Posts

အဖြူရောင်အနုပညာရှင်များအား အဖြူရောင်အရည်များ တည်ခင်းဧည့်ခံ

Image
ဖြူစင်ခြင်းရဲ့အစစ်အမှန် ဆိုဗီယက်နွဲ့နွဲ့စန်းကိုကျ မဖိတ် 😥 ကိုရန်လေးတို့က သီချင်းလာဆိုပါဆိုတုန်းက မလာဘူး။ ဆန် ဆီ ပေးတော့ လာတယ်နော်။ အဘဆီက ရသမျှကို ပြန်ကုပ်ယူတာ  (Credit to အောင်ကျော်ဆင့်)

ကျမ သီချင်းတောင်လုပ်ဆိုလို့ရပြီ

Image

သွက်ချာပါဒဒေဝီစပ်စလူးလှိုင်

Image

ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်

Image
 CDM မလုပ်ခင်ထိ ထန်တလန်မြို့မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျွန်တော့်ရဲ့တပ် က ခလရ(၂၆၉)၊ ခု ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်ပဲ။ ဒေသခံတွေက အရမ်းချစ်ဖို့ကောင်းကြတယ်၊ ထန်တလန်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာလေးတွေဆိုရင်လည်း ကျွန်တော်တို့စစ်ကြောင်းထွက်ချိန် နားခိုဖို့အတွက် အိမ်တွေစီစဉ်ပေးတယ်၊ ခလရ (၂၆၉) နဲ့ အတူတူ ထန်တလန်မြို့ရဲ့ပတ်ဝန်းကျင်နေရာတော်တော်များများကို သွားခဲ့ရချိန်တွေဆို ဒေသခံတွေ ရွာသားတွေက လိုအပ်တာ မှန်သမျှ ကူညီပေးကြရှာတယ် .... သိပ်ချစ်စရာကောင်းတဲ့ သူတွေပေါ့။ ကျွန်တော့်အပေါ် မှာမှမဟုတ်ပဲ တပ်တစ်ခုလုံး အပေါ်ကို အားလုံးကကောင်းကြတယ်။ ဒီလိုတွေကောင်းခဲ့လို့ ခလရ (၂၆၉) ဆိုတဲ့ စစ်တပ်ကြီးက မြို့ကို လူမဆန်စွာ ဖျက်ဆီးခဲ့ လိုက်တယ်။ စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့၊ ပြည်သူတွေအပေါ်ရိုင်းစိုင်းယုတ်မာနေတာတွေကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တာ၊ ခလရ (၂၆၉) ကြီးကို မုန်းလို့လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကြည်း ၇၂၆၈၂ ဗိုလ်ထက်နေဗလ ရဲ့ အကြောင်းကို ခလရ (၂၆၉) မှာရှိတဲ့ အရာရှိ/ စစ်သည်တွေ ပိုပြီးသိလိမ့်မယ်ထင်ပါတယ်။ ကိုယ်နဲ့သိခဲ့တဲ့သူတွေ၊ ကိုယ်နဲ့ တာဝန်အတူတူထမ်းဆောင်ခဲ့ဖူးတဲ့သူတွေက ဒီလိုလုပ်ရပ်မျိ

ရှန်ပူမကြိုက်တဲ့ စိန်ကြင်စိုး

Image

စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို

Image
အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။ ထန်တလန် တွင် သောကြာနေ့ နံနက် ဆယ်နာရီခန့်က လူသူ မရှိသော အိမ်များထဲသို့ မင်းအောင်လှိုင်၏ စစ်သားများက ဆန် နှင့် စားစရာ များ ဝင်ရောက် လုယက်ယူငင်‌နေသည်ကို ချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်သဖြင့် တဦးသေဆုံး သွားပြီးနောက် လူနေရပ်ကွက်များကို ချိန်ရွယ်ကာ အဝေး မှ သူရဲဘော ကြောင်စွာဖြင့် လက်နက်ကြီးများ နှင့် ပစ်ခတ်ရာမှ မီးလောင်ခံခဲ့ရခြင်း ဖြစ်သည်။ ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့်  အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။ ရုရှားတ

ထန်တလန်မြို့မီးရှို့မှုသည် PDF လက်ချက်ဖြစ်ကြောင်း ဇော်မဲလုံးပြော

Image

ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှု

Image
ထန်တလန်ကိုကြည့်ထားဟု ခြိမ်းခြောက်ခဲ့သူ ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ကမ္ဘာကျော်အောင်မြင်မှုဒဏ်မခံနိုင်၍ FB Account ဖျက်သွား အောက်တိုဘာ ၃၀ ရက် “ထန်တလန်ကို ကြည့်ထားကြ နောက်ထပ် ထန်တလန်တွေ ထပ်ထပ်ပြီးပေါ်လာမယ်” ဟု သူမ၏ Facebook Account မှ တဆင့် ကြိမ်းဝါးခဲ့သူ ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၏ ခြိမ်းခြောက်မှုအား CNA သတင်းဌာန၏ သတင်းထောက် မေဝေါင်းမှ ကမ္ဘာကသိအောင် Twitter တွင်ပြန်လည် ဖော်ပြပေးခဲ့သည်ကို တွေ့ရသည်။ ယခုကဲ့သို့ ကမ္ဘာကျော်သွားခဲ့ပြီးနောက် နန်းမြမြမီမီဇော်မှ အောင်မြင်မှုဒဏ်ကို မခံနိုင်၍ Facebook Account အား ဖျက်သွားကြောင်းလည်း သိရသည်။ သို့သော်လည်း ဟုတ်လျှင် ကျော်၊ ပုပ်လျှင်ပေါ် ဟူသည့် မြန်မာစကားပုံအတိုင်းပင် အကြမ်းဖက်စစ်တပ်၏ လက်ကိုင်ဒုတ်ဖြစ်သော ကြံ့ခိုင်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ယခုကဲ့သို့ ကြိမ်းဝါးခြိမ်းခြောက်ခဲ့သည် ဟူသောသတင်းသည် မြန်မာတင်မက ကမ္ဘာထိပါ ပြန့်လျက်ရှိပြီ ဖြစ်သည်။ #Photo_Credit #ထန်တလန် #USDP #HTY_Information

လူစိတ်မရှိတဲ့ ကြံဖွတ်နှင့်စစ်ခွေးလော်ဘီများ

Image
ထန်တလန်မြို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီး ပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေး ဆိုခွင့်ရှိသူ နှင့် စစ်တပ်လော်ဘီများက လူမှုကွန်ရက်တွင် အောင်ပွဲခံ၊ စစ်ကောင်စီအနေဖြင့် မြို့ရွာများ  ထပ်မံဖျက်ဆီးရမည်ဟု ခြိမ်းခြောက် ရန်ကုန်၊ အောက်တိုဘာ ၃၀  ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးပြီးနောက် ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နန်းမြမြမီမီဇော်၊ စစ်တပ်ထောက်ခံသူ လော်ဘီ တပ်ကြပ်ကြီး ဖိုးစီ၊ စစ်တပ်ထောက်ခံသူ ဟန်ငြိမ်းဦးတို့က လူမှုကွန်ရက်များမှတစ်ဆင့် အောင်ပွဲခံခဲ့ပြီး စစ်ကောင်စီအနေဖြင့် မြို့ရွာများကို ထပ်မံ ဖျက်ဆီးရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ရေးသားမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။  ထန်တလန်မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံနေရသည့် ထန်တလန်မြို့နယ်ကဲ့သို့ ထပ်မံ ဖျက်ဆီးခံရမည့် မြို့နယ်များ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း USDP ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က လူမှုကွန်ရက်မှတဆင့် ခြိမ်းခြောက်ရေးသားသည်။  "ဖြစ်မှ မျက်ရည်မခြူနှင့် အာဘန်ဝေါ မြို့ပြစစ် ပျောက်ကြားစစ်ဆိုပြီး ဂြိုလ်ဆက်ကြွရင် ထန်တလန်ကို ကြည့်ထားကြ၊ နောက်ထပ် ထန်တလန်တွေ ထပ် ထပ်ပြီးပေါ်လာမယ်"

အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

Image
အကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား အောက်တိုဘာ၊ ၃၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာ၊ ၂၉ ရက်နံနက်ပိုင်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီးကပြောသည်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်၍ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုပြီး၊ မြန်မာနိုင်ငံရှ