ယူကရိန်းကိုလဲ ရုရှားက ဒီ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ နဲ့ပဲ တရားဝင်စစ်ခင်းသွားတယ်
#သတိထားရမဲ့မတ်လ၁၅ရက် R2P လိုမျိုး စစ်ရေးနဲ့ရော၊ အရေးမယူနိုင်ဘူးလားဗျ) အမေးအတွက်ဖြေကြားချက်။ အမေရိကန်ပြည်ထောင်စု နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဖြစ်စေချင်တာက လက်ရှိ ၂နှစ်ကြာနေပြီဖြစ်လို့ နိူင်ငံသားတွေ ကြီးမားတဲ့အတိဒုက္ခခံစားနေရတဲ့ဗမာ့အရှုပ်အထွေး၊ ( ငြိမ်းငြိမ်းချမ်းချမ်း၊ ပြေပြေလည်လည် နဲ့ အဆုံးသတ်သွားဖို့ ) ဖြစ်တယ်။ ဒါကြောင့်လဲ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာ ရန်လို ရန်ငြိုး လုံးဝ မပါပဲနဲ့၊ (ရင်ကြားစေ့ရေး) စကားလုံးကို အထူးတလည်သုံးပြီး၊ - လက်ရှိအကြမ်းဖက်နေတာကိုရပ်ပါ၊ - ပြီးရင်၊ နိူင်ငံအကြီးအကဲအမေစုနဲ့ဦးဝင်းမြင့်၊ နိူင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပါ၊ - အဲဒါတွေ ပြီးရင်၊ အေးအေးဆေးဆေး ဆွေးနွေးအဖြေရှာပြီး၊အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကိုပြန်သွားပါ၊ (အဲဒီအချိန်ကျရင် လက်ရှိပျက်စီးဆုံးရှုံးမှုအတွက်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို သူတို့ဝိုင်းပေးပြီး၊ နိူင်ငံပြန်လည်တည်ဆောက်ရေးမှာ ကူညီမယ်) ဆိုပြီး အမေရိကန်နဲ့မဟာမိတ်တွေက (စကားကုန်ပြောရင် ရုရှားတရုတ်တို့တောင်ပါတယ်) စိတ်စေတနာကောင်းနဲ့ ကမ်းလှမ်းတာဖြစ်တယ်။ ဒါကိုမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကငြင်းရင် - သူသည် ငြိမ်း