Posts

ထန်တလန်မြို့ မီးရှို့မှုနဲ့ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂

Image
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၇၀ ကျော် မီးလောင်နေသည်ကို နောက်ခံထား၍ မြန်မာစစ်တပ်မှ စစ်သားအချို့က ဓာတ်ပုံရိုက်ယူခဲ့သည်ကို ရရှိထားသည့် ဓာတ်ပုံများတွင် တွေ့ရသည်။  . ဓာတ်ပုံများအရ မီးလောင်နေစဉ် ကြည့်ရှုနေသည့် စစ်သားနှစ်ဦးကို တွေ့ရပြီး တစ်ဦး၏ သေနတ်ဒင်တွင် နံပါတ် ၂၂၂ ကိုတွေ့ရသည်။ ထို့ပြင် လက်မောင်းတံဆိပ်မှာ မြှားပုံဖြစ်သည်။ ယင်း လက်မောင်း တံဆိပ်သည် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တံဆိပ်ဖြစ်ပြီး၊ သေနတ်ဒင်ပါ ၂၂၂ သည် တပ်ရင်းနံပါတ်ဖြစ်သည်။  . သတင်းအချို့တွင်ဖော်ပြချက်များအရ ထန်တလန်တွင် (ခလရ) ၂၂၂ ရောက်ရှိနေကြောင်း သိရသော်လည်း အတည်မပြုနိုင်ခဲ့ပေ။ သို့သော် ယခုရရှိသည့် အချက်အလက်များအရ အဆိုပါ စစ်သားနှစ်ဦးသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဟုမ္မလင်း အခြေစိုက်၊ ခြေလျင်တပ်ရင်း (ခလရ) ၂၂၂ မှ စစ်သားများဖြစ်ကြောင်း အတည်ပြုနိုင်သည်။  . ထန်တလန် ဝန်းကျင်တွင် (ခလရ) ၂၂၂ အပြင် အခြား တပ်မ တပ်ရင်းများလည်း ရှိနေဦးမည်ဟု ယုံကြည်ရသည်။  . အောက်တိုဘာ ၂၉ က ယင်းဖြစ်စဉ်တွင် ဒေသခံ ကာကွယ်ရေး တပ်များက အဆောက်အအုံများကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏

အာဏသိမ်းမှု ကြံရာပါများနှင့် အချက်အလက်များ

Image
သူ့ချည်းပဲလော၊ ချဉ်ဖတ်နဲ့ပါဖုရား  သရဝဏ်(ပြည်) "မင်းအောင်လှိုင်တစ်ယောက် အာဏာရူးတာနဲ့မြန်မာတစ်နိုင်ငံလုံးဒုက္ခရောက်ရတယ်ကွာ" "မင်းအောင်လှိုင်မရှိရင် တော်လှန်ရေးကအောင်မြင်ပြီ" "မင်းအောင်လှိုင်သေမှအေးမှာ" "အခြားစစ်ဗိုလ်ချုပ်တွေကပါချင်တာမဟုတ်ဘူး၊ နီးရာဓားကြောက်လို့ဝင်ပါနေရတာ" စသည်စသည်ဖြင့် ပြောနေသံတွေကိုကြားရပါသည် ။ ထိုအယူအဆသည် အပြည့်အဝမမှန်ပါ။ မင်းအောင်လှိုင်အာဏာရူးသည်မှာမှန်ပါသည်။ မင်းအောင်လှိုင်သမ္မတရူးရူးနေသည်မှာမှန်ပါသည်။ သို့သော် ဤအာဏသိမ်းမှုတွင်တပ်မတော်မှ အငြိမ်းစားနှင့်လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများ၏ သဘောတူညီချက်မပါပဲ မင်းအောင်လှိုင်တစ်ယောက်တည်း ထင်ရာစိုင်းခဲ့ခြင်းမဟုတ်ပါ။  အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် ရာထူးနှင့် အာဏာအကြီးကြီးရယူခဲ့သူ စစ်ဗိုလ်ချုပ်များအားလုံး အတူတူနဲ့အနူနူ အားလုံး ပုလင်းတူဗူးဆို့ ပါဝင်ခဲ့ကြပါသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးအကြီးကြီးများရယူခဲ့ကြသော သမ္မတ၊ ဒုသမ္မတများအားလုံး၊ ဦးသိန်းစိန်လက်ထက် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ် ၁၄ ယောက်၊ ဦးသိန်းစိန်လက်ထက် ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီးအားလုံး၊ ဗိုလ်ချုပ်၊ ဒုတိယဗို

ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ

Image
သန်လျင်မြို့ ပျူစောထီး လူမိုက်ခေါင်းဆောင် မုန်တိုင်း ခေါ် အောင်ရွှေ အား သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) ပကဖ မှ သုတ်သင်ရှင်းလင်း။  သန်လျင်မြို့နယ် ၊ နိုဝင်ဘာ ၁၊ ၂၀၂၁။ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်း (၂) လမ်း၊ အိမ်တွင် နေထိုင်သူ မုန်တိုင်း ခေါ် အောင်ရွှေ သည် သန်လျင်မြို့တွင် မြို့နေပြည်သူလူထုအား နိုင့်ထက်စီးနင်း အနိုင်ကျင့်နှိပ်စက် ဒုက္ခပေးနေကြောင်း ၊ စစ်အကြမ်းဖက်ကောင်စီ၏ အကြီးစားဒလန် ပြုလုပ်နေကြောင်း သက်သေများဖြင့်တိုင်ကြားသတင်းပေးချက်များအရ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TLPDF) မှ သုတ်သင်ခဲ့ကြောင်း သတင်းရရှိပါသည်။  မုန်တိုင်း ခေါ် အောင်ရွှေက ချက်ချင်းမသေဘူး ။ အိမ်ထဲကို လှည့်ပြေးသွားတယ်။ သူ့တပည့်တပန်း ၅ယောက်လည်း ဒဏ်ရာပြင်းထန် ရသွားကြတယ် ။  ကျည် အတောင့် ၄၀ အသုံးပြုလိုက်ရတယ်။ အခုတော့ ပြည်သူတွေရဲ့ ဆန့်ကျင်ဖက်မှာ နေသူရဲ့ သွားရာလမ်းကို ရောက်သွားပါပြီ လို့ ပကဖ တာဝန်ရှိသူမှ ပြောကြားပါတယ်။  ဒလန်အကြီးစား လူမိုက် မုန်တိုင်း သေပြီ ဖြစ်ကြောင်းလည်း အတည်ပြု ပြောကြားခဲ့ပါတယ် ။  #ThanlyinChannel သန်လျင်သတင်းမှန်ပြန်ကြားရေး

နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော

Image
ထန်တလန်မြို့မီးရှို့မှု အပါအဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင်ရိုင်းစိုင်း စက်ဆုပ်ရွံရှာဖွယ်် တိုက်ခိုက်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ဟု အမေရိကန်ပြော ရန်ကုန်၊ နိုဝင်ဘာ ၁  ချင်းပြည်နယ်၊ ထန်တလန်မြို့ မီးရှို့မှုအပါဝင် မြန်မာစစ်တပ်၏ ကမ်းကုန်အောင် ရိုင်းစိုင်းသည့် ကျူးလွန်မှုများကို နိုင်ငံတကာက အမြန်ဆုံးအရေးယူရန် လိုအပ်ကြောင်း အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ပရိုက်စ်က ထုတ်ပြန်ပြောဆိုသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့် အိမ်ပေါင်း ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းအပါအဝင် ချင်းပြည်နယ်အတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့များကျူးလွန်သော ကမ်းကုန်အောင်ရိုင်းစိုင်းသည့်လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက အလွန်အမင်းစိုးရိမ်မိကြောင်း ပြောဆိုသည်။   ပြည်သူလူထု၊ ပြည်သူလူထု၏အိုးအိမ်များ၊ ဝတ်ပြုဆုတောင်းရာနေရာများကို ရက်ရက်စက်စက်လုပ်ပြသည့်လုပ်ရပ်ဖြင့် မြန်မာပြည်သူလူထု၏ အသက်များနှင့် လူမှုဘဝဖူလုံရေးကို လုံးဝဂရုမစိုက်ကြောင်း ထုတ်ဖော်ပြသလိုက်သည့် စစ်အာဏာရှင်၏လုပ်ရပ်ကို အမေရိကန်က ကန့်ကွက်ရှုတ်ချကြောင်း၊  မြန်မာစစ်တပ်၏ စက်ဆုပ်ရွံရှာဖွယ်တိုက်ခ

အဖြူရောင်အနုပညာရှင်များအား အဖြူရောင်အရည်များ တည်ခင်းဧည့်ခံ

Image
ဖြူစင်ခြင်းရဲ့အစစ်အမှန် ဆိုဗီယက်နွဲ့နွဲ့စန်းကိုကျ မဖိတ် 😥 ကိုရန်လေးတို့က သီချင်းလာဆိုပါဆိုတုန်းက မလာဘူး။ ဆန် ဆီ ပေးတော့ လာတယ်နော်။ အဘဆီက ရသမျှကို ပြန်ကုပ်ယူတာ  (Credit to အောင်ကျော်ဆင့်)

ကျမ သီချင်းတောင်လုပ်ဆိုလို့ရပြီ

Image

သွက်ချာပါဒဒေဝီစပ်စလူးလှိုင်

Image

ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်

Image
 CDM မလုပ်ခင်ထိ ထန်တလန်မြို့မှာ ကျွန်တော် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကျွန်တော့်ရဲ့တပ် က ခလရ(၂၆၉)၊ ခု ထန်တလန်မြို့ကို မီးရှို့တဲ့ တပ်တွေထဲက တပ်တစ်တပ်ပဲ။ ဒေသခံတွေက အရမ်းချစ်ဖို့ကောင်းကြတယ်၊ ထန်တလန်ပတ်ဝန်းကျင်မှာရှိတဲ့ ရွာလေးတွေဆိုရင်လည်း ကျွန်တော်တို့စစ်ကြောင်းထွက်ချိန် နားခိုဖို့အတွက် အိမ်တွေစီစဉ်ပေးတယ်၊ ခလရ (၂၆၉) နဲ့ အတူတူ ထန်တလန်မြို့ရဲ့ပတ်ဝန်းကျင်နေရာတော်တော်များများကို သွားခဲ့ရချိန်တွေဆို ဒေသခံတွေ ရွာသားတွေက လိုအပ်တာ မှန်သမျှ ကူညီပေးကြရှာတယ် .... သိပ်ချစ်စရာကောင်းတဲ့ သူတွေပေါ့။ ကျွန်တော့်အပေါ် မှာမှမဟုတ်ပဲ တပ်တစ်ခုလုံး အပေါ်ကို အားလုံးကကောင်းကြတယ်။ ဒီလိုတွေကောင်းခဲ့လို့ ခလရ (၂၆၉) ဆိုတဲ့ စစ်တပ်ကြီးက မြို့ကို လူမဆန်စွာ ဖျက်ဆီးခဲ့ လိုက်တယ်။ စစ်အာဏာရှင်စနစ်ကိုမကြိုက်လို့၊ ပြည်သူတွေအပေါ်ရိုင်းစိုင်းယုတ်မာနေတာတွေကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တာ၊ ခလရ (၂၆၉) ကြီးကို မုန်းလို့လုပ်ခဲ့တာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ ကြည်း ၇၂၆၈၂ ဗိုလ်ထက်နေဗလ ရဲ့ အကြောင်းကို ခလရ (၂၆၉) မှာရှိတဲ့ အရာရှိ/ စစ်သည်တွေ ပိုပြီးသိလိမ့်မယ်ထင်ပါတယ်။ ကိုယ်နဲ့သိခဲ့တဲ့သူတွေ၊ ကိုယ်နဲ့ တာဝန်အတူတူထမ်းဆောင်ခဲ့ဖူးတဲ့သူတွေက ဒီလိုလုပ်ရပ်မျိ

ရှန်ပူမကြိုက်တဲ့ စိန်ကြင်စိုး

Image

စစ်ခေါင်းဆောင်များ ကို ဖယ်ရှားရန်ကု လ အထူး သံတမန် တောင်းဆို

Image
အာဆီယံ မှ မင်းအောင်လှိုင် အား အစည်းအဝေး သို့ မဖိတ်ခေါ်ဘဲ ထားခဲ့မှုသည် နိုင်ငံတကာ ၏ အသိအမှတ်ပြု ခံရရန် အာသာငမ်းငမ်း ကြိုးပမ်းနေသော အာဏာသိမ်း အဖွဲ့ အတွက် အကြီးအကျယ် အထိနာသွားခဲ့ရသော် လည်း နောက်ဆုတ်မည့် ဟန် မရှိသည့်အပြင် တိုး၍ တိုး၍သာ မိုက်တွင်းနက်လာနေသည့် လက္ခဏာများ ပြသလာခဲ့သည်။ ထန်တလန် တွင် သောကြာနေ့ နံနက် ဆယ်နာရီခန့်က လူသူ မရှိသော အိမ်များထဲသို့ မင်းအောင်လှိုင်၏ စစ်သားများက ဆန် နှင့် စားစရာ များ ဝင်ရောက် လုယက်ယူငင်‌နေသည်ကို ချင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်သဖြင့် တဦးသေဆုံး သွားပြီးနောက် လူနေရပ်ကွက်များကို ချိန်ရွယ်ကာ အဝေး မှ သူရဲဘော ကြောင်စွာဖြင့် လက်နက်ကြီးများ နှင့် ပစ်ခတ်ရာမှ မီးလောင်ခံခဲ့ရခြင်း ဖြစ်သည်။ ချင်းပြည်နယ် ထန်တလန် မြို့လေးတွင် ဘုရားကျောင်း နှစ်ကျောင်း၊ CB ဘဏ် နှင့်  အိမ်ခြေ ၁၆၄ လုံးမှာ ၎င်းတို့ လက်ချက်ဖြင့် မီးဟုန်းဟုန်း တောက်လောင်နေကာ ပြည်သူများ အသက်ဘေး အတွက် ပြေးလွှားနေရ ချိန်တွင် မင်းအောင်လှိုင်သည် အပြုံးမပျက်၊ အလည်အပတ် ရောက်ရှိနေသော ရုရှားရေတပ်မှ အကြီးအကဲများ ဖြင့် အရက်ခွက်ခြင်း တေ့ကာ ပြုံးပျော်နေသည့် သတင်းဓါတ်ပုံများက ပလူပျံအောင် ထွက်လာခဲ့ပေတော့သည်။ ရုရှားတ