ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ ရန်ကုန်| မတ် ၁၁ ခေတ်သစ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်အရွယ်ရှိ မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ) ကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့ ဖြစ်ပြီး ယင်းတို့ နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန်အောင်မြို့ တံတားအကျော်တွင် စစ်ကောင်စီတပ်သားများက တားဆီး စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မြို့ခံ တစ်ဦးက "ဒီ အမျိုးသမီးနှစ်ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာပါ၊ ဘာမှ မလုပ်ဘဲ ဖုန်းဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်"ဟု Western News ကို ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံ အဆိုပါ အမျိုးသမီးနှစ်ဦးကို ကလိန်အောင် မြို့မရဲစခန်း၌