Posts

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက နဂါးနီစစ်ကြောင်းအတွက် လက်နက်များ အခမ်းအနားဖြင့် တပ်ဆင်ပေးအပ်

Image
ရန်ကုန်၊   ဖေဖော်ဝါရီ     ၁၆   ခေတ်သစ် အမျိုးသားညီညွတ်ရေးအစိုးရ၊   တောင်ပိုင်းစစ်   ဒေသ၊   ဒုစစ်ဒေသမှူး   ရဲဘော်စောရှားနှင့်   တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက     စစ်ဒေသခွဲအမှတ်   ၃   အတွင်းရှိ   ပြည်သူ့ကာ   ကွယ်ရေးတပ်မတော်   ၏   နဂါးနီစစ်ကြောင်း   ကို လက်   နက်များ   တပ်ဆင်   ပေးအပ်ပွဲကို   ဖေဖော်ဝါရီလ   ၁၄   ရက်နေ့   တွင်ပြုလုပ်ကြောင်း   သိရှိရသည်။   ထို့ပြင်   စစ်ဒေသခွဲ   အမှတ်   ၃   အတွင်း   စစ်ဆင်ရေးနှင့်ပတ်သက်၍   ပြင်ဆင်ဆောင်ရွက်နေမှု   အခြေအနေများကို ရဲဘော်များသို့   ရှင်းလင်းပြောကြားခဲ့ပြီး   နွေဦးတော်လှန်ရေး၏   ၂   နှစ်ကျော်ကာလအတွင်း   အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက်   ရဲဘော်များ၏   စိတ်ဓာတ်မာကျောနေမှုများကို   ဂုဏ်ပြုဩဝါဒစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

Image
၁။   မင်းအောင်လှိုင်လူယုံ    ထွန်းမင်းလတ်ကို   ထိုင်းရဲတွေအနေနဲ့   ဖမ်းနိုင်အောင်   အမေရိကန်က   သတင်းအချက်အလက်တွေပေးတာဖြစ်ပါတယ်။   ထွန်းမင်းလတ်ဟာ   မူးယစ်ဆေးဝါးမှ   ရရှိတဲ့ငွေတွေနဲ့   မင်းအောင်လှိုင်တို့အတွက်   လက်နက်တွေဝယ်ပေးနေတာဖြစ်သလို   ငွေမဲကနေ   ငွေဖြူဖြစ်အောင်လည်း   ထိုင်းမှာအခြေစိုက်ပြီး   မြေယာတိုက်တာအဆောက်အဦးများကိုဝယ်ယူထားတဲ့အပြင်   အခြားစီးပွါးရေး   ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကိုပါ   စစ်တပ်ခန့်   အထက်လွှတ်တော်အမတ်   ဥပကစ်နဲ့ပေါင်းပြီးလုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်   ထိုင်းရဲမှ   ထွန်းမင်းလတ်နဲ့   အပေါင်းပါတွေဖြစ်ကြတဲ့   ထွန်းမင်းလတ်ရဲ့အတွင်းရေးမှုး၊   ထိုင်းနိုင်ငံသားအဖြစ်ရော   အမေရိကန်နိုင်ငံသားအဖြစ်ပါခံယူထားတဲ့   ဥပကစ်ရဲ့သမက်နှင့်၊   ဥပကစ်ရဲ့   ကိုယ်စားလှယ်လည်းဖြစ်   အတွင်းရေးမှုးလည်းဖြစ်သူကိုပါ   မူးယစ်ဆေးဝါးမှု၊   ငွေကြေးခဝါချမှု၊   နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု၊ လက်နက်ကုန်ကူးမှုများအပြင်   အခြားအမှုတွေနဲ့ပါ   ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။   ၂။   ထွန်းမင်းလတ်ဟာ   မင်းအောင်လှိုင်တို့မိသားစုနှင့်   တိုက်ရိုက်ပတ်သက်နေသလို၊   ထွန်းမင်းလတ်ရဲ့လုပ်ဖေါ်ကိုင်ဖက်   စစ်တပ်ခန့်   အထက်လွှတ်တေ