Posts

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုရှိတယ် ဆိုတာကို သက်သေပြနိုင်မလား

Image
08 မတ်၊ 2021 ဦးစည်သူအောင်မြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အနေနဲ့ ဖေဖေါ်ဝါရီ ၁ရက် မနက်ပိုင်းမှာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်းများစွာကို ဖမ်းဆီး၊ တိုင်းပြည်အာဏာရယူခဲ့တဲ့ အဓိက အကြောင်းရင်းဟာ “ မဲမသမာမှု ဖြစ်နိုင်တဲ့ စာရင်း” ကိစ္စ ဖြေရှင်းမပေးလို့ လို့ ဆိုထားပါတယ်။ အာဏာရယူပြီး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းနဲ့ သူ့ရဲ့ လမ်းပြမြေပုံမှာလည်း ပထမ ဦးဆုံးလုပ်မှာက မဲမသမာမှုတွေ ဖော်ထုတ်မယ်၊ တွေ့ရင် တာဝန်ရှိသူတွေကို အရေးယူမယ် လို့ ဆိုထားပြီး သူ့ရဲ့ နောက်ဆုံး အလုပ်ဟာ လွတ်လပ်ပြီး ရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေး၊ အနိုင်ရ နိုင်ငံရေးပါတီကို တာဝန်လွှဲပြောင်းပေးမယ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း သက်တမ်းရှိနေဆဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အပါအဝင် ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဖမ်းဆီး၊ ကော်မရှင် အသစ်တစ်ခုကိုလည်း ဖွဲ့စည်း ပေးခဲ့ပြီဖြစ်ပါတယ်။ ကော်မရှင်ကလည်း သူတို့ တာဝန်ယူချိန်ကစ မဲစာရင်းကိစ္စ ပြန်စစ်ဆေးနေပြီး တစ်ချို့ အချက်အလက်တွေကို ထုတ်ပြန်ပေးနေတာလည်း တွေ့ကြရပါတယ်။ အရင် စစ်အာဏာရှင်တွေက ကျင်းပပေးခဲ့တဲ့ ၂၀၁၀ အ

တောင်ကြီးက ရဲတွေပိုလန်နိုင်ငံသား သတင်းထောက်ကို ဝိုင်းရိုက်

Image
တောင်ကြီးက ရဲတွေတော့ ပိုလန်နိုင်ငံသား နိုင်ငံခြားသားသတင်းထောက်ကို ဝိုင်းရိုက်ထားတာ အခြေအနေမကောင်းပါ ပိုလန်နိုင်ငံသားအလွတ်တန်းသတင်းထောက်တစ်ယောက်ဖြစ်ပြီးညောင်ရွှေမှာနေထိုင်နေတဲ့သူလို့သိရပါတယ် စစ်သားတွေဝိုင်းရိုက်ပြီး အမှတ် ၁ ရဲစခန်းကိုဖမ်းဆီး ခေါ်ဆောင်သွားပါကြောင်း ခုချိန်ထိပြန်လည်လွတ်မြောက်ခြင်းမရှိသေးပါဘူးလို့  သူ့မိတ်ဆွေတစ်ဦးမှ အတည်ပြုပေးလိုက်ပါတယ်ဗျာ Credit

KNU ပြန်လည်ဖြေရှင်းချက်

Image
Tap here to start composing... မြန်မာနိုင်ငံအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)သို့ ၀င်ရောက်ရန်အတွက်  ရန်ကုန်အပါအ၀င် နေရာဒေသအချို့တွင် လိုက်လံစည်းရုံးမှုများသည် အဖွဲ့အစည်းနှင့် လုံးဝ ပတ်သက်ဆက်စပ်ခြင်းမရှိကြောင်း အဖွဲ့၏ ဒုဥက္ကဌဖြစ်သည့် ပဒိုစောကွယ်ထူး၀င်းက ယနေ့ညပိုင်းတွင် ကရင်အမျိုးသားမီဒီယာသို့ အတိအလင်းပြောဆိုခဲ့သည်။ မသမာသူအချို့သည် မိမိတို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ တာ၀န်ပေးအပ်စေလွတ်ထားသူများ ဖြစ်သည်ဟုဆိုကာ လူသစ်များ လိုက်လံစုဆောင်းနေကြသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားမီဒီယာ၏ မေးမြန်းချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဌပဒိုစောကွယ်ထူး၀င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ခါတော်မီ အခွင့်အခါကိုအသုံးပြု၍ အချို့သော မသမာသူများသည် အဖွဲ့သို့၀င်ရောက်မည်ဆိုပါက တဦးလျှင် ကျပ်ငွေ (၃) သိန်းမှ (၄) သိန်းထိပေးရမည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ ပြည်တွင်းတွင် ကရင့်အရေးဆိုင်ရာ လှုပ်ရှားနေကြသည့် အဖွဲ့အစည်းများနှင့်လူငယ်အဖွဲ့အစည်းများရှိကြောင်း ဖြစ်နိုင်ခြေရှိမရှိဆိုသည်ကို လေ့လာစုံစမ်း၍ရကြောင်းလည်း ဒုဥက္ကဌက ဖြည့်စွက်

အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း "

Image
DVB TV News · မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နင်းတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူများ အမည်စာရင်း " (မတ်လ ၁၁ရက် ညနေ ၅)

စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကိုအလွန်အမင်းနှိပ်စက်ခံရပြီးသေဆုံး

Image
                      ရွှေပြည်သာ NLD ပါတီဝင် စုသက်မွေးသိပ္ပံမှ ဦးဇော်မြတ်လင်းကို စစ်တပ်နှင့်ရဲက မတ်လ ၈ ရက်​နေ့ညပိုင်းတွင် ဖမ်းဆီးပြီး မတ်လ ၉ ရက်​နေ့ မွန်းလွဲပိုင်းတွင် အ​လောင်းထုတ်ယူရန် ပြောဆိုခဲ့သည်။ ယ​နေ့တွင် ဦး​ဇော်မြတ်လင်း၏နာရေး​ဆောင်ရွက်ရာ အ​လောင်းမှာ အလွန်အမင်းနှိပ်စက်ထားသည့်ဒဏ်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်​နေသည်ဟု NLD ပါတီဝင်များက အတည်ပြု​​ပြောသည်။ (မှတ်ချက်- ကြည့်ရှူရန် မသင့်​တော်သည့် ပုံများပါဝင်​နေသည်။ မူရင်းဓါတ်ပုံပိုင်ရှင်ကို Credit ​ပေးပါသည်) 

မြောက်ဥက္ကလာတိုက်ပွဲ

Image

စစ်ရေးအရ အရေးယူမှသာအဆုံးသတ်နိုင်( ဘားနတ်ဟစ်ဘစ်)

Image
f စစ်ရေးအရ အရေးယူမှသာ မြန်မာပြည်ရဲ့အကျပ်အတည်း အဆုံးသတ်နိုင်ဟု ဘားနတ်ဟစ် ဘစ် ကသုံးသပ်>> ====================== အော့တဝါ - မြန်မာနိုင်ငံ၏အ ကျပ်အတည်းသည် စစ်ရေးအရ အရေးယူမှသာ အဆုံးသတ်နိုင်  သည်ဟု ကနေဒါနာမည်ကြီး ဥပဒေပါမောက္ခနှင့် သမိုင်းပညာ ရှင်ဘားနတ်ဟစ်ဘစ် က ၎င်း၏အ မြင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။ အာဏာသိမ်းတပ်မတော်၏ လုပ်ရပ်များက အာဏာစွန့်လွှတ် ရန် လုံးဝရည်ရွယ်ချက် မရှိသည် ကို ရှင်းရှင်းလင်းလင်းပြသနေ ကြောင်း ဘားနတ်ဟစ်ဘစ်က တွစ်တာ၌  ရေးသားသည်။ ‘‘အာဏာသိမ်းလုပ်ရပ်တွေ က အာဏာကိုပြန်စွန့်လွှတ်ဖို့ လုံးဝစိတ်ကူးမရှိဘူးဆိုတာ ကို ပြတ်ပြတ်သားသား သတင်း စကားပါးနေတယ်။ ပြီးတော့ လမ်းမတွေပေါ်မှာ ပိုပြီးတော့ရက် ရက်စက်စက်နှိမ်နင်းတာ၊ အဓမ္မ ဖမ်းဆီးတာ တွေနဲ့ ပြည်သူတွေနဲ့ ဂျာနယ်လစ်တွေကို တွေဝေမနေ ဘဲ ထိန်းသိမ်းတာတွေပိုလုပ်လိမ့် မယ်’’ ဟု ဘားနတ်ဟစ်ဘစ်က ပြောသည်။ ဆက်လက်၍ ဘားနတ်ဟစ် ဘစ်က- ‘‘မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီရဖို့ နေ့တိုင်းညတိုင်း သူတို့ရဲ့အသက်တွေကို စွန့်လွှတ်  နေကြရပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒ ပြနေတယ်ဆိုတာကို ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့ ကမ္ဘာ တစ်ဝန်းကလူ တွေကို ကျွန်တော်သတင်းပါးချင် ပါတယ်’’ ဟု ပြောကြား

CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်

Image
CRPH ကို မ​ထောက်ခံ​ကြောင်း စစ်အာဏာသိမ်း​ကောင်စီက ဖိအား​ပေး လက်မှတ်​ရေးထိုးခိုင်းမှု တရားမဝင်ဟု ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ NLD ပါတီက ​​ကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

ဒီနေ့ မအလ က နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။ ဖမ်းရတဲ့ အကြောင်းအရင်းက ဦးချမ်းအေး၊ ဦးစိုးသူရတို့ အပါအဝင် မအလရဲ့ နိုင်ငံခြားရေးအဖွဲ့နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုပို့တဲ့ ဂက်စ်ပိုက်လိုင်းကိစ္စ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခြေအနေကြောင့် အလွန်အမင်း စိုးရိမ်နေကြောင်း အချက် ၅ ချက်တရုတ်က တောင်းဆိုတယ်။ မြန်မာပြည်သူတွေကို ဂက်စ်ပိုက်လိုင်းအပေါ်မှာ ဝေဖန်မှု ပြုနေကြတာကို ခွင့်မပြုသင့်ကြောင်း မအလအဖွဲ့ကို ညွှန်ကြားတယ်။ မအလ ဘက်ကလည်း ကီလိုမီတာ ၈၀၀ အရှည်ရှိတဲ့ ပိုက်လိုင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို စခန်း ၅၉ ခုဖွင့်ပေးထားပြီး ပြည်သူ့ ဘဏ္ဍာနဲ့စောင့်ရှောက်နေတဲ့အပြင် လစ်ဟင်းမှုမရှိရအောင် စစ်သူပုန်တပ်ကပါ အားဖြည့်စောင့်ရှောက်ပေးနေကြောင်း ပထွေးဖြစ်သူ ငြိုငြင်အောင် မလုပ်ရဲကြောင်း မျက်နှာချိုသွေးခဲ့တယ်။ ဆွေးနွေးပွဲပြီးတော့ မအလထံ အစီရင်ခံဖို့အတွက် ဆွေးနွေးပွဲမှတ်တမ်းကို ကွန်ပျူတာသမားက စာစီရတယ်။ မိတ္တူကို မအလရဲ့ စစ်သူပုန်ကောင်စီ အဖွဲ့ကိုရော၊ ကာကွယ်ရေး၊ ပြည်ထဲရေးဌာနတွေကိုရော လျို့ဝှက်အဆင့်နဲ့ ပို့ပေးခဲ့ရတယ်။ ပို့ပြီး နှစ်ပတ်လ

ထား၀ယ်မြို့ညသပိတ် ပစ်ချက်အား အရမ်းကြမ်း

ထား၀ယ်မြို့ညသပိတ် ပစ်ချက်အား အရမ်းကြမ်း လူတချို့ဒဏ်ရာရ အခြေအနေမကောင်း သေနတ်တွေအဆက်မပြတ်ပစ်