Posts

လောင်းလုံးမြို့နယ်၊ပညစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီး

Image
ရန်ကုန်| မတ် ၁၁ ခေတ်သစ်  တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ပါ အင်အား ၅၀ နီးပါးစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ် အချို့ကို မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့သည် ပညစ်ရွာထဲတွင်နေအိမ် ၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ခိုးယူသွား​ကြောင်း၊ ရော်ဘာခြံထဲရှိ အလုပ်လုပ်နေသည့် ဒေသခံ ၃ဦး ဖမ်းဆီးကာ အမျိုးသမီး တစ်ဦးကိုမူ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပညစ်ရွာနေ ဒေသခံတစ်ဦးက"စစ်တပ်က စစ်ကြောင်းထိုး ဝင်လာချိန်မှာ သူပုန်းတွေ ဝင်လာသလိုမျိုး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာပါ အဲ့ချိန်မှာ ရွာဖက်မှာရှိတဲ့ PDF တွေနဲ့ အပြန် အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့သေးတယ်"ဟု ပြောသည်။ ထိုပြင် ယင်းကဲ့သို့ စစ်ကောင်စီက နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် နေအိမ် ၁၀၀ နီးပါးကို ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ "စစ်တပ်က ဝင်လာတဲ့ အချိန်ကစ

ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ

Image
ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဖမ်းဆီးခံရသည့် အမျိုးသမီး ၂ ဦးကို စစ်တပ်က စစ်ကြောရေးစခန်းတွင် ညှဥ်းပန်းစစ်ဆေးနေ   ရန်ကုန်| မတ် ၁၁ ခေတ်သစ်  တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ နေ့လယ်ပိုင်းက ဖုန်းဝယ်ရန် အတွက် ဆိုင်ကယ်ဖြင့် ထွက်သွားသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တစ်ခုက ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံ အမျိုးသမီး နှစ်ဦးမှာ ဇင်းဘာကျေးရွာက အသက် ၁၇ နှစ်အရွယ်ရှိ မကေသီသီလင်းနှင့် ကျောက်ရှပ် (နွယ်လီ) ကျေးရွာက အသက် ၁၈ နှစ်ဝန်းကျင်ရှိ မသက်မြတ်နိုးတို့ ဖြစ်ပြီး ယင်းတို့ နှစ်ဦးသည် ဖုန်းဝယ်ပြီးအပြန် ကလိန်အောင်မြို့ တံတားအကျော်တွင် စစ်ကောင်စီတပ်သားများက တားဆီး စစ်ဆေးပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကလိန်အောင်မြို့ခံ တစ်ဦးက "ဒီ အမျိုးသမီးနှစ်ဦးက အကြောင်းမဲ့ ဖမ်းဆီးခံရတာပါ၊ ဘာမှ မလုပ်ဘဲ ဖုန်းဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမယ်ဆိုပြီးတော့ ခေါ်တယ်။ ပြီးတော့ ဖမ်းဆီးလိုက်တာ ဖြစ်တယ်"ဟု Western News ကို ပြောသည်။ လက်ရှိတွင် ဖမ်းဆီးခံ အဆိုပါ အမျိုးသမီးနှစ်ဦးကို ကလိန်အောင် မြို့မရဲစခန်း၌

နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား

Image
ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၇၀ ကျော်ပြာကျပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးထား   ရန်ကုန်၊ မတ် ၁၁ ခေတ်သစ်   မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော်ပြာကျခဲ့ကြောင်း Successful Force - Pauk အဖွဲ့မှ ကိုလိပ်ပြာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပေါက်မြို့နယ်အတွင်းရှိ အုန်းတောမြောက်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၁၃ လုံးနှင့် အုန်းတောတောင်စုကျေးရွာမှ ပြည်သူပိုင် နေအိမ် ၅၃ လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ ယင်းအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၅ ရက်နေ့တွင် အုန်းတောတောင်စုရွာမှ ကိုမြင့်သိန်းကို ယာကြီးပြင်ပျူစောထီးရွာကို ဖမ်းဆီးသွားကြောင်း၊ မတ်လ ၉ ရက်နေ့တွင် အုန်းတောမြောက်စုရွာ၌ နေထိုင်သည့် ကိုရန်နိုင်ကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးထားသူ ၂ ဦးလုံးကို လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ "လူတွေကို ဖမ်းဆီးသွားပြီး နေအိမ်တွေကို မီးရှို့ ပျက်ဆီးသွားတာ အုန်းတောမြောက်စုကျေးရွာက နေအိမ် ၁၃ လုံးမီးလောင်ပြာကျတ

နယ်လှည့်ခေါင်းဖြတ်နေသည့် ဘီလူးစစ်ကြောင်း

Image
စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း  အင်အား ၇၀ ပါ တပ်မ ၉၉  လက်အောက်ခံ စစ်ကြောင်းလက်ချက်ဖြင့် တစ်ပတ်အတွင်း ဒေသခံ ၂၃ ဦး သတ်ဖြတ်ခံရကာ ထိုအထဲမှ ၇ ဦးမှာ ဦးခေါင်း၊ ခြေ၊ လက်များ အပိုင်းပိုင်းဖြတ်တောက်ခံခဲ့ရသည်။  မောင်ရွှေဝါ Published on Mar 7, 2023   (သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)  Myanmar Now  ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ နံနက် ၁ နာရီကျော်ဖြစ်သည်။ ဧရာဝတီမြစ်နှင့် မူးမြစ်ပေါင်းစုံရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့နယ် အနောက်ဖျား တာတိုင်ရွာနှင့် မလှမ်းမကမ်း လယ်တောတစ်ခုထဲတွင် အသက် ၂၀ အရွယ် ကိုကံကောင်း*နှင့် သူငယ်ချင်းနှစ်ဦး အိပ်စက်အနားယူနေသည်။ အားကစားဘောင်းဘီ အတို၊ အရှည်၊ အရပ်ဝတ်အရပ်စားများ ဆင်မြန်းကာ အင်္ကျီပေါ်မှ ကျည်ကာ ထပ်ဝတ်ထားသည့် လူတစ်စု ရုတ်တရက်ရောက်လာကာ လှုပ်နှိုးသဖြင့် ကိုကံကောင်းနှင့် အပေါင်းအပါများ လန့်နိုးသွားရသည်။ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ထိုအဖွဲ့မှာ အထုပ်အပိုးများ၊ လက်နက်များ ကိုင်ဆောင်ထားပြီး အင်အား ၇၀ လောက်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်။ ကိုကံကောင်းတို့ ခေါင်းနားပန်းကြီးသွားသည်။ တုံ့ပြန်ရန် မပြောနှင့်

စန္ဒာမင်းပြောတဲ့ နိုင်ငံရေးကမှားနေတယ်

Image
NUG ကပြည်ပဖိအားရဖို့လဲလုပ်တယ်၊ ပြည်တွင်းမှာ လဲအထူးသဖြင့်စစ်ကိုင်းကိုအဓိကထားဖို့နေတယ်၊ ကျန်တဲ့နေရာတွေလဲဖို့သင့်သလောက်ဖို့ပါတယ်၊ ဖို့တဲ့ဂရုမှာယုံကြည်စွာဖြင့်မိမိကိုထည့်သွင်းထားလို့ သိရပါတယ်၊ကြာတော့ရိုးလာပြီးနိုတီတက်တိုင်း မကြည့်ဖြစ်တော့ဖူး၊  ပထမအချက်အနေနဲ့ ပြည်တွင်းတော်လှန်ရေးအောင်ဖို့ NUGဟာလွတ်မြောက်နယ်မြေမှာရှိနေရမှာဖြစ်လို့ရှိနေ ရပါတယ် အချို့ကအထဲမှာ အချို့က မဲဆောက် ချင်းမိုင် အချို့က ယူအက်စ် ကနေဒါ သူတို့က အစထဲက ယူအက်စ်  ကနေဒါကပါ NUGကိုဝင်ပြီးအားဖြည့်ပေးနေတာပါ ဝန်ကြီးချူပ်မန်းဝင်းခိုင်သန်းဆိုရင်မြန်မာပြည်ထဲမှာပဲနေပါ တယ် ဘယ်မှကိုမသွားတာ၊☺️ အခုအချိန်အထိ တတိယနိုင်ငံတွေသွားပြီးသံတမန်ရေးရာတွေ ကြိုးပမ်းနေကြပေ မယ့် သိက္ခာမဲ့စွာ ခုန်ချတာဘယ်သူမှမလုပ်ကြပါဖူး၊ စန္ဒာမင်းပြောစကားတွေဟာလက်ရှိနိုင်ငံရေးတော်လှန် ရေးနဲ့အရမ်းအလှမ်းဝေးလှပါတယ်၊ သူပြောနေတဲ့ အဓိပ္ပါယ်က NUGလုပ်ရပ်ကမအောင်မြင်နိူင်ဖူး၊သူ့လုပ် ရပ်ကသာမှန်တယ်လို့ လမ်းကြောင်းနေသလိုဖြစ်နေတယ် အဖမ်းမခံပဲလုပ်တဲ့နိုင်ငံရေးနဲ့ အဖမ်းခံလုပ်တဲ့နိုင်ငံရေး ဘယ်ဟာကသင့်လျှော်လဲဆိုတာမှာ ဘယ်သူကဖမ်းတာ လဲဆိုတာစဉ်းစားရမယ့်ကိစ္စပါ လူကလူကိုဖမ်းတာလား ခွေးကလူကိုဖမ်းတာလား

ခွေးတွေကိုက်နေပြီ

Image

၅၀ကျော်အထိအပြုံးမပျက်အံကြိတ်လျက်ရွှီး

Image

အပြစ်မဲ့သူ တစ်ယောက်ကို ဒုက္ခပေးခဲ့တဲ့ဟန်ငြိမ်းဦး

Image
ကျွန်တော် မြင်တာတော့ အိုင်ရင်းကို ဖြိုသလို ပန်ဆယ်လိုကို အပြီးဖြိုဖို့ ကြံတာပဲ။ ဒါပေမယ့် အိုင်ရင်းနဲ့ ပန်ဆယ်လို မတူတာက နောက်က ရပ်တည်ပေးတဲ့ ပရိသတ် အနေအထားပဲ။ အိုင်ရင်းက  အစောကြီး ကတည်းက ပြောတာဆိုတာတွေ ဘောင်သိပ် မဝင်တော့လို့ popularity က ထိုးကျနေတာ။ သူနဲ့ ပေါင်းနေတဲ့ တတိယ အုပ်စု လိုလို ဘာလိုလို သူတွေ ကလည်း တယောက်မှ လူထု ယုံကြည် လေးစား ခံရတဲ့သူ မရှိဘူး။ ဒီကြားထဲ ဟန်ငြိမ်းဦးက အောက်ဖဲတွေနဲ့ ဝင်ညှောင့်တဲ့ အချိန် သူ့ဘက်က ကင်းရှင်းကြောင်း ဘာမှ သက်သေ မပြနိုင်တော့ ဂွမ်းသွားတာ။ ပန်ဆယ်လို ဆိုင်ဖွင့်တော့လည်း အကွက်ရပြီဟ ဆိုပြီး စခတွေက လှော်တာပဲ။ ဒါပေမယ့် နဂိုကတည်းက သူ့ကြည့်မရတဲ့ သူတွေက လွဲရင် တခြားသူတွေက ပါမလာဘူးဗျ။ မပါဘူး ဆိုတာကလည်း အချက် နှစ်ချက် ရှိတယ်။ ဟိုက ဘာလုပ်လုပ် ပွင့်ပွင့်လင်းလင်း ချပြပြီးမှ ရှင်းအောင် လုပ်တာ။ ပြီးတော့ သူ့ဘက်မှာ လူထု ယုံကြည် လေးစားတဲ့ မိတ်ဖက်တွေလည်း အများကြီး ရှိတယ်။ ဘယ်လိုမှ မထင်ရတဲ့ သူတွေ ကတောင် သူ့ကိုတော့ မကြိုက်ပေမယ့် ဒီလို စွပ်စွဲတာ မှားနေကြောင်း ဝင်ပြောကြတယ်။ အဲဒီတော့ စခတွေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့။ ပန်ဆယ်လိုက မပြိုဘဲ အင်အား ပိုကောင်းအောင် လုပ်ပေး လိုက်သလိ

စစ်ခွေးတွေ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်

Image
ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးငွေညှစ်၊ အမျိုးသားလူငယ်တွေကို ထမိန်ခြုံ နှိပ်စက်   မဲခေါင်၊ မတ် ၁၀   ရန်ကုန်တိုင်း၊ မြို့နယ်အချို့မှာ နေအိမ်ရှေ့၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် ထိုင်နေတဲ့ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးပြီး သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေကို ခေါ်ဆောင် စစ်ဆေး ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့၊ ည ၉ နာရီခွဲခန့်က တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်း၊ ဦးရှင်ကြီးအနီး လမ်းဘေးမှာ ဘီယာ ထိုင်သောက်နေတဲ့ လူငယ် ၃ ဦးကို စစ်ကားတစ်စီးက လာရောက် ဖမ်းဆီး သွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လှိုင်မြို့နယ် မာလာမြိုင်မှာလည်း လူငယ်တွေကို စစ်ကားနဲ့ လာဖမ်းသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "၉ ရက်နေ့ ည ၇ နာရီလောက်မှာ မာလာမြိုင် (၈) လမ်းထိပ်မှာ အရှေ့ပေငါးဆယ်လမ်းမှာ ဖမ်းတယ်။ လမ်းသွားလမ်းလာတွေ ရိုက်ပြီး တင်ခေါ်တာ။ အဲ့လိုဖမ်းရင် စစ်ကားနဲ့လာပြီး ဖမ်းတာ များတယ်။ လမ်းသွားတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ဟာတွေ ဖျက်ပြီး သွားတာ အကောင်းဆုံးပဲ။ လူငယ်ဆိုရင် ယောကျ်ား၊ မိန်းကလေး အကုန်ဖမ်းတာ" လို့ သူကပြောပါတယ်။ အလားတူ မတ်လ ၈ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ကြည့်မြင်တို

လက်နက်ခဲယမ်း ဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ဟု MOD အတွင်းဝန်ပြော

Image
Author လင်းခိုင် Published on Mar 09, 2023   လက်နက်ခဲယမ်းဝယ်ယူမှုနှင့် အခြားသော ကိစ္စရပ်များအတွက် အရေးပေါ် သုံးစွဲမှုများကြောင့် တပ်ရိက္ခာ လျော့ချခဲ့ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က CJ Platform သို့ ပြောကြားသည်။ “အခြားသော ခေါင်းစဉ်များနဲ့ ထောက်ပံ့မှုတွေ လုပ်မှာဖြစ်တယ်။ ဒါကယာယီပေါ့နော်၊ လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ အခြားသော ကိစ္စရပ်တွေမှာ အရေးပေါ် သုံးစွဲမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ အနည်းငယ်လျော့ချတဲ့ သဘောဖြစ်ပြီးတော့၊ ပြန်ပြီးတော့ အပြည့်အဝ ပေးသွားမှာ ဖြစ်သလို၊ အခြားသော လိုအပ်ချက်တွေကို ထောက်ပံ့နိုင်ဖို့ ကိစ္စလည်း ပိုပြီးဆောင်ရွက်ဖို့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပိုပြီးအားကောင်းအောင် ပြင်ဆင်ဆောင်ရွက်တဲ့ အချိန်မို့လို့ ယာယီဖြစ်တဲ့ ကိစ္စဖြစ်ပြီးတော့ ပိုပြီးအားကောင်းအောင် ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်” ဟု ဦးနိုင်ထူးအောင်က ပြောကြားသည်။ ထိုကဲ့သို့ တပ်ရိက္ခာအား လျော့ချရာတွင်လည်း အနည်းငယ်သာလျော့ချခြင်းဖြစ်ပြီး၊ အခြားသော ခေါင်းစဉ်ဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွ