သတိုးမဟာ မင်းအောင်လှိုင်ဖြစ်လာမည်လော
လွန်ခဲ့တဲ့၂နှစ်ဒီနာရီမှာ လွှတ်တော်အမတ်တွေရဲ့တည်းခို ရိပ်သာသမ္မတအိမ်တော် အမေစုအိမ် ဝန်ကြီးချုပ် ဝန်ကြီး များ၏နေထိုင်ရာအိမ်များကိုတံခါးခေါက်ချိန်ဖြစ်သည်။ ဒီလိုဖြစ်လာမည်ဟုကြိုသိထားသောအမေစုက Printed Letter တစောင်ကို ဦးဝင်းထိန်ထံချန်ရစ်ခဲ့သည်၊ ထိုစာ၏ အနှစ်ချူပ်မှာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည် အပ်နှင်းခဲ့ခြင်းဖြစ်သည်။ တပတ်ခန့်ကြာသည်အထိ အခြေအနေမထူးလာသည့် အဆုံးမှာနွေဦးတော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊ ကံကြမ္မာကမျက်နှာသာပေးခဲ့သည်မှာ တည်းခိုရိပ်သာရှိ အမတ်များကို မိမိအစီအစဉ်ဖြင့် ပြန်ရန်နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအမတ်များသည် အိမ်သို့ပြန်မရောက်လာပဲ CRPH မှသည် NUG ကို ဖေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်၊ ဤနေရာတွင် နွေဦးဘက်တော်သားများ၏ ဖြစ်လိုသော ဦးတည်ချက်မှာ သင့်စိတ်ထဲကဆန္ဒနှင့် တထပ်တည်းဖြစ် ၍ အထူးတလည် ဖေါ်ပြရန်မလိုတော့ပါ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လားရာ ကို မှန်းဆကြသူအများစု ၏အမြင်များကို အင်တာနက်စာ မျက်နှာများတွင် ပုံစံမျိုးစုံမြင်တွေ့နားဆင်ကြပြီးဖြစ်သည်၊ ကျွန်ုပ်၏အမြင်ကိုတင်ပြခွင့်ပြုပါ၊ ပြီးခဲ့သည့်အပတ်ထဲက မြန်မာနိုင်ငံဖြစ်ပေါ်လာပုံဆောင်းပါး ကိုလိုနီနှောင်းခေတ