Posts

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

Image
Myanmar Now အာဏာသိမ်းပြီး   နှစ်နှစ်ပြည့်ချိန်   စစ်ကောင်စီကို   အပြောင်းအလဲလုပ်ရာတွင်   အဖွဲ့ဝင်အဖြစ်မှ   ဖယ်ရှားခံလိုက်ရသည့်   အရပ်ဘက်နိုင်ငံရေးသမား   ဦးသိန်းညွန့်နှင့်   ဦးခင်မောင်ဆွေတို့၏   အဆောင်အယောင်များ   ရုပ်သိမ်းခံလိုက်ရသည်။ ဒီမိုကရေစီရေးအတွက်   ထောင်ကျခံ၍   ကြိုးပမ်းခဲ့သူများဟု   လွန်ခဲ့သော   ဆယ်စုနှစ်တစ်ခုမတိုင်မီက   လူသိများသည့်   ၎င်းတို့နှစ်ဦးမှာ   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ  (NLD)  ဗဟိုအလုပ်အမှုဆောင်အဖြစ်   တာဝန်ယူဖူးသူများဖြစ်ကာ   ၂၀၁၀   နောက်ပိုင်းတွင်   ပါတီ   သီးခြားထောင်ထားကြသည်။ ပြည်သူ့ဆန္ဒမဲရလဒ်ဖြင့်   တိုင်းပြည်ကို   အုပ်ချုပ်နေသည့်  NLD  အစိုးရကို   ၂၀၂၁   တွင်   စစ်တပ်က   ဖြုတ်ချပြီး   စစ်ကောင်စီဖွဲ့ရာတွင်   ဦးသိန်းညွန့်နှင့်   ဦးခင်မောင်ဆွေတို့မှာ   အဖွဲ့ဝင်အဖြစ်   ပါဝင်ခဲ့ခြင်း   ဖြစ်သည်။   သို့သော်   ၎င်းတို့နှစ်ဦးမှာ   ယခုလဆန်းမှစ၍   ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ်   အရာချခံလိုက်ရသည်။ ထို့အတူ   ၎င်းတို့နှစ်ဦးအတွက်   နေပြည်တော်တွင်   ပေးထားသည့်   နေအိမ်နှင့်   ရုံးခန်းများကို   ဖေဖော်ဝါရီ   ၆   ရက်မှစ၍ စစ်ကောင်စီက   ပြန်လည်သိမ်းယူလိုက်ပြီး   တစ်ဆင့်နိမ့်နေရ

ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့

Image
စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ခေတ်သစ်   ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာရာ စစ်ကောင်စီအတွက် အခက်တွေ့နေကြောင်း နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။ စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို

လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ကစားနေသည့် ယာတော်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Image
ဧရာ၀တီတိုင်းမ် ဖေဖော်ဝါရီလ ၁၃ ရက် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့  မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ယာတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရွာမလမ်းအတွင်းရှိ လက်ဖက်ရည်ဆိုင်၌ စစ်တုရင်ကစားနေစဉ် သေနတ်ဖြင့်လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။ "သူက လက်ဖက်ရည်ဆိုင်မှာ စစ်တုရင်ထိုင်ကစားနေတာ။ ကစားနေတုန်း သေနတ်နဲ့ လာပစ်သွားတာ"ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။ ပစ်ခတ်ခံရသည့် ယာတော်အုပ်ချုပ်ရေးမှူးမှာ အသက် (၅၅) နှစ်အရွယ် ဦးရဲမြင့်‌ဖြစ်ပြီး ၎င်း၏ ယောက်ဖနှင့် စစ်တုရင်ကစားနေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှူကြောင့်  အုပ်ချုပ်ရေးမှူး ဦးရဲမြင့်‌တွင် ယာနားထင်ဖောက်၀င်ပြီး ဝဲပါးမေးရိုး အပေါ်သို့ ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဲကားသည်။ ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိပေ

တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

Image
By Dominic Rushe, Nick Mathiason and Diarmid O'Sullivan     ဘာသာပြန်-ခေတ်သစ်မီဒီယာ   ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးရင်း အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေအဖြစ် ကျားကန်ပေးနေတယ်ဆိုတာကို ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က အသိပေးထားပါတယ်။ ယခုအချိန်အထိ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် က‌လေးသူငယ်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၂,၉၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေစဥ်မှာပဲ အခုလို စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့

🔴 “ရောင်နီလာရာလမ်း” $164,364 ရရှိ

Image
“ရောင်နီလာရာလမ်း” in Toronto, 11 Feb 2023 Saturday ဒါရိုက်တာ ကိုပေါက်ရဲ့  နွေဦးတော်လှန်ရေး ၂ နှစ်တာကာလ ဖြတ်သန်းမှု မှတ်တမ်း “ရောင်နီလာရာလမ်း” တော်လှန်ရေး ရုပ်ရှင် ပွဲတော်နှင့် အာဏာသိမ်း (၂) နှစ်ပြည့် ရှုံ့ချပွဲ မှာ volunteer များ ရဲ့ United Bonds/ EOD/ Spring Bliss Housing Apartments များရောင်းချပေးခြင်း၊ မြန်မာအစားအစာများ ရောင်းချပေး ခြင်းအပြင် Han Lay (Miss Grand Myanmar 2020) နှင့် Generation-Z တို့မှ စေတနာရှင်များ လှူဒါန်းထားတဲ့ စိန်လက်စွပ်၊ ပယင်းဆွဲကြိုး၊ စောင်းကောက်နှင့် မြန်မာ့ရုပ်သေး တို့ကို လေလံတင်ရောင်းချ ပေးခဲ့ရာမှာ ရရှိတဲ့ Total Fundraised in CA$ 164,364 ဖြစ်ပါကြောင်းနှင့် အလှူရှင်များရဲ့ နာမည်နဲ့ အသေးစိတ်စာရင်း ကို မကြာခင်ဆက်လက်ကြေငြာပေးမည် ဖြစ်ပါကြောင်း (မှတ်ချက်။ Bond/ EoD/ Housing ဝယ်ယူသူအမည်များကိုတော့ privacy & security reason ကြောင့် နာမည်ကြေငြာပေးမည်မဟုတ်ပါ)  Movie Ticket Sales: $ 4375 Auction: $ 3,100 Donation from Food Vendors:$1,300 Cash donation:$ 1,050 Raffle: $ 6,640 United Bond: $680 EOD (မြေကွက်) $ 16,200 EOD အိမ်ယာ/ Apartments: $ 131,019 TOTAL $ 164,364

Burmese army set fire to 4 villages, burning more than 400 homes in Katha Township

Image
The army set fire to 4 villages, burning more than 400 homes in Katha Township. The monastery The army burned down the entire school. Yangon, February 13    Khit Thet Media Sagaing Division Katha Township Residents of Katha told the Yangon Modern News Agency that when the army set fire to 4 villages, more than 400 public homes were destroyed. Starting on February 11th, the army column moved to Maeng Ngi Village. Tatu Field Village Thayagone Village, It is reported that more than 400 houses were destroyed when the army set fire to Ingyi Village. "On the evening of February 11, the army burned 50 houses in Maeng Ngi village. On February 12, the army set fire to 20 houses in the village of Tatu Lae Apa Su village. On the same day, the army set fire to 30 houses in Thayar Gone Village and 300 houses in Ingyi Village, where Ingyi District Hospital is located. That totaled more than 400 houses," said a local resident. The army has said that they will burn Phaedbo village a

ကုလသမဂ္ဂ အဆောက်အအုံ ထဲသို့ ယခုထိ ဝင်ခွင့်မရသေးပဲ တာလီဘန်တို့ နှင့် တတန်းစားတည်း ဆက်ဆံခံနေကြရသည့် အဖွဲ့

Image
လှုပ်လေ မြုပ်လေ **************** စစ်အာဏာသိမ်း အဖွဲ့သည် နှစ်နှစ်သာ ပြည့်လာသော်လည်း မည်သည့် ကဏ္ဍတွင်မှ ခရီး မပေါက်ပဲ ဖြစ်လာနေရသည့် အတွက် မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များသည် ကြံရာမရ ဂမူးရှုးထိုး ဖြစ်လာကြကာ အရေးပေါ် အခြေအနေ ကို နောက်ထပ် ၆ လ မျက်နှာပြောင်တိုက်ကာ သက်တမ်း တိုးလာခဲ့ရပြီ ဖြစ်သည်ဟု Eurasia Review အွန်လိုင်း စာစောင်တွင် ဆောင်းပါးရှင် Nava Thakuria က ရေးသားခဲ့သည်။  ထိုမျှမကသေး မြို့နယ်ပေါင်း ၃၇ မြို့နယ်အား မာရှယ်လော ကျေညာပြီး တော်လှန်ရေး အင်အားစုများ နှင့် ပြည်သူ များ အပေါ် ရက်စက်စွာ ပြုကျင့်ရန် စိုင်းပြင်းလာကြသည်၊ ထို့ပြင် လေကြောင်းမှ တိုက်ခိုက်မှုများ အရှိန်မြှင့် ပြုလုပ်လာနေပြီ ဖြစ်သည်။  ၎င်းတို့ အတွက် ထောက်ခံမှု ရနေသည်က ရုရှား နှင့် တရုတ်လက်နက်များသာ ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားခဲ့သည်။ ယခင်ကလို ရေငုံ နှုတ်ပိတ် နေ၍ မရတော့ပဲ ကြုံလျှင် ကြုံသလို မ‌အောင်မြင်ရသည့် အကြောင်းများကို အခြားသူများ အား လွှဲချသည့် နည်းမျိုး ဖြင့် ဝါဒ ဖြန့်နေရပြီ ဖြစ်သည်။ ၎င်းတို့အား “သစ္စာခံမည်” ‘ဟု ယူဆရသော ပျုစောထီး အမည်ခံ လူမိုက်များကိုပင် ဖြစ်ချင်ရာဖြစ်ဆိုကာ လက်နက်များ တပ်ဆင်ပေးလာပြီ

ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃  ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။  ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။  "ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။  စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘု