KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်
▪️စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ဦးအသက်ဆုံးရှုံး ထိုက်ထိုက်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဖေဖော်ဝါရီလအတွင်းက တိုက်ပွဲပေါင်း ၄၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၈၆ ဦး သေဆုံးကာ ၂၆၇ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲများအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ နှစ်ဦးကျဆုံးပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ KNU နယ်မြေများတွင် ယခုလပိုင်းအတွင်းKNLA ဦးဆောင်၍ PDF အပါအဝင်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသော်လည်း သတင်းမထုတ်ပြန်သဖြင့် ပြည်သူများမသိကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသောစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ သို့သော် KNU တပ်မဟာ ၅ တစ်ခုတည်းကသာ တိုက်ပွဲသတင်းများ အပါတ်စဥ်ပုံမှန်ထုတ်ပြန်ပေးသည်။ KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင် (ခလယ်လွီထူ)ခရိုင်နှင့် ဖာပွန်(မူတြော်)ခရိုင်၊ ဒူးပလာယာခရိုင်များ၌ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး