ပြည်သူတွေ အလိမ်မခံရစေဖို့
တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ တော်လှန်ရေးကိုဗန်းပြပြီး အလိမ်အညာတွေ ပိုများသထက်များလာတာကို တွေ့ရပါတယ်။တချို့က တော်လှန်ရေးထဲမှာ လက်ရှိမပါဝင်တော့ဘဲ သင်တန်းဆင်းတုန်းက ပရိုဖိုင်ပုံနဲ့ ပြည်သူတွေအပေါ် ခုထိညာစားကောင်းနေတုန်းပါပဲ။ တချို့အဖွဲ့အစည်းတွေကျပြန်ရင်လည်း တော်လှန်ရေးကိုထိထိရောက်ရောက်အားမပြုဘဲ ပြည်သူ့အလှူငွေနဲ့ ဘီယာလေးတမြမြဖြစ်ကာ ဂိတ်စောင့်သလို၊ဘာလိုလိုလုပ်ရင်း ကိုယ်ကျိုးစီးပွားဖက်ကို ကူးပြောင်းနေကြပါတယ်။ပြည်သူ့အလှူငွေတွေဟာ တကယ်အလုပ်လုပ်ပြီး လိုအပ်နေတဲ့အဖွဲ့အစည်းတွေဆီ မရောက်နိုင်ရင် တော်လှန်ရေးကို သက်ဆိုးပိုရှည်ဖို့ တွန်းအားပေးနေတာကို သတိချပ်စေချင်ပါတယ်။ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုကို လှူမယ်ဆိုရင် ဆိုရှယ်မှာ နာမည်ကြီးတာတွေ ၊ ပြည်သူကြိုက်စကားလုံးတွေနဲ့ မျက်ရည်ခြူအပြောကောင်းတာတွေကို ခဏဘေးချိတ်ပါ။မြေပြင်မှာ တကယ်အလုပ်လုပ်၊မလုပ်ကို အမှန်တကယ်သိနိုင်အောင် နီးစပ်ရာမြေပြင်အဖွဲ့အစည်းတွေ၊ပြည်သူတွေဆီ လေ့လာစုံစမ်းကာ အတည်ပြုချက်ရယူပြီးမှသာ လှူပါ။ တပ်ရင်းတပ်ဖွဲ့ဆိုရင် အလှူငွေရဖို့ လာရောက်ချိတ်ဆက်သူရဲ့ ရာထူးတာဝန်နဲ့ လက်ရှိအခြေစိုက်လှုပ်ရှားနယ်မြေ၊တပ်ရင်းကုဒ်ကျပြီးလား၊မကျပြီးလားမေးပါ။တ