Posts

Password ဖြုတ်ထားပေးကြပါရန်

Image
အကြမ်းဖက်စစ်ကောင်စီဟာ တစ်နိုင်ငံလုံးကို Mobile Data တွေ ပိတ်လိုက်ပါပြီ။ ဘာကြောင့်ပိတ်တာလဲဆိုတော့ သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို Live လွှင့်ပြီး မှတ်တမ်းတင်ခံရမှာ ကြောက်လို့ပါပဲ။ ဒါ့အပြင် အများစုဟာ Mobile Data ပဲ သုံးနိုင်တာမို့ အင်တာနက်ပေါ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ တက်လာမယ့်ပမာဏကို လျှော့ချချင်တာလည်း ပါပါတယ်။ နွေဦးတော်လှန်ရေးကို ‌အားပေးထောက်ခံနေတဲ့ ပြည်သူများခင်ဗျား။  စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာသိအောင် ချက်ချင်းမှတ်တမ်းတင်၊ ချက်ချင်းလွှင့်နိုင်ဖို့ကို အားပေးကူညီတဲ့အနေနဲ့ မိမိတို့အိမ်၊ မိမိတို့ဆိုင်မှာရှိတဲ့ ဝိုင်ဖိုင်အင်တာနက်လိုင်းများကို တော်လှန်ရေးပြည်သူများ လွယ်ကူစွာသုံးနိုင်ရေးအတွက် Password ဖြုတ်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Crd

လော်ဘီကုမ္ဗဏီမှ (၂) ဦး မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်

Image
မြန်မာစစ်ကောင်စီက နိုင်ငံတကာအသိုင်းအဝန်း၏ ထောက်ခံမှုရရန် ငှားရမ်းထားသည့် Dickens & Madson Canada လော်ဘီကုမ္ဗဏီမှ ပုဂ္ဂိုလ် (၂) ဦး မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည် ကနေဒါ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် Dickens & Madson Canada လော်ဘီကုမ္ဗဏီမှ Dr. Ari Ben-Menashe နှင့် Ms. Dimitra Papageorkopoulos တို့နှစ်ဦးသည်၊ Myanmar Airways International - MAI (လေယာဉ်အမှတ် 8M-802) ဖြင့် မနက်ဖြန် မတ်လ ၁၆ ရက်နေ့ ည ၈ နာရီတွင်၊ ရန်ကုန်မြို့သို့ ဆိုက်ရောက်မည်ဟု သိရသည်။ ထိုလေယာဉ်သည်၊ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ Incheon လေဆိပ်မှ ထွက်ခွာလာမည် ဖြစ်သည်။ မြန်မာပြည်တွင် ရှိစဉ်အတွင်း မည်သူတို့နှင့်တွေ့မည် ဆိုသည်ကို မသိရှိရသော်လည်း၊ ကနေဒါလော်ဘီ ၂ ဦးသည်၊ စစ်အာဏာသိမ်းအုပ်စုမှ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တွေ့ဆုံမည်ဟု ယုံကြည်ရသည်။ Dr. Ari Ben-Menashe ၏ Passport No. မှာ AK690403 ဖြစ်ပြီး၊ Ms. Dimitra Papageorkopoulos ၏ Passport No. မှာ AK680278 ဖြစ်သည်ဟု သိရသည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အခြားသော နိုင်ငံများကို အခြေအနေမှန်အား ရှင်းပြနိုင်ရန်အတွက

အတော်ဝေးဝေးကို ပစ်လို့ရတဲ့ Slingshot

Image
ယူကရိန်းတော်လှန်ရေး အောင်မြင်ခဲ့ရခြင်းအကြောင်းများစွာထဲက အတော်ဝေးဝေးကို ပစ်လို့ရတဲ့ ဒီ Slingshot တွေလည်းတခုအပါအဝင်ပဲ။ သပိတ်ခံတပ်ကို ရဲတွေ တညလုံး လေးဘက်လေးတန်က ဝိုင်းပြီး ဖြိုဖို့ကြိုးစားတာတောင် ဒီလို လေးခွ အကြီးကြီးတွေ နဲ့ အထဲက ပြန်ဝုန်းလို့ အနားတောင်ကပ်လို့မရခဲ့ပါဘူး။သေနတ်ကျည်ဟာ မီးထိရင် ယမ်းပါတဲ့ အတွက် အလိုလို ထပေါက်ပြီး ရဲတွေ အသေကြောက်ပါတယ်။ သေနတ်နဲ့ ချိန်ထားတဲ့ မြင်ကွင်း အရှင်းကြီးကို ဓားနဲ့တက်ခုတ်တာထက် ဒီလို အဝေးပစ်လက်နက်ကြီး သုံး၊လေးခုနဲ့ ဝိုင်းထုယုံနဲ့တင် တပ်ကို တည်မရအောင်ပျက်စေပါတယ်။ မနက်က သက်န်းကျွန်း ဗီဒီယိုမှာ ကြည့်လိုက်ရတာက လက်ချည်းသက်သက် ပစ်လိုက်တဲ့ ပုလင်းတွေ အဝေးကို ထင်သလောက်မရောက်ပဲ အချို့ဆိုအပေါ်က ဓာတ်ကြိုးတွေနဲ့ တိုက်ပြီး ကိုယ့်အပေါ်တောင် ပြန်ကျပြီး အန္တရယ် များပါတယ်။ အနားကို အကပ်မခံပါနဲ့။ရိုးရှင်းပြီး ရရာ ပစ္စည်းတွေနဲ့တောင် အလွယ်တကူသုံးနိုင်ပါတယ်။

15.3.2021 ေဒါပုံ

Image

ဓါတ်ဆီပုလင်းအသုံးဝင်ပုံ

Image

POSCO မြန်မာဝန်ထမ်း​တွေ အားလုံး CDM

Image
တရုတ်နိုင်ငံကို ဓါတ်​ငွေ့​တင်ပို့ရန် ​ရွှေသဘာဝကမ်းလွန်လုပ်ကွက်က POSCO မြန်မာဝန်ထမ်း​တွေ အားလုံး CDMတဲ့။ မြန်မာ့ကမ်းလွန်​ရေနဲ့ သဘာဝဓါတ်​ငွေ့စီမံကိန်း ​လေးခုက တစ်ခုက​တော့ ပြည်သူနဲ့အတူရပ်တည်ပါပြီ။ အ​ရေး​တော်ပုံ ​အောင်ရမည်။ CRD

ဖမ်းသွားတဲ့ကလေး၂ယောက်ကိုအလောင်းတွေလာပို့

Image
ရွှေမြင်းခြံ နေ့လည်က အချုပ်ကားနဲ့ဖမ်းသွားတဲ့ကလေး၂ယောက်ကို ခုည အလောင်းတွေလာပို့သွားတယ်

Automatic rubber band steel ball gun

တာမွေမှာကျဆုံးသွားတဲ့ဆေးကျောင်းသားရဲ့အမေ ဆရာဇော်ဝေစိုးသား

Image
သူ့ခမျာဘယ်လောက်တောင်ခံစားရမလဲ ကိုယ်ချင်းစာတယ် တရုတ်မို့ မမုန်းလိုက်ပါနဲ့တဲ့ 😭😭😭 ဘယ်သူပဲသေသေ ငါတို့ရင်ထဲထိနာတယ် အားလုံးလဲ သူတို့အသက်ပေးရတာနဲ့တန်အောင် တိုက်ပွဲ ဆက်ဝင်ကြမယ် 💪🏼💪🏼 "သား ပါရဂူကြီးဖြစ်ရင် ဆင်းရဲတဲ့သူ​တွေကို အလကားကု​ပေးမှာတဲ့" ဒီ​လောက် စိတ်ထား​ကောင်းတဲ့သူကိုမှ လုပ်ရက်တယ်ကွာ💔 "အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သား​လေးက ခုမရှိ​တော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့" 😔 "အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာ​​နေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ​ကျောင်း​တောင် ​​ကောင်း​ကောင်းမတက်ခဲ့ရဘူး၊ ​ပြေးရပုန်းရနဲ့ ​နေလာရတာသားရယ်၊ အဲ့​တော့ အန်တီက အန်တီ့သား​လေးကို ပညာတတ်​စေချင်တယ်၊ အန်တီ မစားရ​နေပါ​စေ သား​လေးကို အ​ကောင်းဆုံး​တွေပဲ ​ပေးခဲ့တာ၊ ပိုး​​မွေးသလို ​မွေးခဲ့တာ၊ ခု​တော့ အန်တီ့သား ပညာတတ်​လေး မရှိ​တော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရ​တော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ​ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်"💔 "အန်တီ့ သား​လေးက အရမ်းစိတ်ထား​ကောင်းတာ၊ လူကြီး​​တွေ​ရော ဆရာဆရာမ​တွေ​ရောက သိပ်ချစ်တာ၊ စာလည်း အရမ်း​တော်တာ၊ အန်တီ့သား​ကြောင့်​လေ တစ်ခါမှ မျက်နှာမငယ်ခဲ

free data လုပ်နည်း

Image