Posts

အိုင်းရင်းမြှေက်ပေးလို့PDFတွေသေကုန်တဲ့မှတ်တမ်း

https://youtu.be/GKdJb0zKySA

ဝက်မဲပို့စ်တင်ရင်ဟဟဖြုတ်ပြီး တင်ပါလို့ပြောပေး

Image

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

Image
အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။ RFA Burmese 2022-12-23 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား တွေ့ရစဉ်   Tai Freedom - Burmese Version အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။ အပစ်ရပ် ခုနစ်ဖွဲ့ဘက်က မဟုတ်ဘဲ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာတာလို့ ဆိုပါတယ်။ တွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေးနွေး

ဟိုက PAGE တောင်အသံမထွက်တတ် လို့ ADMIN ခန့်ထားရတာ

Image
အိုင်းရင်းကိုယုံတာမယုံတာထက် ဟိုမအေလိုးလေးကိုမယုံတာ ဒီလိုအကောင့်လောက်တော့ကလေး တောင်ဖွင့်တတ်တယ် ထော့ကျိူးမသိတာအိုင်းရင်းမှာ အတန်းပညာမရှိတာပဲ သူက Live! လွှင့်တာလောက်ပဲတတ်တာ စာရေးမသန်ဖူး ဆိုင်တဖက် ကလေး ၂ယောက်နဲ့ ၊ ထော့ကျိူးတနေ့တနေ့တင်နေတာ စာအုပ် တအုပ်စာရှိတော့မယ် အိုင်းရင်းတကယ်သစ္စာဖေါက်မဖေါက် ထော့ကျိုးဖက်က ဒီထက်ပိုတဲ့သက်သေ ပြနိုင်ရမယ် အလုပ်ကိစ္စပြောထားတာတွေကို နုတ်အားဖြင့် လူချင်းသော်၎င်း Voice MSG သော်၎င်း အသံဖိုင် ထုတ်ပြဖို့လို တယ် အိုင်းရင်းက ဒလန်လုပ်ပြီးပို့ထား တဲ့ UG List ရှိလား ဒီလောက်နဲ့တက် မလာနဲ့ ထော့ကျိူး ငါတို့နိုင်ငံရေးစလုပ် ချိန်မင်းမမွေးသေးဖူး  ငါတို့အကောင့်မျိူးစုံနဲ့ပြန်/ဝန်ကျော်ဆန်း တပည့်ရုရှားကစခတွေနဲ့တိုက်ခဲ့ကြတဲ့ ၂၀၀၇မှာ မင်းကအင်တာနက်ဆိုတာ ဂိမ်းဆော့ဖို့ ဆိုတဲ့အသိပဲရှိသေးတယ် ငါတို့ကလွယ်လွယ်နဲ့မယုံတတ်ဖူး မင်းစကားတခွန်းနဲ့ အိုင်ရင်းကိုချနင်း ပြီး လောင်ပြရမှာလား ဝေးသေးတယ် အိုင်းရင်းကဆဲလိုက်တော့မင်းတုံ့ပြန်တာ ပျော့တယ် လုပ်ပါ စာရိုက်တာတွေချည်း တင်မနေနဲ့ အိုင်းရင်းပြောသလိုသူ့သား ၂ယောက်ရဲ့စာအုပ်မိတ္တူပြ​လေ သူပို့တဲ့UGစာရင်းပြလေ နောက်တခါ 

မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT)

Image
BURMA ACT ဥပ‌ဒေ အတည်ဖြစ် ***************** သောကြာနေ့ နံနက်ပိုင်း တွင် အမေရိကန် သမ္မတ နှင့် တပ်ပေါင်းစု ၏ စစ်သေနာပတိလည်း ဖြစ်သူ ဂျိုး ဘိုင်‌ဒင် မှ အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ ကို လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်၍ ထိုအထဲတွင် ထည့်သွင်းထားသော မြန်မာစစ်တပ် တာဝန်ခံမှု ရှိစေရေး မဆုပ်မနစ် ညီညွတ်စွာ ကြိုးပမ်းစို့ ဟု အဓိပ္ပါယ်ရသည့် Burma Unified through Rigorous Military Accountability (BURMA ACT) သည် ဥပ‌ဒေ ဖြစ်လာခဲ့သည်။ BURMA ACT အတွက် ပါရှိသော ဘတ်ဂျက်သည် အမေရိကန် အလုပ်သမား ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်း ဝန်ကြီး ဌာန သို့ ချပေးခြင်း မဟုတ်၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ၏ အသုံးစရိတ် အတွက် ချပေးခြင်း ဖြစ်သည်ကို စစ်တပ် အနေဖြင့် ရှင်းလင်းစွာ ရှုမြင် တတ်ဖို့ လိုအပ်လာပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဌာနမှလည်း စစ်တိုင်းကြီးများကို အခိုင်အမာ ဖွဲ့စည်းထားပြီးလည်း ဖြစ်သည်။ ရုရှားသို့ အကြောင်းအမျိုးမျိုးပြ အခေါက်ခေါက် အခါခါ သွား၊ နိုင်ငံထဲသို့ ခေါင်းစဉ် အမျိုးမျိုး ဖြင့် ဖိတ်ခေါ်၊ ငါ့တို့နောက်တွင် ရုရှား ရှိတယ် ဟု ပြည်သူများကို ခြိမ်းခြောက်ရန်၊ အမေရိကန်တို့ စိတ်လည်လာစေရန် သန်းရွှေ‌ ခေ

န် ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ

Image
အမေရိကန်ကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး ၊ NUG ၊ NUCC နှင့် CRPH ကို ထောက်ခံ အားပေးရန်၊ PDF နှင့် EAO များကို အကူအညီပေးရ န်  ဥပဒေ ပြဋ္ဌာန်းချက်များ စတင် အသက်ဝင်ပြီ ရန်ကုန်၊ ဒီဇင်ဘာ ၂၄  ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA ကို သမ္မတ ဘိုင်ဒင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပြီး ဥပဒေတွင် ပါဝင်သည့် မြန်မာ့အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်သော  NUG ၊ NUCC နှင့် CRPH တို့ကို ထောက်ခံရန်နှင့်  PDF နှင့် EAO များကို နည်းပညာအကူအညီပေးရန် ပြဋ္ဌာန်းချက်များမှာ စတင် အသက်ဝင်နေပြီဖြစ်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့(မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့)တွင် အဆိုပါ ဥပဒေကို လက်မှတ် ရေးထိုး အတည် ပြုခြင်းဖြစ်ပြီး  မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ ၏ အာဏာသိမ်းမှုအရေးကို ​ဖြေရှင်းရန် အမေရိကန်က အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းထားသည်။  အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင် ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာ မျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားကာ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေး မူဝါဒ အဖြစ် အချက် ၈ ချက်ပါဝင်သည်။ ၁-မ

NDAA အောင်မြင်သွားပြီ

Image
မင်္ဂလာသတင်းလေးပါ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒင်းမှ  လက်မှတ်‌​ရေးထိုးပေးလိုက်ပါပြီ။     NDAA အောင်မြင်သွားပြီ။ Photo : US ထုတ်ပြန်ချက် သတင်း  Source KKH🌏

ပြည်သူတွေကို ချွေတာခိုင်းတဲ့ မင်းအောင်လှိုင်နဲ့ မိန်းမ ကြူကြူလှ ဒေါ်လာ ထောင်ချီတန် အဝတ်၊ အိတ်အသုံး အဆောင် တွေနဲ့ လူလုံးပြ ပွဲတက်နေ၊ တစ်မိသားလုံး တန်ဖိုးကြီး နာမည်ကြီး တံဆိပ် များကိုသာ သုံးစွဲ

Image
By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူတွေကို လျှပ်စစ် ချွေတာဖို့ ၊ စက်သုံးဆီ ချွေတာ ဖို့အတွက် တဖွဖွပြောပြီး စက်ဘီးပါ စီးခိုင်း လာပေမယ့်လည်း မင်းအောင်လှိုင်နဲ့ သူ့မိန်းမ ကြူကြူလှကတော့ ဒေါ်လာ ထောင်ချီ တန် အဝတ်တွေ၊ အိတ်တွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုကိုင် ဆောင် အသုံးပြု  ပွဲတွေတက်လူလုံးပြနေပါတယ်။  နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ အစည်း အဝေး၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်သူ စစ်ကောင်စီအစည်းအဝေးတွေမှာ မင်းအောင် လှိုင်က ပြည်သူတွေအနေနဲ့ လျှပ်စစ်ဓာတ်အား ချွေတာဖို့ ၊ ရေကို ချွေတာဖို့ ၊ စက်သုံးဆီချွေတာဖို့ အမြဲမ ပြတ်ပြောနေပါတယ်။ ဒါ့အပြင် စက်သုံးဆီ သုံးစွဲမှုကို လျှော့ချပြီး စက်ဘီးကဲ့ သို့သော ယာဉ်များ ပြည်သူတွေ စီးနင်းကြဖို့ တိုက်တွန်းခဲ့ တာလည်း ဖြစ်ပါတယ်။    ပြည်သူတွေကို ချွေတာဖို့ ပြောနေပေမယ့်လည်း အကြမ်းဖက် မင်းအောင်လှိုင်၊ကြူကြူလှနဲ့ မိသားစုတစ်ခုလုံးက အသုံးအဆောင်တွေ ဝယ်ယူရာမှာ ပြည်ပ နာမည်ကြီး တံဆိပ်တွေကို ခုံခုံမင်မင် ဝယ်ယူသုံးစွဲနေကြတာလို့ စစ်ဘက် သတင်းရပ်ကွက်က အတည်ပြုပြောဆိုပါတယ်။ မင်းအောင်လှိုင်နဲ့ ကြူကြူလှကိ

ရေတပ်နှစ်ပတ်လည်နေ့ စစ်ခေါင်းဆောင်တက်ရောက်မည်ဟု သတင်းများထွက်နေပြီးသန်လျင်မြို့ အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ဖမ်းဆီးအစစ် အဆေးကြမ်းနေ

Image
ဒီဇင်ဘာလ ၂၃ ရက် စစ်ကောင်စီတပ်၏ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် ၇၅ နှစ်​မြောက် ရေတပ်နှစ်ပတ်လည်နေ့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မည်ဟု စစ်ကောင်စီရေတပ်အသိုင်းအဝိုင်းထံကသိရပြီး သန်လျင်မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများချထားသည့်အပြင် လှည့်ကင်းများလှည့်၍ စစ် ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ ရေတပ်နှစ်ပတ်လည်နေ့အား ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ရေတပ်စခန်းဌာနချုပ်တွင်ပြုလုပ်မှာဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်မှစတင်၍ သန်လျင်မြို့ သန်လျင်-သီလဝါ သွားကားလမ်းမကြီးနှင့်ရပ်ကွက်အတွင်းလမ်းသွယ် များထိပါ စစ်ကားများဖြင့် ကင်းလှည့်နေပြီး တစ်အိမ်တက်ဆင်းစစ်ဆေးမှုများလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။ " မနေ့ မနက်ထဲက မိန်းလမ်းမကြီးပေါ်ရော ရပ်ကွက်ထဲကလမ်းတွေကိုရောကားတွေနဲ့ပတ်နေတာ။ ဒီနေ့လည်းပတ်နေတယ်။ မနေ့ညက တစ်အိမ်ချင်းဝင်စစ်တယ်။ရပ်ကွက်ရဲ့လမ်းတွေထဲထိပါ စစ်ကားတွေ ၃၊ ၄ စီးပတ်ပြီးတော့ သွားနေတာ။လမ်းမှာဆိုင်ကယ်မြင်ရင်ဆွဲတင်ပြီးတော့ ဘေးတွဲတွေကိုတော့ လူလိုင် စင်၊ ယာဥ်လိုင်စင်စစ်ပြီးအကုန်ပြည့်စုံနေရင် တောင် ထိုင်ထလုပ်ခိုင်းတယ်။ သူတို့နဲ့မတွေ့လေကောင်းလေပါပဲ။ဒီမန

မင်းအောင်လှိုင် ရန်ကုန်ရောက်ချိန် လုံခြုံရေး တင်းကျပ် ထားသည့်ကြားမှ တာမွေ ကျောက်မြောင်း ပွဲစျေး နှင့် မရမ်းကုန်းတိုတွင် ဗုံးများပေါက်ကွဲ

Image
ဒီဇင်ဘာလ ၂၃ ရက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေချိန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ တာမွေကျောက်မြောင်းပွဲစျေးတန်း အနီး နှင့် မရမ်းကုန်း တိုတွင် ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြိုခံများက ပြောသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန်တွင် တာမွေမြို နယ်၊ ကျောက်မြောင်းပွဲစျေးအနီးတွင် ဗုံးပေါက်ကွဲသွားပြီး ပွဲစျေးမှ လူတချို ၀ရုန်းသုန်းကား ထွက်ပြေးရကြောင်း တာမွေ ပြည်သူတချိုက‌ ပြောဆိုသည်။ "ကျောက်မြောင်းပွဲဈေးဗုံးပေါက်တာ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး ထိသွားတယ်။ ပွဲစျေးက လူမရှိပါဘူး။ ဗုံးပေါက်တော့ မရှိတဲ့လူတွေပါ ၀ရုန်း သုန်းကား ပြေးတယ်။ လူနာတင်ကား ၁ စီးလာတယ်။ ဒဏ်ရာရတာက အသက် အန္တရာယ် မစိုးရိမ်ရဘူး။ ခြေထောက်မှာ ဗုံးစ ထိတယ်လိုပြောတယ်။အခုတော့ ခွေးတွေ ရောက်နေကြပြီ" ဟု တာမွေ ပြည်သူတစ်ဦးက ဆိုသည်။ အလားတူ မရမ်းကုန်းမြိုနယ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ ၂ ချက်ကြားရပြီး ပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ မည် သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးသော်လည်း ဗုံးပေါက်သံ ကျယ်လောင်မှုကို မရမ်းကုန်းမြိုနယ်နေရာတချိုမှ ကြားရကြောင်း မရမ်ကုန်း မြိ