သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ်(ရုပ်သံ)
ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းရွာ ဘုန်းကြီးကျောင်းအတွင်း သံဃာတော် ၃ ပါးနှင့် ပြည်သူ ၃၀ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး သတ်ဖြတ် by စစ်ခွေးနိဂုံး၂၃ အကြမ်းဖက်တပ်က ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာတော်များနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်နေ့၊ ညနေခင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် လေယာဉ်နှင့် လက်နက်ကြီးမျာကို အသုံးပြု၍ ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာအနီးဝန်းကျင်တွင် ပစ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော်နံရံဘက်နောက်ခံထားပြီး ရက်စစ်စွာပြစ်သတ်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်ကို KNDF၊ PDF၊ KA ကင်းထောက်တို့က တွေ့ရှိခဲ့ကြောင်း၊ ပျောက်ဆုံးသူ ၃၀ ဦးအနက်မှ ပြည်သူ ၂၈ အလောင်းကို တွေ့ရှိခဲ့ရကြောင်း၊ သံဃာ ၃ ပါး အလောင်းကို တွေ့ရှိရကြောင်း သိရှိရသည်။ ——————— ပင်လောင်း၊နမ