုံက သတင်းကြားတော့လာသယ်နေတာ။ ကြားရသလောက်တော့ စာရင်းကောက်နေတာ သေတာ၃ဦး ထိခိုက်ဒဏ်ရာရတာ ၁၉ဦးရှိတယ်။ စာရင်းကတော့ကောက်နေတုန်းဆိုတော့ အတည်ပြုလို့မရ​သေးဘူး"လို့ သူကပြောပါတယ်။ ရန်ကုန်မြို့အတွင်း လသာ၊ ကျောက်တံတား၊ ပန်ဘဲတန်း၊ ဗိုလ်တထောင်၊ အလုံမြို့နယ်တွေကနေလည်း ညနေ၆နာရီ၄၅မိနစ်က ပေါက်ကွဲသံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ MK - 005 #MeKongNews

သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရ

Image
သာယာဝတီထောင်က နိုင်/ကျဉ်းတွေ အလုပ်ကြမ်းပါလုပ်နေရကြောင်း မိသားစုဝင်တွေပြော ~~~~~ ■ ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက အလုပ်ကြမ်းတွေပါ ခိုင်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားဝင်တွေက ပြောပါတယ်။ အိမ်သာကျင်းကအစ တူးခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။  “သာယာဝတီထောင်မှာ နိုင်/ကျဉ်းတွေကိုပဲ နှိပ်ကွပ်တဲ့သဘော ဖြစ်နေတယ်။ အရင်က ခိုး၊ ဆိုး၊ လု၊ နှိုက်တွေကို ခိုင်းတဲ့ မိလ္လာကျင်းတူးတာတို့ ဘာတို့ဆိုရင် အခုသူတို့ကို မခိုင်းတော့ဘဲနဲ့ နိုင်/ကျဉ်းတွေကို ခိုင်းနေတယ်။ အိမ်သာကျင်း တူးခိုင်းတယ်။ ယာခင်းထဲတွေ သွားခိုင်းတယ်။ ညဘက် အိပ်လို့မရအောင်လုပ်တယ်။ ဆူရင် ပူရင်လည်း အကျဉ်းသားအချင်းချင်းကို ရိုက်ခိုင်းတာတဲ့။ ရိုက်နှက်တဲ့သူကို ကော်ဖီမစ် ၃ ထုတ်ပေးပြီးတော့ ရိုက်ခိုင်းတာ” နှလုံးယောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကိုလည်း ဆေးသေချာကုမပေးဘဲ ပစ်ထားတယ်လို့ ဆိုပါတယ်။    ဒါ့အပြင် ထောင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့မရအောင် လက်ရှိ သံဇကာတွေ ကာလိုက်လို့ လမ်းလျှောက်ဖိ

တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲ

Image
ဝိုင်းမော်မြို့ KIA နယ်မြေထဲက တရုတ်လုပ်ငန်းရှင်ရဲ့ သံကျောက်တူးလုပ်ကွက် ဗုံးကြဲခံရ ~~~~~ ■ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဆိုင်မိုင်ရွာက တရုတ်လုပ်ငန်းရှင်တစ်ဦးရဲ့ သံကျောက်တူးဖော်တဲ့ လုပ်ကွက်ကို ဒီဇင်ဘာလ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး လာကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလုပ်ကွက်ဟာ အရင်က ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးတေဇ လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် နောက်ပိုင်းမှာ တရုတ်လုပ်ငန်းရှင်တစ်ဦးက ပြန်လည်တူးဖော်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။   “အရင်က တေဇလုပ်တဲ့အချိန်တော့ ကန်တော်ယန်ကတစ်ဆင့် ကန်ပိုက်တီဘက်ကိုပို့တာ။ အဲချိန်မှာတော့ အပေါ်က လူကြီးတွေလည်း စားရ၊ အောက်ကဂိတ်မှာထိုင်တဲ့ သူတွေလည်း စားရတော့ အဲချိန်က ဘာမှမဖြစ်ဘူး။ အခုလည်း ကန်တော်ယန်ဘက်က တစ်ဆင့် ကန်ပိုက်တီဘက်က ပြန်သယ်ဖို့ပြောတာပေါ့ စကစတွေဘက်က။ အခုက ဒီလိုင်ဇာ ဘက်ကတစ်ဆင့် တရုတ်ကိုပို့တော့ စကစ မစားရတော့ဘူး။ စကစဘက်ကလည်း ဟိုတလောကနေ ကန်ပိုက်တီဘက်ကနေ မပို့ရင် အနှောက်အယှက်ပေးမယ်လို့ သတိပေးထားတာလို့ ကြားတယ်။ အခုမပို့တော့ သူတို့က လေယာဉ်နဲ့လာပစ်တာပေါ့။ လူ

သာမညဆရာတော်ရုပ်အလောင်းကို ဖျက်စီးခဲ့တဲ့စောချစ်သူ

Image
#ရွှေကရင်တို့စည်းလုံးချိန်တန်ပြီ ကရင်ပြည်နယ်ကောင်းစားချင်ရင်ကရင်လူမျိုးညီညွတ်ဖို့လိုတယ် စစ်အုပ်စုရဲ့ ယုတ်မာတဲ့အကြံစည်များသိသင့်ပါပြီ သံတောင်ပြည်သူ့စစ်ကတော့ လက်မောင်းဘက်ခွါပြီး မူလပထမ KNU နဲ့ပြန်ပေါင်းသွားပြီ။  တချို့DKBA ကလူတွေလည်း မိခင် KNU ထံ ပြန်လာပေါင်းကြတာတွေရှိပြီ။ BGF က အောက်ခြေ ကရင်တပ်သားတွေလည်း ကရင်လူမျိုးအတွက် ခုလိုအရေးကြီးချိန်မှာ သွေးစည်းဖို့အသိတရားရှိသင့်ကြပါ ပြီ။  စောချစ်သူ ဆိုတာ KNU ထဲလည်း ဖူးဂျော်နီတို့ ဖူးဖော့ဒိုတို့လို သဘာ လည်းမရှိသလို ဇ လည်းမရှိ။ပညာဆိုတာ ကလည်း(၄)တန်းတောင်မအောင်။စာမတတ်လို့ သူမိန်းမ ဆရာမက စာသင်ပေးရတဲ့အဆင့်။ DKBA ဖွဲ့စကတောင် နာမည်မရှိနေရာမရှိတဲ့ကောင်က ကရင်ဂွင်ထဲဝင်လာတဲ့ ‘ဝ’တွေဆီက ယာဘ(မြင်းဆေး)နည်းပညာတွေခိုးပြီး “ဝ “ကိုပြန်Thet ခဲ့၊ ဒုက္ခတွေအမျိုးမျိုးပေးပြီး မြဝတီက ‘ဝ’ ပိုင်မြေတွေ မောင်ပိုင်စီးခဲ့လို့ “ဝ “က တရုတ်နဲ့ညှိပြီး တဖက်လှည့်နဲ့ သူ့မြေမှာ ကာစီနိုတွေဖွင့်စေခဲ့ပြီး ရိုးသားတဲ့ကရင်မြေကို အညှီအဟောက်တွေလွှမ်းစေခဲ့တဲ့ လူမျိုးပါ။ ဒါတင်ပဲလားဆိုတော့••• သာမညဆရာတော်ရုပ်အလောင်းကို သန်းရွှေကဖျက်ဆီးခိုင်းပြီးချိန် မြှောက်စားလို့ တောက်ကြွားလာပြီး ၂၀၀၈/၉ လောက် 9E

ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ်

Image
မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကို အထောက်အပံ့ဖြစ်နေတဲ့လုပ်ရပ်တွေကြောင့် ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ကို နော်ဝေး ရန်ပုံငွေအဖွဲ့ထုတ်ပယ် ဒီဇင်ဘာ ၁၇၊ ၂၀၂၂ ထိုင်းစွမ်းအင်ကုမ္ပဏီ PTT ရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်တွေအတွက် အထောက်အပံ့ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နော်ဝေး ရင်းနှီးမြှုပ်နှံမှုအစုအဖွဲ့မှ ထုတ်ပယ်လိုက်ပါတယ်။  ဒါ့အပြင် ကမ္ဘာအကြီးဆုံး အမေရိကန်ဒေါ်လာ ၁.၃ ထရီလီယံရှိတဲ့ ရန်ပုံငွေအဖွဲ့ရဲ့ ဗဟိုဘုတ်အဖွဲ့ကလည်း PTT ရေနံနှင့် လက်လီစီးပွားရေး ကုမ္ပဏီ (PTT OR) နဲ့ အစ္စရေးအခြေစိုက် Cognyte ဆော့ဝဲကုမ္ပဏီနှစ်ခုကို လက်သင့်မခံနိုင်စရာ လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းပြချက်နဲ့ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။ ရန်ပုံငွေအဖွဲ့ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးကောင်စီက ထိုင်းနဲ့ မြန်မာစစ်ကောင်စီရဲ့ စစ်အုပ်စုပိုင် ကုမ္ပဏီတွေကြား ခိုင်မာတဲ့ မိတ်ဖက်လုပ်ငန်းနဲ့ သူတို့ရဲ့ဆောင်ရွက်မှုတွေက စစ်အုပ်စုရဲ့ စစ်ဆင်ရေးနဲ့အကြမ်းဖက်မှုတွေမှာ ငွေကြေးရင်းမြစ်လမ်းကြောင်းအနေနဲ့ အထောက်အပံ့ဖြစ်နေတယ် လို့ပြောကြာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီရန်ပုံငွေအဖွဲ့က အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်နဲ့ပဋ

တအာင်းတပ်မတော် (TNLA) ထုတ်ပြန်ချက်

Image
🟢 တအာင်းဒေသ နမ့်ဆန်မြို့နယ် ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းတပ်မတော် (TNLA)က ထုတ်ပြန်ချက် ထုတ်လာပါတယ်။ စစ်ကောင်စီဘက်က ထုတ်ပြန်ထားသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရတာမရှိပဲ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကိုသာ TNLA က သိမ်းဆည်းရမိခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၁၈ ရက်

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

Image
နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို   ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၈  ခေတ် သစ် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။  ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။  "ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင

NDAA အပေါ် သူတို့အမြင်

Image
အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။ ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။  ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ  သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။  BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

Image
ရော်နယ်ဒိုတို့... နေမာတို့ငိုပြလိုက်တယ်... ကမ္ဘာကျော်တွေရဲ့မျက်ရည်... တကမ္ဘာလုံးကြွေပေါ့..... ကမ္ဘာမကျော်တဲ့... အညာသူကြီးတွေရဲ့မျက်ရည်... လူမသိသူမိသိ... ကမ္ဘာကြီးလည်းမသိ...                           M ! N G Y !  .....