Posts

မြင်းခြံတွင် အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အင်အား ၆၀ ပါ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ကားတစ်စီး ပျက်စီးသွားကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့  - မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်  မြင်းခြံမြို့နယ် နဘူးအိုင်ရွာဘက်သို့ စစ်အင် အား ၆၀ ခန့်ပါ ကား ၄ စီးနှင့်ဆိုင်ကယ် ၁၁ စီးပါ စစ်ယာဉ်တန်းကို  နဘူးအိုင်ရွာ‌ တောင်ဘက်၊ မြောက်ပင်လယ်ဆည်ဘောင်အနီး  မိုင်းကွင်းထဲ အရောက်တွင် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က  ပဒေသာနှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၃ စီးကို တည့်တည့်မှန်သွားခဲ့ကြောင်း သိရှိရသည်။   မိုင်းဆွဲတိုက်ခိုက်မှုကြောင့်  စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ စစ်ယာဉ် တန်းတွင် ပါဝင်သော မတ်တူး ကားတစ်စီး လုံးဝသုံးမရအောင်အထိ ပျက်စီးသွားပြီး မိုင်းကွင်းထဲတွင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။

မအလနဲ့မဘသ အပျော်ခရီး

Image
သံတွဲကစျေးဆိုင်တွေ၂ရက်ပိတ်ခိုင်းတာ မအလက ပြည်သူပိုင်လေကြောင်းနဲ့ မဘသ တွေ တင်သွားပြီး Beach မှာရေကသိုင်းရှူ့ခိုင်းထားတာကိုး

ရွေး ကောက်ပွဲကို စိတ်လည်း မ၀င်စားဘူး။ ဘယ်သူတွေဆိုတာလည်းမသိဘူး

Image
စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ပြန်လည် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၉ ခုရှိပြီး   ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးများ စတင်လုပ်ဆောင်နေ ဧရာ၀တီတိုင်းမ် ဖေဖော်ဝါရီ ၂၇ ရက် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)မှ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အတည်ပြုကြေညာခဲ့ပြီးနောက် မှတ်ပုံတင်ရန်နှင့် ပါတီထူထောင်ခွင့်လျှောက်ထားသည့်ပါတီ ၉ ခုရှိကြောင်း UEC မှထုတ်ပြန်ထားသည်။ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ပြဌာန်းထားသည့် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပထမဦးဆုံးလျောက်ထားသည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဖြစ်သည်။ USDP သည် ယခုလက်ရှိတွင် ပါတီစည်းရေးရုံး အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်များနှင့်တွေ့ဆုံခြင်း၊ ဆွေးနွေးဟောပြောခြင်းများ ပြုလုပ်နေပြီး ယမန်နေ့က MCC ခန်းမတွင် လူငယ် ၃၀၀၀ ကျော်နှင့် တွေ့ဆုံခဲ့ကြောင်း USDP က ထုတ်ပြန်ထားသည်။ USDP ပါတီဥက္ကဋ္ဌဦးခင်ရီက "လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအနေနဲ့ မဲဆန္ဒနယ်အားလုံးမှာ ၀ငျရောကျ ယှဉ်ပြိုင်အရွေးခံသွားမယ်" ဟု တွေ့ဆုံပွဲတွင် ပြောကြားထားသည်။ ထို့ပြင် ဒီမို

CDMများ၏ ဆန္ဒကိုထည့်သွင်းစဉ်းစားပြီး အကူအညီများရရေးကြိုးပမ်းရန် ပြည်ထောင်စု ဝန်ကြီးချုပ်ပြော

Image
သက်ဝေ/People’s Spring အာဏာဖီဆန်ရေးလှုပ်ရှားမှ(CDM) မူဝါဒ အသက်ဝင်အောင်လုပ်ဆောင်ရန်နှင့် CDMများ၏ ဆန္ဒကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယမန်နေ့က ကျင်းပသည့် CDM အောင်မြင်ရေးကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးကြီးကို အရှိန်အမြင့်ဆုံးရောက်ရှိသွားပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုရရှိနိုင်ခဲ့သည်အထိ တော်လှန်ရေးကိုအားကောင်းအောင်မောင်းနှင်ပေးခဲ့ကြောင်း၊ ယင်းလှုပ်ရှားမှုတွင် ပါဝင်ပြီး ယနေ့အထိ အားမလျှော့စတမ်း တိုက်ပွဲနေသည့် CDMများသည် နိုင်ငံ့ဂုဏ်ဆောင်များဖြစ်ပြီး လေးစားချီးကျူးထိုက်သူများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။  "တိုင်းပြည်ရဲ့ အနာဂတ်အတွက် မိမိတို့ရဲ့ ဘဝတွေ အသက်တွေစတေးပြီးယုံကြည်စွာနဲ့ ရှေ့ဆက်နေကြတဲ့အတွက် အခုလိုနှစ်နှစ်ကျော်ကြာတဲ့အထိ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စစ်အာဏာရှင်အကြမ်းစစ်တပ်ကို ဆက်လက်ပြီး အားကောင်းစွာဖိအားပေးတုံ့ပြန်လျက်ရှိပါတယ်။ ဒီစိတ်ဓါတ်တွေနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့အတွက်ကြောင့်ဘဲ အခုဆိုရင် ကမ္ဘာကြီးက မျက်နှာလွှဲထားလို့မ

ဝေါမြို့ပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကိုPDFတိုက်ခိုက် သုံးဦးသေ၊ လေးဥဦးဒဏ်ရာပြင်းထန်ဟုဆိ

Image
ကျော်ဇော/People's Spring  ပဲခူးတိုင်း၊ ဝေါမြို့ပေါ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဝေါမြို့နယ် ပ.က.ဖ မှတော်လှန်ရေးရဲဘော်များက 'နန်းထိုက်အောင်စစ်ဆင်ရေး'အဖြစ် ယမန်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေ သခွဲက ယနေ့ ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ည ၈ နာရီခွဲခန့်က ဝေါမြို့ ဘုရားပျိုရွာထိပ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များစောင့်ကြပ်လျှက်ရှိသူ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်အား ဝေါမြို့နယ် ပ.က.ဖ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် ရာအိမ်မှူးတစ်ဦး၊ မီးသတ်ဝန်ထမ်းနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦး၊ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ ပဲခူးတိုင်းစစ်​ဒေသခွဲကို ​မေးမြန်ရန် ဆက်သွယ်​သော်လည်း အဆက်အသွယ်မရ​သေးပါ။  "ဝင်ပစ်ခံရတဲ့နေရာက ဝေါမြို့ထဲမှာပဲ။ ဝေါတံတားအဆင်းနားက လမ်းဆုံဂိတ်ကို ဝ

ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှုအထွေထွေအတွင်းရေးမှူး တုံ့ပြန်

Image
DVB | 27 February, 2023 ကမ္ဘာတဝန်း   ကရင်လူမှုအဖွဲ့အစည်းတွေရဲ့   အိတ်ဖွင့်ပေးစာပါ   ကိစ္စရပ်တွေကို   ကေအန်ယူရဲ့   ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ   ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်းနဲ့   အဆိုပါပေးစာနဲ့   ပတ်သက်ပြီး   လိုအပ်ပါက   ပွင့်လင်းရင်းနှီးစွာနဲ့   တွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း   ကေအန်ယူအထွေထွေ   အတွင်းရေးမှူး   ပဒိုစောတာဒိုမူးက ထုတ်ပြန်လိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး   ကေအန်ယူ   ဗဟိုအလုပ်အမှုဆောင်   ကော်မတီတဖွဲ့လုံးအနေနဲ့   ကရင်တမျိုးသားလုံးရဲ့   ကံကြမ္မာအတွက်   စိတ်သဘောထားကြီးစွာနဲ့   ခေါင်းဆောင်တို့ရဲ့   ကျင့်ဝတ်တန်ဖိုးနဲ့အညီ   စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့စိတ်ဓာတ်တွေနဲ့   မိမိသဘောနဲ့   နုတ်ထွက်ပေးဖို့   ကမ္ဘာတဝန်းရှိ   ကရင်လူမှုအဖွဲ့အစည်းတွေက ဖေဖော်ဝါရီ   ၂၃   ရက်   အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ်   အတွင်းရေးမှူးက   တုံ့ပြန်လိုက်တာ   ဖြစ်ပါတယ်။ ကမ္ဘာတဝန်းရှိ   ကရင်လူမှုအဖွဲ့အစည်းတွေရဲ့   အိတ်ဖွင့်ပေးစာမှာတော့   ကေအန်ယူ   ဗဟိုကော်မတီ   တဖွဲ့လုံး   နုတ်ထွက်ပေးဖို့နဲ့   ကေအန်ယူခေါင်းဆေင်တချို့ကို   အရေးယူပေးဖို့   တောင်းဆိုထားတာ   ဖြစ်ပါတယ်။ ဒီလိုတောင်

ဖြူးမြိုရှိ အလှူအိမ်တွင် ဆက်ကြေးတောင်း၍ ပြန်လာသည့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦးဒဏ်ရာရ

Image
ဧရာဝတီတိုင်းမ် (ဖြူး)၊ ဖေဖော်ဝါရီလ ၂၇ ရက် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဘုရားလဟာကျေးရွာ အုပ်ချုပ်ရေးမှူး၏ အလှူအိမ်မှ ဆက်ကြေး‌တောင်း၍ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ယမန်နေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဖြူးမြို့နယ်(ပကဖ) ဗိုလ်ကျားကြီးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အလှူအိမ်မှ ဆက်ကြေး‌တောင်းကာ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို  ကညွတ်ကွင်းမြို့ အရှေ့ဘက်တွင် မိုင်းဆွဲတိုက်ခိုက်၍ လက်နက်ငယ်များဖြင့်ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ နယ်ထိန်းရဲသန့်စင်အောင်၏ ဦးခေါင်းကျည်ထိမှန်(စိုးရိမ်ရ) ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFထံက သိရသည်။ "အုပ်ချုပ်ရေးမှူးရဲ့အလှူပွဲအတွက် စစ်ကောင်စီလက်အောက်ခံတွေကိုလုံခြုံရေး ငှားထားတာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆို ၂ သိန်း၊ ရဲကိုတစ်သိန်း ပေးပြီး ငှားခဲ့တာလို့သိရတယ်။ နယ်ထိန်းရဲကတော့ ကျည်ထိတဲ့ဒဏ်ရာစိုးရိမ်ရပြီး နေပြည်တော်ဆေးရုံမှာ တင်ထားရ တယ်လို့သိရတယ်" ဟု ပဲခူးတိုင်း PDFပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အော

သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရ

Image
ဒီမိုကရေစီရမှ ထမင်းဝဝ စားနိုင်မည် 27 Feb 2023 By MPA ( အယ်ဒီတာ့ အာဘော်) ရန်ကုန်မြို့ အဆင်းရဲဆုံးဒေသများတွင် နေထိုင်သူ ပြည်သူတို့၏ လေးပုံတစ်ပုံမှာ ပြီးခဲ့သည့် ၁၂လ တာအတွင်းဝင်ငွေ မရှိခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၏ အစီရင်ခံစာသစ်၌ ဖော်ပြထားသည်။ UNDP က ရန်ကုန်မြို့တွင် လူ ၃၀၀၀ ကို စစ်တမ်းကောက်ယူသည်။ ထို ၃၀၀၀ ထဲက သုံးပုံတစ်ပုံကျော် မှာ ထမင်းလျှော့စားနေရကြောင်း ဖြေကြားခဲ့သလို လေးပုံတစ်ပုံကျော်က ၎င်းတို့၏မိသားစုများ ဆေးဝါးနှင့်ကုသမှုမရှိဘဲ နေထိုင် နေကြကြောင်း ဆိုသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ဝင်ငွေမရှိသော တစ်နှစ်တာ၊ ကြောက်မက်ဖွယ်ကောင်းသော တစ်နှစ်တာ။ ထိုတစ်နှစ်တာကို မည်သို့မည်ပုံ ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ကြသနည်း။ ထိုမေးခွန်း၏အဖြေမှာ တစစ်စစ်နာကျင်ကိုက်ခဲနေသော အစာအိမ်ကို ဖြစ်ညှစ်ဖြေဆိုရမည်ဖြစ်သလို ကြားရမည့်စကားသံများမှာလည်း နားစည်ထဲ ချော်ရည်များ လောင်းချလိုက်သလို ပူလောင်နေမည်က သေချာသည်။ မအောင်မြင်သော အာဏာသိမ်းမှုစတင်ပြီး သိပ်မကြာ၊ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုကို တတိယလှိုင်း ကိုဗစ်က မေးခွန်း ထုတ်လိုက်သည်။ ရန်ကုန်တစ်မြို့လုံး အလောင်းချင်းထပ်ကာ ဖြစ်သလိုသင်္ဂြိုဟ်ခြင်း အမှုကိုပင်

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် အွန်လိုင်းမှ တစ် ဆင့် လျှောက်ထားခိုင်းသည့် စနစ်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စ တင် ခဲ့ပြီး ၃ ရက်အတွင်း လူ ၈၅၀၀ ကျော် လျှောက်ထားပြီးနောက် Online Booking စနစ်ကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူများက နိုင်ငံကူးလက်မှတ် များ လျှောက်ထားကြရန် https://www.passport.gov.mm/ ဝင်ရောက် သောအခါ ငွေသွင်းပြီး ရက်ချိန်းမရသူများသာ ရက်ချိန်း ရက် ကြည့်ရှုနိုင် မည်ဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအနေဖြင့်  စနစ်အား ပြင်ဆင်မွမ်းမံမှု များ ပြုလုပ်နေကြောင်း၊ နိုင်ငံကူးလက်မှတ် Online Booking ဝန်ဆောင်မှု ပြန်လည် စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်း ကြေညာ ထားသည်။  "ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စဖွင့်တယ်။ ၂၄ ရက်နေ့ တစ်ရက်တည်းပဲ တင်လို့ ရလိုက်တယ်။ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာက ဝင်မရ ပြုမရနဲ့ ။ သူတို့ ကြေညာ ထားတာက ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လူပေါင်း ၈၅၂၉ ဦး လျှောက်ထားတယ်။ ဒီမနက်ကျတော့ ငွေသွင်းပြီး ရက်ချိန်းမရသူ တွေပဲ ရက်ချိန်းကြည့်လို့ရတယ်။ အသစ်လျှောက်ထားသူတွ

တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာ

Image
တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်းအောင်လှိုင် ကိုယ်တိုင် စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်ပြောနေရ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ခေတ်သစ် အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးများ ကိုယ်တိုင် တပ်တွင်း ပုန်ကုန်မှုများနှင့် အမိန့်မနာခံမှုများစွာ ဖြစ်ပေါ်လာပြီးနောက် မင်း အောင် လှိုင်က စစ်သားများ အမိန့်နာခံမှု ရှိရမည်ဟု လိုက်လံသတိပေး ပြောဆို နေရသည်။  ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရခိင်ပြည်နယ်၊ စစ်တွေသို့ ရောက်ရှိနေသည့် စစ် ခေါင်း ဆောင် မင်းအောင်လှိုင်က  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများ နှင့် စစ်သည်များကို စည်းကမ်းနှင့်အမိန့်နာခံမှုရှိရန်လိုအပ်ဟု အမိန့်ပေးမှာ ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။   "စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်း ပင်