Posts

ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ

Image
ကျော်ဇော/People's Spring  ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းစစ်​ဒေသခွဲကို ​မေးမြန်ရန် ဆက်သွယ်​သော်လည်း အဆက်အသွယ်မရ​သေးပါ။  "ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝ

ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှုအထွေထွေအတွင်းရေးမှူး တုံ့ပြန်

Image
DVB | 27 February, 2023 ကမ္ဘာတဝန်း   ကရင်လူမှုအဖွဲ့အစည်းတွေရဲ့   အိတ်ဖွင့်ပေးစာပါ   ကိစ္စရပ်တွေကို   ကေအန်ယူရဲ့   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ   ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်းနဲ့   အဆိုပါပေးစာနဲ့   ပတ်သက်ပြီး   လိုအပ်ပါက   ပွင့်လင်းရင်းနှီးစွာနဲ့   တွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း   ကေအန်ယူအထွေထွေ   အတွင်းရေးမှူး   ပဒိုစောတာဒိုမူးက ထုတ်ပြန်လိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး   ကေအန်ယူ   ဗဟိုအလုပ်အမှုဆောင်   ကော်မတီတဖွဲ့လုံးအနေနဲ့   ကရင်တမျိုးသားလုံးရဲ့   ကံကြမ္မာအတွက်   စိတ်သဘောထားကြီးစွာနဲ့   ခေါင်းဆောင်တို့ရဲ့   ကျင့်ဝတ်တန်ဖိုးနဲ့အညီ   စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့စိတ်ဓာတ်တွေနဲ့   မိမိသဘောနဲ့   နုတ်ထွက်ပေးဖို့   ကမ္ဘာတဝန်းရှိ   ကရင်လူမှုအဖွဲ့အစည်းတွေက ဖေဖော်ဝါရီ   ၂၃   ရက်   အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ်   အတွင်းရေးမှူးက   တုံ့ပြန်လိုက်တာ   ဖြစ်ပါတယ်။ ကမ္ဘာတဝန်းရှိ   ကရင်လူမှုအဖွဲ့အစည်းတွေရဲ့   အိတ်ဖွင့်ပေးစာမှာတော့   ကေအန်ယူ   ဗဟိုကော်မတီ   တဖွဲ့လုံး   နုတ်ထွက်ပေးဖို့နဲ့   ကေအန်ယူခေါင်းဆေင်တချို့ကို   အရေးယူပေးဖို့   တောင်းဆိုထားတာ   ဖြစ်ပါတယ်။ ဒီလိုတောင်

ဖြူးမြိုရှိ အလှူအိမ်တွင် ဆက်ကြေးတောင်း၍ ပြန်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦးဒဏ်ရာရ

Image
ဧရာဝတီတိုင်းမ် (ဖြူး)၊ ဖေဖော်ဝါရီလ ၂၇ ရက် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဘုရားလဟာကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလှူအိမ်မှ ဆက်ကြေး‌တောင်း၍ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဖြူးမြို့နယ်(ပကဖ) ဗိုလ်ကျားကြီးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလှူအိမ်မှ ဆက်ကြေး‌တောင်းကာ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို  ကညွတ်ကွင်းမြို့ အရှေ့ဘက်တွင် မိုင်းဆွဲတိုက်ခိုက်၍ လက်နက်ငယ်များဖြင့်ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲသန့်စင်အောင်၏ ဦးခေါင်းကျည်ထိမှန်(စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFထံက သိရသည်။ "အုပ်ချုပ်ရေးမှူးရဲ့အလှူပွဲအတွက် စစ်ကောင်စီလက်အောက်ခံတွေကိုလုံခြုံရေး ငှားထားတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆို ၂ သိန်း၊ ရဲကိုတစ်သိန်း ပေးပြီး ငှားခဲ့တာလို့သိရတယ်။ နယ်ထိန်းရဲကတော့ ကျည်ထိတဲ့ဒဏ်ရာစိုးရိမ်ရပြီး နေပြည်တော်ဆေးရုံမှာ တင်ထားရ တယ်လို့သိရတယ်" ဟု ပဲခူးတိုင်း PDFပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အော

သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရ

Image
ဒီမိုကရေစီရမှ ထမင်းဝဝ စားနိုင်မည် 27 Feb 2023 By MPA ( အယ်ဒီတာ့ အာဘော်) ရန်ကုန်မြို့ အဆင်းရဲဆုံးဒေသများတွင် နေထိုင်သူ ပြည်သူတို့၏ လေးပုံတစ်ပုံမှာ ပြီးခဲ့သည့် ၁၂လ တာအတွင်းဝင်ငွေ မရှိခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၏ အစီရင်ခံစာသစ်၌ ဖော်ပြထားသည်။ UNDP က ရန်ကုန်မြို့တွင် လူ ၃၀၀၀ ကို စစ်တမ်းကောက်ယူသည်။ ထို ၃၀၀၀ ထဲက သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရကြောင်း ဖြေကြားခဲ့သလို လေးပုံတစ်ပုံကျော်က ၎င်းတို့၏မိသားစုများ ဆေးဝါးနှင့်ကုသမှုမရှိဘဲ နေထိုင် နေကြကြောင်း ဆိုသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဝင်ငွေမရှိသော တစ်နှစ်တာ၊ ကြောက်မက်ဖွယ်ကောင်းသော တစ်နှစ်တာ။ ထိုတစ်နှစ်တာကို မည်သို့မည်ပုံ ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ကြသနည်း။ ထိုမေးခွန်း၏အဖြေမှာ တစစ်စစ်နာကျင်ကိုက်ခဲနေသော အစာအိမ်ကို ဖြစ်ညှစ်ဖြေဆိုရမည်ဖြစ်သလို ကြားရမည့်စကားသံများမှာလည်း နားစည်ထဲ ချော်ရည်များ လောင်းချလိုက်သလို ပူလောင်နေမည်က သေချာသည်။ မအောင်မြင်သော အာဏာသိမ်းမှုစတင်ပြီး သိပ်မကြာ၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကို တတိယလှိုင်း ကိုဗစ်က မေးခွန်း ထုတ်လိုက်သည်။ ရန်ကုန်တစ်မြို့လုံး အလောင်းချင်းထပ်ကာ ဖြစ်သလိုသင်္ဂြိုဟ်ခြင်း အမှုကိုပင်

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အွန်လိုင်းမှ တစ် ဆင့် လျှောက်ထားခိုင်းသည့် စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စ တင် ခဲ့ပြီး ၃ ရက်အတွင်း လူ ၈၅၀၀ ကျော် လျှောက်ထားပြီးနောက် Online Booking စနစ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများက နိုင်ငံကူးလက်မှတ် များ လျှောက်ထားကြရန် https://www.passport.gov.mm/ ဝင်ရောက် သောအခါ ငွေသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ရက် ကြည့်ရှုနိုင် မည်ဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအနေဖြင့်  စနစ်အား ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်နေကြောင်း၊ နိုင်ငံကူးလက်မှတ် Online Booking ဝန်ဆောင်မှု ပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။  "ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စဖွင့်တယ်။ ၂၄ ရက်နေ့ တစ်ရက်တည်းပဲ တင်လို့ ရလိုက်တယ်။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာက ဝင်မရ ပြုမရနဲ့ ။ သူတို့ ကြေညာ ထားတာက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လူပေါင်း ၈၅၂၉ ဦး လျှောက်ထားတယ်။ ဒီမနက်ကျတော့ ငွေသွင်းပြီး ရက်ချိန်းမရသူ တွေပဲ ရက်ချိန်းကြည့်လို့ရတယ်။ အသစ်လျှောက်ထားသူတွ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

Image
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။  ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။   "စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်

ခွေးလှေးခုန်လို့ဖုန်မထ

Image
ကြောင်မရှိတုန်းအမြီးနှံ့တဲ့ကြွက်စုတ်

VPNကိုကျော်ဖြတ်လာကြပြီ

Image
VPNတွေစတင်ခံသုံးရချိန်ထဲက တရုတ်ဆိုက်ဘာပညာရှင် တွေဟာ ဖေ့ဘွတ်အပလီကေးရှင်းကိုထိန်းချုပ်ဖို့ရန်ကုန်မှာ ရောက်ရှိနေတဲ့သတင်းတက်ခဲ့ပြီးဖြစ်တယ်၊ လုံခြုံရေးအားနဲတဲ့ အကောင့်တွေကိုခိုးဝင်ပြီးစစ်ဆေး ဖတ် ရှု့နေတယ်လိုယူဆရပါတယ်၊ ဒီလိုဝင်ရောက်တာနဲ့ ဆာဗာ ကသိလို့လော့ခ်ချလိုက်ပေမယ့် ဖတ်ရှု့တာခံခဲ့ရလားဆို တာဖြေကြားထားတာမတွေ့ရပါဖူး၊စာဖတ်ရုံအသုံး ချသူတွေအတွက်မစိုးရိမ်ရပေမယ့် မက်ဆင်ဂျာကိုတော် လှန်ရေးအတွက်သုံးသူတွေအတွက်အန္တရာယ်ပါ၊လုံခြုံရေး ၂ဆင့်ခံထားသည့်တိုင် တော်လှန်ရေးကိစ္စများအတွက်အ ခြားသောအပလီကေးရှင်းများအသုံးပြုစေလိုပါသည်၊ တရုတ်ပညာရှင်များက VPN အချို့ကိုအောင်မြင်စွာဖြတ် ကျော်နိုင်ခဲ့သည့်သဘောဖြစ်ပါ၍ မိမိသုံးနေသောVPN များအား upgrade ပြုလုပ်ကြရန်လဲလိုအပ်ပါသည်။ ပရုဖိုင်လော့ချသည့်တိုင်နိုင်ငံရေးသတင်းများ ကွန်မန့် ပေးသူများသည် လိပ်စာပါသည့်ပို့စ်များ မိသားစုဝင် များကိုတက်ခ်တွဲထားခြင်းများစသဖြင့် ကိုယ်ရေး အချက်များအားလုံးမြေလှန်ရှာပြီးဖျက်ထားရန်လိုအပ် ပါသည်၊ တော်လှန်ရေးအားကောင်းဖို့ ဖေ့ဘွတ်ကို ဆက်လက်အသုံးပြုရမည်ဖြစ်သော်လည်းအကောင့် အစစ်၊နာမည်အစစ်ဖြင့်တော်လှန်ရေးမလုပ်ရန် တော်လှန်ရေးကွန်မန့်များမပေးရန်လိုအပ်သည်။ အခ

(ဘန်ကောက်ပို့စ်) သူပုန်များက ရဲစခန်းသို့ ဝင်ရောက်ပြီးနောက် Sangkhla Buri မှ ဖြတ်ကျော် ခိုက်ရန်ဖြစ်ပွား

Image
မြန်မာနိုင်ငံမှာ   တိုက်ပွဲတွေ   ဖြစ်ပွားနေတာကြောင့်   နယ်စပ်လုံခြုံရေးကို   တိုးမြှင့်ထားပါတယ်။ လုပ်ဖော်ကိုင်ဖက်များ   လွတ်မြောက်ရေးအတွက်   အာဏာသိမ်းမှု   ဆန့်ကျင်ရေး   သူပုန်များက   ရဲစခန်းသို့   ဝင်ရောက်ပြီးနောက်  Sangkhla Buri  မှ   ဖြတ်ကျော်   ခိုက်ရန်ဖြစ်ပွား မြန်မာနိုင်ငံမှ   ရွာသားများ   ထိုင်းနိုင်ငံအတွင်းသို့   ထွက်ပြေးခြင်း   မရှိကြောင်း   အဆိုပါ   သတင်းရင်းမြစ်က ဆက်လက်ပြောသည်။ စနေနေ့မွန်းလွဲပိုင်းလောက်မှာတော့   ဘုရားသုံးဆူဘုရားလမ်းမှာ   လူနေမှုဘဝနဲ့   ကုန်သွယ်မှုတွေ   ပုံမှန်ပြန်ဖြစ်ခဲ့ပါတယ်။   သို့သော်   ဖြစ်နိုင်ချေရှိသော   ကျူးကျော်ဝင်ရောက်မှုများကို   တားဆီးရန်   အထူးသဖြင့်   ထိခိုက်လွယ်သောနေရာများတွင်   နယ်စပ်တစ်လျှောက်   လုံခြုံရေးအရာရှိများက   အချိန်ပြည့်သတိရှိနေကြမည်ဖြစ်သည်။ Sangkhla Buri  ခရိုင်အကြီးအကဲ  Sutthiporn Siwawetphikul  သည်   ၎င်း၏လက်ထောက်  Damrongrat Suphaphan  ကို   စနေနေ့တွင်   နယ်စပ်ဧရိယာအား   စစ်ဆေးရန်နှင့်   အခြေအနေကို   စောင့်ကြည့်ရန်   တာဝန်ပေးအပ်ခဲ့သည်။ လတ်ယာတပ်နယ်   ဒုတပ်မှူး   ဗိုလ်မှူးကြီး  Thatchadet Arbuarat  က   နယ်စပ်တလျှောက်ရှိ   တပ်သားမျ

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် ​လျှော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ခေတ်သစ် မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာ ရေး အသုံးစရိတ် ကို ထက်ဝက်ကျော်​လျှော့ ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်က  ​လျှော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်ကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်ကျသော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။ ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းကပင် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် အ​ခြေအ​​နေပိုမို