ခင်ဦးတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်၍ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀ ကျော်ပြာကျ

ရန်ကုန်၊ မတ် ၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေသော စစ်တပ်က  မုံလှရွာမှ စစ်ဘေးရှောင်များ နေထိုင်သည့် တောတောင် များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့်  အသက် ၈ နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်  ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်တပ်စစ်ကြောင်းက ဂလုံရွာကိုလည်း လက်နက် ကြီးများဖြင့် ပစ် ခတ် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၇ ရွာမှ ပြည်သူ ၈၀၀၀  ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေရာ နေအိမ် ၆၀ ကျော်ပြာကျခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်ရှိ ချပ်သင်း၊ ပင့်သာနှင့် အောက်တဲ ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည် သူပိုင် နေအိမ် ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အောက်တဲရွာကို စစ်တပ်က အင်အား ၅၀ ကျော်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ချပ်သင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်များနှင့် ပျူစောထီးများက စီးနင်းခဲ့ပြီး နေအိမ် ၇ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အတူ ပင့်သာ (တည်ပင်) ရွာကိုလည်း အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် မတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊  ပြည်သူပိုင် နေအိမ် ၅၁ လုံးနှင့် လယ်ယာသုံးပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ 

" ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ လက်ရှိအချိန် အထိတော့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေက ကိုးတောင်ဘို့၊ ချပ်သင်းနှင့် ပင့်သာတိုက် နယ်တွေကို ဆက်လက် စစ်ကြောင်းထိုး နေတယ်။ ပြည်သူ ၃၀၀၀၀ ကျော် လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။







Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ