လုံခြုံရေးကောင်စီမှာ ဒီနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးမည်
မတ်လ ၁၃ ရက် RFA မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ်လ ၁၃ ရက် ဒီနေ့ တံခါးပိတ်ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂကနေ သတင်းထောက်တွေကို ကြိုတင်ဖြန့်ဝေတဲ့စာမှာ ဖော်ပြပါတယ်။ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လုံခြုံရေးကောင်စီကို အစီရင်ခံစာ တင်ပြရမှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူးလွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။ လုံခြုံရေးကောင်စီရဲ့ ဒီတစ်ခေါက်ဆွေးနွေးပွဲဟာ မြန်မာစစ်ကောင်စီဘက်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ဘယ်လောက်လိုက်နာဆောင်ရွက်တာ ရှိသ