Posts

လုံခြုံရေးဖြင့်သာ သွားလာသည့် သန်လျင်အောင်ချမ်းသာအုပ်ချုပ်ရေးမှူးမြင့်န်ိုင်အား သန်လျင်(ပ.က.ဖ)မှ ၎င်း၏နေအိမ်အတွင်းသို့ ၀င်ရောက် ပစ်ခတ်ရှင်းလင်း

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၈ ရက် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၏ တွဲဘက်ဥက္ကဋ္ဌမြင့်နိုင်ဆိုသူကို ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်းက ၎င်း၏နေအိမ်ထဲထိ ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း မြို့နယ်နေထိုင်သူ များ၏ ပြောပြချက်အရ သိရသည်။ ယမ‌န်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီအချိန်ခန့်တွင် အောင်ချမ်းသာရပ်ကွက် တွဲဘက်ဥက္ကဋ္ဌ၊ ရေတပ်မှ တပ်ကြပ်ကြီးဟောင်း(စစ်မှုထမ်းဟောင်း) မြင့်နိုင်ဆိုသူအား သန်လျင်(ပ.က.ဖ)အဖွဲ့မှ နေအိမ်အတွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "မြင့်နိုင်က ရပ်ကွက်ထဲမှာရှိတဲ့ ခြံလွတ်တွေကို ရောင်း စားတယ်။ အနိုင်ကျင့်တာပေါ့ဗျာ။ CDM ၀န်ထမ်းတွေကိုလည်း ဖမ်းခိုင်းတယ်။ သူ့ကြောင့် ဖမ်းခံရတဲ့သူတွေ မနည်းဘူး။ ရပ်ကွက်ထဲက လူငယ်တွေ၊ ကလေး တွေကို PDF ဆိုပြီး စစ်တပ်ကိုခေါ်ပြီးတော့ ညတိုင်း ၀င်ဖမ်းခိုင်းတာ။ ရှေ့ရက်တွေကတင် ၀င်စစ်တာမကြာသေးဘူး။ လမ်းထဲလည်း စစ်တပ်က လုံခြုံရေး ပေးထားတာ သူ့ကို။ အပြင်သွားရင် လုံခြုံရေးတွေမပါဘဲ မသွားရဲဘူး။ ခုတော့ အိမ်ထဲထိ၀င်သတ်သွားတာ ၀မ်းသာတယ်ဗျာ"ဟု သန်လျင်မြို့နယ်မှ  အသက် ၅၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးမှ ဧရာ

မိန်းမခိုးပြေးလာသည်ဟု ဟန်ဆောင်ကာ လာရောက်စုံစမ်းသည့် စစ်ကောင်စီထောက်လှမ်းရေး ၃ ဦးကို ဖမ်းဆီးရရှိ

Image
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(YRA)၏ စစ်ဆေးရေးဂိတ်တွင် မိန်းမခိုးပြေးလာသော အရပ်သားများအဖြစ် ဟန်ဆောင်လာသူ စစ်ကောင်စီတပ်သားများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။  YRA ထီးလင်း၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် မသင်္ကာဖွယ်လူသုံးဦး(လက်နက်မပါ)အား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ အမျိုး သားနှစ်ဦးမှာ ထီးလင်းမြို့ပေါ်အထိုင်ချနေသော ခလရ ၅၅ မှ စစ် ကောင်စီတပ်သားများဖြစ်ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ ပျူစောထီးဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် မိန်းမခိုးပြေးလာသောအရပ်သားများအဖြစ် ဟန်ဆောင်လာသော စစ်ကောင်စီထောက်လှမ်းရေးများဖြစ်ကြောင်း သိရပြီး နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားရန်ခေါ်ဆောင်လာစဥ် ရုတ်တရက်ထွက်ပြေးရန်ကြိုးစားကြသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။ #TachileikNewsAgency Photo - Yaw Revolution Army-ထီးလင်း

ဇေယျာသော်ချစ်ချစ် တီဇင် ရောင်းတဲ့ #Nitric_Forever 🔥Limited Edition လေးတွေအားပေးကြပါ

Image
#Nitric_Forever 🔥Limited Edition  ❤️ Special Price For PDF 💪 T-shirt Fundraising အစီအစဉ်စတင်ပြီးနောက် ချက်ချင်းလာဝယ်ကြပြီး  ဝယ်ယူနှုန်းအများဆုံးဟာ မြန်မာပြည်တွင်းမှ  တော်လှန်ပြည်သူများ တော်လှန်ရဲဘော်များပဲ ဖြစ်ပါတယ်  တော်လှန်ရေးအပေါ်အားမလျော့ကြပဲ ခက်ခဲပင်ပန်းနေတဲ့အချိန်မှာတောင် နိုင်ရာဝန်ကိုထမ်းဆောင်ကြရင်း  ရှိတဲ့အင်အားနဲ့ရအောင်ထောက်ပို့ကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် 🔥နောက်ထပ်အစီအစဉ်သစ်တခုကတော့  ပြည်သူ့ရဲဘော် PDF များအတွက် အထူးစျေးနှုန်း (၄၀၀၀၀-/)ကျပ်ဖြင့်ရောင်းချပေးသွားမှာဖြစ်ပါတယ် 💪❤️ စစ်အာဏာရှင်တော်လှန်ရေးမှာ တိုင်းပြည်အတွက် အသက်စွန့်ကာကွယ်ကြသော ပြည်သူ့ရဲဘော်များကို လေးစားဂုဏ်ပြုပါတယ်  T-shirt မှာယူပြီး လက်ဝယ်မရောက်ရှိနိုင်သေးတဲ့အချိန်မှာ Code နံပါတ်တခုနဲ့ထိန်းသိမ်းထားပေးမှာ ဖြစ်ပါတယ် လှူဒါန်းထောက်ပို့မှုအားလုံး မည်သည့်တခုမျှ အချည်းနှီးမဖြစ်စေရပါ ✊ အချိန်တခုအတွင်းမှာ Limited အရေအတွက်နဲ့ရောင်းတာမို့  အမြန်ဆုံးမှာယူလို့ရပါပြီ  👉ဝယ်ယူရရှိနိုင်မည့်နေရာများ 🖤ပြည်ပနိုင်ငံများအတွက်  ဤ Pageတွင်မှာယူရရှိနိုင်ပါပြီ https://m.facebook.com/story.php?story_fbid=495355319359266&id=

အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်အဆမတန်များတဲ့ အထည်စံချိန်တွေလျှော့ချသတ်မှတ်ပေးဖို့တောင်းဆိုတဲ့ စူပါအလုပ်ထုတ်ခံရ

Image
ဆုလာဘ်ဖြူ Feb 5, 2023 PEP&CO၊ DUNNES STORES စတဲ့ ပြည်ပအမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ စံချိန်က တစ်နာရီကို ပွိုင့် ၁၀၀ နှုန်းဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုတာက တစ်နာရီကို ပွိုင့် ၂၃၀ ပါ။ ဒါကြောင့် အဲ့ဒီလို အဆမတန် တိုးမြှင့်ထားတဲ့စံချိန်ကို ပြည့်မီအောင် ချုပ်လုပ်နိုင်ခြင်းမရှိပါက ည ၉ နာရီအထိ အချိန်ပိုကြေး မရဘဲ ချုပ်လုပ်ပေးရတာပါ။ ဒါ့အပြင် စံချိန်ပြည့်အောင် တနင်္ဂနွေနေ့ကိုပါ အလုပ်ဆင်းပေးရပါတယ်။ အိုတီကြေးမရရှိဘဲ  အခမဲ့ပါ။ ဒါကြောင့် အခက်တွေ့နေရတယ်လို့ GYSEN(MYANMAR) APPAREL CO,LTD စက်ရုံအလုပ်သမားတွေကပြောပါတယ်။ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာစက်မှုဇုန် ဝါးတစ်ရာလမ်း မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံက တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေက‌ပြောဆိုပါတယ်။ အဲ့ဒီအထည်ချုပ်စက်ရုံက ကလေးဝတ် သိုးမွှေး လူကြီးဝတ် သိုးမွှေးအင်္ကျီနဲ့ ဘောင်းဘီတွေချုပ်လုပ်တာလို့သိရပါတယ်။ "စက်လိုင်းတစ်လိုင်းကို ၃၃ ယောက်ပဲပေးတယ် လူထပ်တောင်းလဲမပေး

စစ်ကောင်စီက ရည်မှန်ထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ရာခိုင်နှုန်းကျော် စာရင်းကောက်နိုင်ခဲ့ဟုဆို

Image
ထားဝယ် ၊ ဖေဖော်ဝါရီလ - ၈ရက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းအချက်အလက်တွေကို ကောက်ယူခဲ့ရာမှာ ရည်မှန်းထားတဲ့ အိမ်ထောင်စုရဲ့ ၈၆ ဒဿမ ၇ ရာခိုင်နှုန်း အထိကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြိုင်က ဖေဖော်ဝါရီလ ၇ရက်နေ့က ပြောခဲ့ပါတယ်။ စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ရက်နေ့ကနေ ၃၁အထိ ရုံးပိတ်ရက်မှအပ ရက်ပေါင်း ၂၀ ကြာကောက် ယူခဲ့တာလို့လည်း သူကပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ယူရာမှာ ၈၆ ရာခိုင်နှုန်းကျော်ပြီးစီးသလို၊ ရခိုင်ပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးရဲ့  ၉၉ ရာခိုင်နှုန်းအထိ ကောက်ယူပြီးစီးခဲ့တယ်လို့ လည်းပြောပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတဲ့ အိမ်ထောင်စုတွေစာရင်းကိုလည်း ကောက်ယူနိုင်ဖို့ ကြိုးစားပြင် ဆင်နေတယ်လို့ ဦးမြင့်ကြိုင်ကပြောပါတယ်။ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုအကြောင်းအရာ အချက်အလက်အရ မြန်မာနိုင်ငံမှာ အိမ်ထောင် စု ၁၁သန်းကျော်အထိရှိပါတယ်။ စစ်ကောင်စီက ကောက်ယူပြီးစီးခဲ့တယ်ဆိုတဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့အိမ်ထောင်စု စုစုပေါင်းကိုတော့ အတိအကျထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ အဲဒီအိမ်ထောင်စ

ကိုယ့်ရဲ့ Definition က သေသေရှင်ရှင် အာဏာရှင်ဆန့််ကျင်သူမှန်သမျှ သူရဲကောင်းပဲ

Image

မမဆောင်းဇာတ်လမ်းတပုဒ်

Image
ပြည်တွင်းကအရင်ပြောရရင် မအလ ပဲ၊ သူ မမှန်းနိုင်တာ အာဏာသိမ်းရင် ဒေါ်အောင်ဆန်း စုကြည်ကသူ့ကို ဘာပြန်လုပ်မလဲဆို တာ? သူမ ရေးခဲ့တဲ့တမျက်နှာစာရွက် ကနေ တသက်စာ စစ်အဖြစ်ပြောင်းသွား တာပဲ၊NUGဆိုတာဖြစ်လာဖို့ လွှတ်တော် အမတ်တွေလိုတယ်ဆိုတာသိထားရင် ၁ရက်နေ့မှာပဲအမတ်တွေ အကုန်ထောင် ထဲရောက်နေပြီ၊နောက်တခု ကစည်း ပေါက်တာ၊ သူတင်ထာ GZတွေက   KIA -KNU ထဲရောက်သွားလဲ ရှေ့တန်း စခန်းတွေ ခြေမြန်တပ်မတွေကို ဘယ်လို နည်းမှကျော်လာနိုင်စရာမရှိဖူးလို့တွက်ခဲ့တာပဲ ရန်ကုန်မှာ၃၀၀၀၀နဲ့အပြီးတူမီးလုပ် တာတောင်သွားသတိရတယ်၊ အရှေ့မှာတိုက် အနောက်ကနေဖျင်ချခံ နေရတယ် ဖရဲသီးတွေကလဲနီရဲနေရောပဲ မမဆောင်းဖြစ်နေတာ အဏာကရသလိုလို မရသလိုလို ၃ဂိုး ၀ နဲ့ရှုံးတာ ဂိုးထပ်သွင်းခံရအုံးမယ် အပြင်နိုင်ငံတွေရဲ့ သံတမန် ဆက်ဆံရေးကို လဲကြည့်ကြည့် အင်္ဂလန်မှာ သံရုံးရှိပေ မယ့် မအလကို အစိုးရအဖြစ်အသိအမှတ်ပြု မထားဖူး၊ ဒေါ်ဇင်မာအောင်ကို အလံ နောက်ခံနဲ့တရားဝင်ဝန်ကြီးအဖြစ်နဲ့တွေ့ ဆုံခဲ့ပေမယ် မအလအပေါ်မှာပြတ်သား လောက်တဲ့ဆုံး ဖြတ်ချက်မရှိသေးဖူး၊ တရားဝင်နဲ့တရားမဝင်ဆိုတဲ့စကားလုံး နှစ်ခုကြားမှာ သူတို့လဲမမဆောင်းဖြစ် နေတာပဲ၊   နိုင်နေတာငါတို့။

စစ်ကောင်စီက ဗဟို ဝန်ထမ်းတက္ကသိုလ်များတွင် စစ်သင်တန်းနှင့် ပစ်ခတ်မှုကို အဓိက ထား သင်ကြားလာပြီး လိုအပ်လျှင် စစ်မှုထမ်းရမည်ဟုဆို

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက Non-CDM ဝန်ထမ်းများကို ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ခေါ်ယူ သင်တန်း ပေးရာတွင် စစ်သင် တန်းနှင့် ပစ်ခတ်မှုဆိုင်ရာများကို အဓိက ထားသင်ကြားလာပြီး လိုအပ်လျှင် ဝန်ထမ်းအားလုံး စစ်မှုထမ်းရမည်ဟု အသိပေးမှုများရှိလာကြောင်း ဝန်ထမ်းသတင်းရင်းမြစ်များက ပြောသည်။   ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် လက်ရှိ Non-CDM သင်တန်းများ ဖွင့်လှစ်ရာတွင် အရည်အချင်းစစ် စာမေးပွဲများ ဝင်ရောက် ဖြေဆိုရပြီး အများစုသော ဝန်ထမ်းများမှာ အရည်အချင်းမရှိဘဲ ဆွဲခန့်များ ဖြစ်နေ၍ အရည်အချင်း မမီမှုနှင့် စာမေးပွဲ ကျဆုံးမှုများရှိနေသဖြင့် ဌာနဆိုင်ရာ ပြစ်တင် ရှုတ်ချသည့် ဝေဖန်စာများ ထုတ်ပြန်မှုများရှိကြောင်း  သိရှိရသည်။  "ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ သင်တန်းဆင်းအရည်ချင်းစစ်ရာမှာ အများစုက ဆွဲခန့် ဝန်ထမ်းတွေဖြစ်တော့ အားလုံးနီးပါး အလယ်လတ်အရည်ချင်းတောင်မရှိဘူးဖြစ်နေတယ်။ သက်ဆိုင်ရာဌာနအကြီးအကဲတွေက သူတို့ရလဒ်တွေကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကြတယ်။  ဌာနဆိုင်ရာ ညွှန်မှူး၊ ညွှန်ချုပ်တွေအနေနဲ့ ဝန်ထမ်းများပေါ် ထိန်းကျောင်းကြပ်မတ်မှု၊ သင်ကြားပေးဖို့ အသိပညာ အတတ်ပညာပိုင်းနည်းပါးရင် အစိုးရ ယန္တရား

စစ်တပ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၂,၉၅၄ ဦး ကျဆုံးပြီး ၁၃,၈၄၅ ဦး ချုပ်နှောင်ခံထားရ

Image
DVB | 7 February, 2023 မြန်မာနိုင်ငံမှာ   အာဏာသိမ်း   ၂   နှစ်ကျော်အကြာ   စစ်ကောင်စီတပ်တွေ   အကြမ်းဖက်   ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်း   အပြစ်မဲ့   ကျဆုံးပြည်သူ   ၂ , ၉၅၄   ယောက်နဲ့   ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း   ၁၇ , ၆၈၄   ယောက်ထိ   ရှိလာခဲ့ပြီဖြစ်တယ်လို့   နိုင်ငံရေးအကျဉ်းသားများ   ကူညီစောင့်ရှောက်ရေးအသင်း  ( အေအေပီပီ )  က   ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ   ပြီးခဲ့တဲ့   ၂၀၂၁   ခုနှစ်၊   ဖေဖော်ဝါရီ   ၁   ရက်ကနေ   ၂၀၂၃   ခုနှစ်၊   ဖေဖော်ဝါရီ   ၇   ရက်အထိ   အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး   အမှန်တကယ်   ကျဆုံးသူတွေဟာ   ဒီထက်ပိုနိုင်တယ်လို့   ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း   ဒီနေ့အထိ   ၁၃ , ၈၄၅   ယောက်   လက်ရှိ   ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး   အဲဒီထဲက ၂ , ၃၃၈   ယောက်ကတော့   ထောင်ဒဏ်   ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ဆက်စပ်ပြီး   သေဒဏ်ချမှတ်ခံထားရကာ   အကျဉ်းထောင်တွေထဲ   ထိန်းသိမ်းခံနေရသူ   အရေအတွက်ကတော့   ၁၀၁   ယောက်ရှိနေပြီး   မျက်ကွယ်   သေဒဏ်ချမှတ်ခံထားရသူ   ၄၂   ယောက်   အပါအဝင်   ၁၂၁   ယောက်ကတော့   မျက်ကွယ်ပြစ်ဒဏ်   ချမှတ်ခံထားရတာကြောင့်   သေဒဏ်ချမှတ်ခံထားရသူ   စ

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

Image
ထိုမေးခွန်းသည် ရုပ်ပိုင်းဆိုင်ရာ အရ မဟုတ်သော်လည်း စိတ်ပိုင်းဆိုင်ရာ အဖြစ် ကမ္ဘာက ယူဆလာအောင် အာဏာသိမ်း စစ်တပ်သည် ကြံရာမရ ဖြစ်လာသည်နှင့် အမျှ ဖန်တီး တည်ဆောက်ပေးနေပြီ ဖြစ်သည်။ ရုရှားဖက်ကတော့ ဝေးကွာလှသည့် အပြင် ၎င်းတို့ နကိုယ်ကတည်းက နိုင်ငံရေး စစ်ရေး အရ တက်တက်ကြွကြွ လှုပ်ရှားခဲ့ခြင်း မရှိသည့် အရှေ့တောင် အာရှ နိုင်ငံ ဖြစ်သော မြန်မာ နိုင်ငံ ကို အမေရိကန် တို့ စိတ်ထဲ ကျလိကျလိ ဖြစ်အောင် ကလိပေးချင်သည့် စိတ်ထက် မပို ဆိုသည်ကို အာဏာသိမ်း အဖွဲ့က ရိပ်မိကောင်း ရိပ်မိနိုင်သော်လည်း ၎င်းတို့ အပေါ် လူ ရှိန်လာစေရန် အတင်း လုပ်ယူနေခြင်း မျိုးသာ ဖြစ်သည်။ ထိုသို့ အရှက် နှင့် မဟုတ်ပဲ အသက်နှင့် လူလုပ်နေကြသည့် နောက်ထပ် အဖြစ်တခုကား လှိုင်တက္ကသိုလ် နယ်မြေ ဝန်း အတွင်း နျူကလီယား စွမ်းအင် သတင်းသုတေသန ဌာန ဖွင့်လှစ် လိုက်ခြင်းပင် ဖြစ်သည်။ ထိုဌာနအား ရုရှား အစိုးရပိုင် အနုမြူ စွမ်းအင် ကော်ပိုရေးရှင်း ကြီး ဖြစ်သော ရိုဆာတွန် ၏ ညွှန်ကြားရေးမှုး ချုပ် အယ်လက်ဆီ ယူဂင်နီဗစ်ချ် လီကာချက် တက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့သည်။ ဆန်းကြယ်နေသည်ကား ထိုအခမ်းအနားသို့ နိုင်ငံ၏ ဝန်ကြီးချုပ် ကြီး ဟု မိမိကိုယ် မိမိ ခံယူထားသူ မင်းအောင်လှိုင် သည် ထို