ဘက်ပေါင်းစုံ အောက်စည်းရောက်နေတဲ့ စစ်ပွဲကို ဆက်တိုက်ချင်နေတဲ့ မြန်မာစစ်ကောင်စီ
ရေးသားသူ - ဘာတေးလ်လင့်နာ အာဏာသိမ်းမှုအပြီး နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိုးနှိမ်ဖို့အတွက် မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းလမ်းဟောင်းကိုပဲ ပြန်အသုံးပြုလာပါတယ်။ ပြည်တွင်းက လက်နက်ကိုင် ခုခံရေး လှုပ်ရှားမှုတွေကို တိုက်ခိုက်ဖို့ ပုံသေ သုံးစွဲနေတဲ့ ဒီနည်းလမ်းဟာ တကယ်တမ်းကျတော့ စစ်တပ်ရဲ့ အင်အားထက် ညံ့ဖျင်းမှုကို ပိုမိုပေါ်လွင်နေစေပါတယ်။ နိုင်ငံအရှေ့ပိုင်းက အာဏာသိမ်းမှု ဆန့်ကျင်ရေး အားကောင်းနေတဲ့ ကယားပြည်နယ်ထဲမှာ ရုရှားလုပ် Hind အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကြီးတွေက ဒုံးကျည်တွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ်တွေကလည်း ဗုံးတွေ ကြဲချခဲ့ပါတယ်။ အခုလထဲမှာ အရှိန်မြှင့်လာတဲ့ လေကြောင်း ထိုးစစ်တွေဟာ အရပ်ဖက် ပစ်မှတ်တွေကို အဓိက ဦးတည်ခဲ့ပုံ ရပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေထဲက တစ်စီးမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ စိုးဝင်းကိုယ်တိုင် လိုက်ပါခဲ့တယ်လို့တောင် သတင်းတွေ ထွက်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ အကြီးအကဲ မင်းအောင်လှိုင်ထက်တောင် သဘောထား တင်းမာပြီး တစ်ယူသန်တယ်လို့ လူသိများသူပါ။ ကယားပြည်နယ်ထဲက စစ်ဘေးသင့် ရွာသူရွာသား ၁၇၀၀၀၀ လောက်ထိ နေရပ်စွန့်ခွာပြီး