Posts

ယနေ့အတွက် ထူးခြားသော သတင်း(၄)ခု ...

Image
မြန်မာနိုင်ငံရှိ စင်ကာပူနိုင်ငံသားများ မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာသင့်ပြီဖြစ်ကြောင်း ရန်ကုန်ရှိ စင်ကာပူသံရုံး ထပ်တိုးသတိပေး ... မြန်မာနိုင်ငံရှိ ကနေဒါနိုင်ငံသားများ မြန်မာနိုင်ငံမှ ချက်ချင်းထွက်ခွာရန် ရန်ကုန်ရှိ ကနေဒါသံရုံး သတိပေး ... R2P ဝင်ရန် မြန်မာနိုင်ငံကို အဓိက ဦးစားပေးနိုင်ငံအဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR  မှ သတ်မှတ် ... ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမူတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ ... https://www.dropbox.com/sh/ve2nkwta9h91s3v/AAC6APpuLvxCw1GzQhBbbBCxa?dl=0

အချိန်နဲနဲလေးပေးပြီး လေ့လာကြည့်ပါ

Image
သတင်းတွေဟာ ၁၀ မိနစ်အတွင်း ပြောင်းလဲလာတတ်တော့ မျက်ခြေမပြတ် ကို မနဲလိုက်လေ့လာနေရပါတယ် ကျနော်ကိုယ်တိုင်လည်း ရှုပ်ထွေးနေတဲ့ အခြေအနေတွေအောက်မှာ ရုန်းကန်နေရ တာမို့ တစ်ခါတစ်ခါဆို ဘာတွေဖြစ်သွား မှန်းတောင် မသိလိုက်ပါဘူး နဲနဲထူးခြားတာလေးတွေမျှဝေကြည့်ရ အောင်ပါ ကောင်းနိုးရာရာလေးတွေ စုပေးထားပါတယ် အခုရက်ပိုင်းမှာ တိုက်ဆိုင်တာတွေတစ်ခုပြီး တစ်ခု ဖြစ်လာတော့ စဉ်းစားစရာတွေ  ဖြစ်လာတယ်။ ရိုးရိုးတိုက်ဆိုင်တာ မဟုတ်တဲ့  ထူးခြားဖြစ်စဉ်တွေမို့ပါ မတ်လ ၁၁ ရက်က •••••••••••••••••••• အာရှရဲ့ နေတိုးမဟာမိတ်လို့ တင်စားကြတဲ့  လေးပွင့်ဆိုင်နိုင်ငံများရဲ့ ထိပ်သီး  အစည်းအဝေးလုပ်ပါတယ်။  QUAD လေးနိုင်ငံဟာ  အမေရိကန် ပြည်ထောင်စု ၊ ဩစတြေးလျား ၊  အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ စစ်အင်အားကြီး တိုင်းပြည်တွေပါ။  ကမ္ဘာမှာ စစ်အင်အားအရ အမေရိကန်  နံပါတ် ၁၊ အိန္ဒိယ ၄၊ ဂျပန်ဟာ စစ်အင်အား  နံပါတ် ၅၊ ဩစတြေးလျား ၁၉၊ ရှိပါတယ်။ မြန်မာက ၃၈ ၊ ပါ။ ကုလသမဂ္ဂရဲ့ R2P လို့ခေါ်တဲ့ ကာကွယ်ပေး ရန်တာဝန်ဆိုတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ  စေလွှတ်ကူညီရေးကိစ္စမှာ မြန်မာနိုင်ငံကို  အနီရောင် ထိပ်တန်းအဆင့်သတ်မှတ်လိုက် ပါတယ်။   ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး  QUAD  လေးနိုင်ငံပါဝ

ဂျပန်လွှတ်တော်ထဲမှာပွဲကြမ်းနေပြီ

credit to video owner 19-3-2021

ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေ

Image
ထိုင်းသတင်းဌာန Thai PBS မှ မြန်မာနိုင်ငံအတွင်းသို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် ဝင်ရောက်ဖို့ အခြေအနေရောက်ရှိနေပြီး ထိုကုလတပ်တွင် ပါဝင်ဖို့ ထိုင်းစစ်တပ်တွင်လည်း ကြိုတင်ပြင်ဆင်နေမူများ ရှိကြောင်း ဖော်ပြ  Credit

ညမထွက်ရအမိန့် ၈ နာရီနောက်ပိုင်း မူဆယ်အဝင် သစ်ခိုးထုတ်ကားများကိုတွေ့ရစဉ်။

Image

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

Image
တောင်ဥက္ကလာပတွင် ​မွေးကင်းစက​လေးကို ​စစ်တပ်က သေနတ်ဖြင့်ချိန်၍ ပစ်သတ်မည်ဟု ခြိမ်း​ခြောက်ကာ ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​နေ၊ စုံစမ်း​မေးမြန်းမှုကို စစ်သားများ မသိဟု ​လှောင်ရယ်ဟုဆို ​ရန်ကုန်၊ မတ် ၁၉ ရန်ကုန် ​တောင်ဥကလာပ၊ ၇ ရပ်ကွက် ၊ မင်းရဲ​ကျော်စွာ ၂ လမ်းအရှည်၊ အိမ်နံပါတ် ၂၅၁ တွင် ​နေထိုင်သူ ​မောင်နိုင်မင်းထွန်း ​ခေါ် အာမက်ခမ်း အသက် ၃၂ နှစ်ကို အကြမ်း ဖက် စစ်တပ်က ​သေနတ်ဒင်ဖြင့် ​ခေါင်းရိုက်ခွဲပြီး ယ​မန်​နေ့က ဖမ်းဆီးခဲ့ရာ ယ​နေ့တွင် စုံစမ်းမရဘဲ ​ပျောက်ဆုံး​နေ​ကြောင်းသိရှိရသည်။ "ညီမအကိုက လမ်း​တွေကို တပ်က ဖွင့်ပြီး ကင်းချထားတာကို သွားကြည့်တယ်။ လမ်း​လျောက်ရင်း ဒီလိုပဲကြည့်တာကို ဘာကြည့်တာလဲဆိုပြီး လိုက်လာတာ။ စစ်သား ၂ ​ယောက်။ အဲဒါ အကိုက ပုန်း​နေတယ်။ အိမ်တံခါးကို ရိုက်ဖျက်ပြီး ဝင်လာတာ။ ညီမက က​​လေးမီးဖွားထားတာ ၁၅ ရက်ပဲရှိ​သေး​တော့ က​​လေးချီပြီး အပြင်ထွက်ကြည့်​တော့ ညီမနဲ့က​လေးကို ​သေနတ်နဲ့ချိန်ပြီး ထွက်မလာရင် က​​လေးကို ပစ်သတ်မယ်ဆိုပြီး ​သေနတ်​မောင်းတင်တယ်။ အဲဒါ အကိုက က​လေး​တော့ မလုပ်ပါနဲ့ဆိုပြီး ပုန်းရာက ထွက်လာတယ်။ အဲဒါ အကို့ကို ​သေနတ်ဒင်နဲ့ရိုက်တယ်။ ​​ခေါင်းကွဲ

လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ​အောင်ပန်းတွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ လက်ချက်ဖြင့် ယ​နေ့ကျဆုံး

Image
ရန်ကုန်၊ မတ် ၁၉ ခေတ်သစ်မီဒီယာ ကယားပြည်နယ်၊ လွိုင်​ကော်တွင် ပြည်သူ ၁ ဦး၊ ရှမ်းပြည် နယ်​အောင်ပန်းမြို့တွင် ပြည်သူ ၈ ဦး စစ်​ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်သတ်မှု​ကြောင့် ကျဆုံးသွား​ကြောင်း သိရှိရသည်။ ကယားပြည်နယ်၊ လွိုင်​​ကော်မြို့၊ မိုင်းလုံးသပိတ် စစ်​ကြောင်းကို စစ်​ကောင်စီတပ်များက အကြမ်းဖက်ဖြိုခွင်းစဥ် ဦးရှမ်းပု၏ ဆီးခုံ ကျည်ထိမှန်၍ ကွယ်လွန်သွားခြင်းဖြစ်​ကြောင်းသိရှိရသည်။ အလားတူ အောင်ပန်းမြို့တွင် မတ်လ ၁၉  ရက်နေ့ ၊ စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှု​ကြောင့်  ၈ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့​ကြောင်း၊ ဒဏ်ရာရရှိသူ  ၂ ဦး အရေးပေါ်အ​ခြေအ​နေဖြစ်​နေ​ကြောင်း သိရှိရသည်။

ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့

Image
စစ်​ကောင်စီတပ်များ၏ ရမ်းကားပစ်ခတ်မှု​ကြောင့် ယမန်​နေ့ ည​နေပိုင်းတွင်  ကျဆုံးခဲ့သူ မ​အေး​အေးခိုင်၏ နာ​ရေး ရန်ကုန်၊ မတ် ၁၉ ရန်ကုန်၊ ​ မြောက်ဥက္ကလာပမြို့နယ်တွင်  မတ်လ ၁၈ ရက်​နေ့ ညနေပိုင်း စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန်သေဆုံးခဲ့ရသည့် အသက် ၂၂ အရွယ် အစ္စလမ်ဘာသာဝင် ရိုစာနာဘီ(ခ)မအေးအေးခိုင်ရဲ့ နာ​ရေးကို ယနေ့ မတ်လ ၁၉ ရက်နေ့လယ်ပိုင်းတွင် ရေဝေးသုဿာန်၌ ပြုလုပ်ခဲ့​ကြောင်း သိရှိရသည်။ Photo Credit-Original Uploader

မတ်လ ၁၄ ရက်​နေ့ စစ်​ကောင်စီတပ်များကျူးလွန်​​သော လှိုင်သာယာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (ဗီဒီယို)

Image
ရန်ကုန်၊ မတ် ၁၉ မတ်လ ၁၄ ရက်နေ့ လှိုင်သာယာမြို့နယ်ကို စစ်​ကောင်စီတပ်များ က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းပြီး ပြည်သူ… ပိုမို များကို အစု လိုက်အပြုံလိုက် သတ်ဖြတ်သည့် ဗီဒီယိုဖြစ်ပါသည်။ အဆိုပါသတ်ဖြတ်မှုတွင် ပြည်သူဦး​ရေ ၅၀ ​ကျော် ကျဆုံးခဲ့ရသည်။ Video Credit-  လှိုင်သာယာမြို့နယ် Information-YT

သာ​ကေတမြို့နယ် ၇ ဈေး​ကျောကပ်ပတ္တမြားလမ်း‌တွင် ပစ်ခတ်မှု​ကြောင့် ယ​နေ့ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့သည်။

Image