Posts

ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်

Image
Published on Feb 17, 2023 Myanmar Now ကာလတိုအတွင်း   ထိပ်တန်းနေရာ   ၂   ခုကို   ပြောင်းရွှေ့ ကိုင်တွယ်ခဲ့ရသည့်   စစ်အရာရှိဟောင်း၊   သံအမတ် ဟောင်း   ဦးသန်းဆွေသည်   ပြည်ပကို   ရင်ဆိုင်   စည်းရုံးရသည့်နေရာသစ်သို့   ရောက်လာသည်။ မကြာမီသေးက   အာဏာသိမ်းခေါင်းဆောင်   မင်းအောင်လှိုင်သည်   စစ်ကောင်စီအဖွဲ့နှင့်   ၎င်း၏   ဝန်ကြီးအဖွဲ့ကို အပြောင်းအလဲပြုလုပ်လိုက်ရာ   နိုင်ငံတကာသံခင်းတမန်ခင်း၌   အလွန်အရေး   ပါသည့်   နိုင်ငံခြားရေးဝန်ကြီးနေရာလည်း   ပါဝင်ခဲ့သည်။ ယခင်   သမ္မတဦးသိန်းစိန်လက်ထက်နှင့်   မင်းအောင်လှိုင်၏   နှစ်နှစ်တာစစ်အုပ်ချုပ်ရေးလက်   ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သော   စစ်အရာရှိဟောင်း   ဦးဝဏ္ဏမောင်လွင်၏နေရာတွင်   အစားထိုး   ခန့်အပ်ခံရသူမှာ အသက်   ၇၀   အရွယ်ရှိပြီဖြစ်သော   စစ်တပ်အရာရှိဟောင်း   ဦးသန်းဆွေဖြစ်သည်။   ၎င်းသည်   အာဏာရှင်ဟောင်း   ဦးသန်းရွှေလက်ထက်တွင်   အမေရိကန်   နိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ဖြစ်ပြီး   ကမ္ဘာ့ကုလသမဂ္ဂတွင်လည်း   မြန်မာကိုယ်စားပြု   သံအမတ်အဖြစ်   တာဝန်ထမ်းဆောင်ဖူးသည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ   ဖယ်ရှားခံရသူ   ဦးဝဏ္ဏမောင်လွင်   မူကား   အဖွဲ့ဝင်   ၂၀   ဦးရှ

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

Image
17 February 2023 ဧရာဝတီ ရန်ကုန်တွင်   ဖေဖော်ဝါရီလ   ၆   ရက်နေ့က   နျူကလီးယားနည်းပညာ   သတင်းအချက်အလက်စင်တာ   ဖွင့်ပွဲ အခမ်း အနားသို့   စစ်ကောင်စီခေါင်းဆောင်   မင်းအောင်လှိုင်   တက်ရောက်စဉ်  / Cincds မြန်မာစစ်ကောင်စီနှင့်   ရုရှားတို့   နျူကလီးယား   ပူးပေါင်းဆောင်ရွက်မှု   တိုးချဲ့ခြင်းအတွက်   အမေရိကန် ပြည်ထောင်စုက   စိုးရိမ်ပူပန်ကြောင်း   အမေရိကန်   နိုင်ငံခြားရေး   ဝန်ကြီးဌာနက   ယခုအပတ်အတွင်း   ပြောသည်။ “ မြန်မာက   ဖိနှိပ်တဲ့   စစ်ကောင်စီကို   နျူကလီးယား   ပူးပေါင်းဆောင်ရွက်မှု   အပါအဝင်   ရုပ်ပိုင်းဆိုင်ရာ   ထောက်ခံမှု တိုးချဲ့ဖို့   ရုရှားက   စိတ်အားထက်သန်နေတာကို   ကျနော်တို့   အလေးအနက်   စိုးရိမ်ပူပန်ပေမယ့်   မအံ့သြဘူး ”  ဟု   အမေရိကန်   နိုင်ငံခြားရေးဝန်ကြီးဌာနက  VOA  သို့   ပေးပို့သည့်   ဖေဖော်ဝါရီလ   ၁၄   နေ့   အီးမေးလ်တွင်   ဖော်ပြထားသည်။ “ ရုရှား၏   လုပ်ရပ်သည်   အင်ဒို - ပစိဖိတ်ဒေသတွင်   မိမိတို့၏   လုပ်ဖော်ကိုင်ဖက်များ၊   မဟာမိတ်များနှင့်အတူ ငြိမ်းချမ်းရေးနှင့်   ချမ်းသာကြွယ်ဝရေးကို   အားပေးရန်   မိမိတို့၏   လုပ်ဆောင်မှုများကို   ခြိမ်းခြောက်နေသည့် အကျပ်အတည်းတခုကို   ပိုမိုရှည