Posts

ယူကရိန်းက တရုတ်ကို အကူအညီ​တောင်း

Image
​ ဘေဂျင်း၊ မတ် ၂ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီ​ပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြား​ရေးဝမ်ယိ အား ဖုန်းဆက်​အကူညီ​တောင်းခဲ့သည်။ "ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်" ဟု Kuleba က​​ပြောခဲ့​ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်​ဖော်ပြထားသည်။ ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီး​နေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအ​နေဖြသ့် ယခု ပဋိပက္ခကို "ရုရှားကျူးကျော်မှု" ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို  တောင်းဆိုထားသည်။  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချ​ကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။  အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအ​နေဖြင့်ဘက်မလိုက်​သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။ Source:Nikkei Asia Credit: Popular  #SYHL

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆို

Image
​ NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆိုကို ထောက်ခံမဲပေး၊ စစ်ကောင်စီက ရုရှားကိုထောက်ခံသော်လည်း တရားဝင် အစိုးရ မဟုတ်၍  ကုလ သမဂ္ဂတွင် မဲပေးခွင့်မရ  ရန်ကုန်၊ မတ် ၃  ခေတ်သစ်မီဒီယာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံတွင် ရုရှား၏ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချပြီး ရုရှားတပ်များ ပြန်ရုပ်သိမ်း‌ရေး အဆိုကို မြန်မာနိုင်ငံက ထောက်ခံမဲပေးကြောင်း သိရှိရသည်။  ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံတွင် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ရှုတ်ချသော အဆိုကို မြန်မာနိုင်ငံအပါအဝင်  ၁၄၁ နိုင်ငံက ထောက်ခံလိုက်ပြီး ၃၅ နိုင်ငံက ကြားနေကာ ၅ နိုင်ငံက ကန့်ကွက်ခဲ့ကြကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၄၁ နိုင်ငံက ရုရှားကို ရှုတ်ချလိုက်သဖြင့် အဆိုအောင်မြင်ပြီး ရုရှား တပ်များ ယူကရိန်းမှ ချက်ချင်းဆုတ်ခွာရန် အဆို အောင်မြင်သွားခြင်းဖြစ်သည်။  မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီက  ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲသော ရုရှားကိုထောက်ခံကြောင်း ပြည်ပသတင်းဌာနများကို ထုတ်ဖော်ပြောဆိုသော်

တယ်လီဂရမ် အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း

Image
​ ရန်ကုန်၊ မတ် ၁ ရက် လူငယ့်ခေတ် အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူသုံးများလာသည့် အပ်ပလီကေးရှင်း တခုဖြစ်သည့် Telegram အပါအဝင် နိုင်ငံခြား ကုမ္ပဏီ(၂၈)ခုကို ထပ်တိုးအမည်ပျက်စာရင်းသွင်းလိုက်ကြောင်း Burma Campaign UK က ယနေ့(မတ်လ၁ရက်) ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေခြင်းကိုလက်ခံခြင်းနှင့် အမုန်းစကားဖြန့်နေမှုကို ခွင့်ပြုထားခြင်းကြောင့် Telegram ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းရဖြစ်ကြောင်း ဖော်ပြထားသည်။ အမည်ပျက်စာရင်းသွင်းခံရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ KDDI corporation၊ COSCO၊ BKH shipping၊ Fujita Corporation၊ Eastern Dragon Shipping Company စသည့် ကုမ္ပဏီများပါဝင်ပြီး  ဂျပန်နိုင်ငံမှ(၈)ခု၊ဗီယက် နမ်နိုင်ငံမှလုပ်ငန်း(၈)ခု၊ အမေရိကန်နိုင်ငံမှ(၃)ခုနှင့် ရုရုား၊စင်ကာပူ၊‌ဟောင်ကောင်၊အိန္ဒိယ၊တရုတ်၊ကနေဒါ၊ယူအေအီး၊ တူရကီနှင့် ထိုင်းနိုင်ငံမှ လုပ်ငန်း(၁)ခုစီ ပါဝင်ကြောင်း သိရသည်။ အဆိုပါစာရင်းတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများလည်းပါဝင်ပြီး စစ်တပ်ပိုင်မြေများတွင် လုပ်ဆောင်နေသည့် စီမံကိန်းများ တွင် ပါဝင်နေခြင်းကြောင့် အမည်ပျက်စာရင်းသွင်းခံရခြင်းဖြ

kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာ

​ Wave/Kpay ကနေ လှူတဲ့လူတွေ လိုက်နေတယ်ဆိုပြီး သတင်းတွေတက်ကြတယ်.... ဟုတ်မဟုတ် မသေချာပေမယ့် kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာကို အံ့ဩစွာ သိလိုက်ရတယ်... ဘယ်လိုသိသွားလဲဆိုတော့ kpay ကနေ ချေးငွေချေးတဲ့အခါ location access ကိုဖွင့်ခိုင်းတယ်...ဖုန်းမှာပါတဲ့ A-GPS က 10 m(ပေ ၃၀) ဝန်းကျင်အထိ တိကျတာမို့ ...ဘယ်အိမ်လဲဆိုတာ မှန်းလို့ရနိုင်ပါတယ်.... ချေးငွေလျှောက်တဲ့အခါ Allow လုပ်မိတဲ့အထဲမှာ GPS Access ကို Kpay သုံးတုန်းခွင့်ပြုပါတယ်ဆိုတာ ပေးထားမိလားဆိုတာ setting မှာ check နိုင်ပါတယ်... ချေးချေးမချေးချေး...မတော်တဆ allow ဖြစ်ထားလား check ပါ... Wave လည်းပါမပါ စစ်ကြည့်ပါ.. credit

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

Image
​ တရုတ်နိုင်ငံမှ   နိုင်ငံပိုင်   အကြီးမားဆုံးဘဏ်များအနက်   အနည်းဆုံး   နှစ်ခုက   ရုရှားမှ   ကုန်စည်များ   ဝယ်ယူခြင်းများမှာ   ငွေကြေးကိစ္စ   ဝန်ဆောင်မှုများ   ပေးအပ်ခြင်း   မပြုရန်   တားမြစ်ထားပါတယ်။  ICBC (Industrial & Commercial Bank of China Ltd.)  ရဲ့   ပြည်ပရှိ   ဘဏ်ခွဲများက   ရုရှားမှ   ပြည်ပတင်ပို့ဖို့   အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက်   အမေရိကန်ဒေါ်လာ   သုံးတဲ့  L/C (letter of credit)  များထုတ်ပေးခြင်းအား   ရပ်ဆိုင်းထားပါတယ်။   ယွမ်သုံးတဲ့  L/C  တွေကိုတော့   အချို့သော   လုပ်ငန်းများအတွက်   ထုတ်ပေးနေဆဲ   ဖြစ်ပါတယ်။   ဒါပေမဲ့   အကြီးတန်းအရာရှိများထံ အတည်ပြု   ခွင့်ပြုချက်   အရင်ရယူဖို့   လိုအပ်ပါတယ်။   ယူကရိန်းကို   ရုရှားက   ကျူးကျော်ပြီးတဲ့နောက်မှာ   ပိတ်ဆို့အရေးယူမှု   အမျိုးမျိုးကို   အမေရိကန်၊   ယူကေ၊   ဂျပန်   အပါအဝင်   နိုင်ငံများက   စတင်လုပ်ဆောင်နေကြပါတယ်။ ပြည်ပပို့ကုန်   ကုန်စည်နှင့်   ဆက်နွှယ်တဲ့  L/C  များကိုဘဏ်များက   မကြာခဏ   ထုတ်ပေးကြရပါတယ်။   ပိတ်ဆို့အရေးယူမှု‌ကြောင့်   အရင်ဆုံးထိခိုက်မယ့်  ‌ ငွေကြေးကိစ္စရပ်များထဲမှာ  L/C  လည်း   ပါဝင်နေတာကြောင့်   အခြေအနေ မသေခ

ကုလ နှစ်စဉ်ကြေး NUG ထည့်ဝင်ရဖို့ရှိ

Image
​ ကုလသမဂ္ဂ ဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဖေဖေါ်ဝါရီ ၂၈ ရက် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အထွေထွေ ညီလာခံကြီးတွင် မြန်မာပြည်သူ တရပ်လုံး၏ ဆန္ဒကို ကိုယ်စားပြုပြီး ယူကရိန်း အား ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချကြောင်း အဆိုကို ထောက်ခံ အတည်ပြု မဲထည့်ခဲ့ကြောင်း ကမ္ဘာမီဒီယာများ မှ သီးခြား သတင်း တရပ် အဖြစ် ဖေါ်ပြလာခဲ့ကြသည်။ စစ်ကောင်စီ သံအမတ်ဆိုက အာဏာသိမ်း အဖွဲ့၏ အလို အတိုင်း ကန့်ကွက်မဲ ထည့်မည်က ယုံမှား သံသယ ရှိစရာ ပင် မလိုပေ၊ ထိုအချက်တချက်တည်းနှင့်ပင် ပြည်သူများ အား ကိုယ်စားပြုခြင်း မရှိသည်က ထင်ရှားနေပေသည်။ စစ်ကောင်စီ သည် ကမ္ဘာပေါ်တွင် လတ်တလော ကျရောက်နေသည့် အန္တရာယ်ကြီးကို သတိမူရမှန်း မသိပဲ ရုရှားအပေါ် တရုတ်တို့ သဘောထားကို သံယောင်လိုက်ကာ မျက်စိမှိတ်ထောက်ခံနေသော်လည်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးကမူ "အင်အားကြီးသူတို့၏ လုပ်ရပ်တိုင်း မှန်သည်ဟု လက်ခံသော ကမ္ဘာစနစ်ကြီး" ပေါ်ထွန်းလာမည်ဆိုက နိုင်ငံငယ်များ၏ လုံခြုံရေး နှင့် ရှင်သန် ရပ်တည်ရေးကို အန္တရာယ်ပြုလာနိုင်သည်ဟု ပါလီမန်တွင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီး မိမိတို့ ဘဏ်များမှ ရုရှားအား ပိတ်ဆို့ ဒ

မြန်မာ‌တွေ ရုရှားမကောင်းကြောင်း မရေးရန် ကရင်မလင်သံရုံးသတိပေး

Image
​ ဗလာဒီမာပူတင်ဟာ ယူကရိန်းကိုကျူးကျော်တာမဟုတ်ကြောင်းနဲ့ လုံလောက်မှုမရှိတဲ့ သတင်းအချက်အလက်များပေါ် အခြေခံပြီး မြန်မာသတင်းမီဒီယာများမှ ဆောင်းပါးအများအပြား ရေးသားနေတယ်လို့ ကရင်မလင်ရဲ့ ရန်ကုန် ရုရှားသံရုံးက ဒီကနေ့ ထုတ်ပြန် သတိပေးလိုက်ပါတယ်။  ပူတင်ရဲ့စစ်တပ်ဟာ အရပ်သားများနဲ့မြို့များကို တိုက်ခိုက်ခြင်းမပြုဘူးလို့လည်း သံရုံးက ငြင်းဆိုထားပါတယ်။ ပူတင်ရဲ့စစ်တပ်ဟာ တားမြစ်လက်နက်များနဲ့ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးမပြုဘူးလို့ဆိုပြီး စစ်သုံ့ပန်းများကို အမြင့်ဆုံးလေးစားမှုဖြင့် ဆက်ဆံတယ်လို့ ရေးသားထားပါတယ်။ https://www.facebook.com/1513612285565484/posts/3211798839080145/ MK@ မြန်မာပြည်သူကိုရုရှားလက်အောက်ခံထင်နေသလား ငပူတင်းမင်းဘောငုံနေတဲ့မအလအဖွဲ့ကိုဘဲမင်းပြောလို့ရမယ်

မအလပြန်တမ်း

Image

ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချ

Image
​ ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ အဆိုမဲခွဲရာမှာ စုစုပေါင်း ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံမှာ ၁၄၁ နိုင်ငံက ထောက်ခံ၊ ၃၅ နိုင်ငံက ကြားနေပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရစ်ထရီးယားနဲ့ ဆီးရီးယားတို့ ဖြစ်တယ်လို့သိရတယ်။ တရုတ်ကတော့ကြားနေခဲ့တာတွေ့ ရပါတယ်။ မြန်မာ စစ်ကောင်စီက ရုရှားကို ထောက်ခံတယ်လို့ သတင်းမီဒီယာတွေမှာ ပြောကြားနေပေမယ့် အခုညီလာခံ ကို စစ်ကောင်စီက ကိုယ်စားပြုခွင့်မရှိဘဲ ဦးကျော်မိုးထွန်းက ပဲ မြန်မာပြည်ကို ကိုယ်စားပြုတက်ရောက်ခွင့်ရပြီး သတင်း တွေအရတော့ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်ကိုယ်စားပြု ပြီး အဆိုကို ထောက်ခံကြောင်း မဲပေးခဲ့တယ်လို့ ဆိုကြပါ တယ်။ ဒါပေမဲ့ ကုလအထွေထွေညီလာခံရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာ လိုက်ကို လိုက်နာရမယ်ဆိုတဲ့ binding resolution မဟုတ် တဲ့အတွက် ထိရောက်မှုတော့ ရှိနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေး ဖိအားပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ၂၀၂၁၊ ဇွန်လတုန်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ပါ သေးတယ်။ အဲ့တုန်းကတ

ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ် မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ

Image
​ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ နွား ၁၅ ကောင်ကိုပါ ပစ်သတ်  မီးရှို့ဖျက်ဆီးခဲ့သော သပြေအေးရွာ မြင်ကွင်းများ၊  မိုးကောင်းရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးနေ  ရန်ကုန်၊ မတ် ၂  ခေတ်သစ်မီဒီယာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် Mi 35 ရဟတ်ယာဉ် ၂စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် အလုံး ၅ဝနှင့် နွား ၁၅ကောင်ကို မီးရှို့သတ်ဖြတ် ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူ ၁ ဦးလည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။   အကြမ်းဖက် စစ်ကောင်စီ၏ Mi 35 ရဟတ်ယာဉ်သည် ကျေးရွာ အတွင်းသို့ ပစ်ခတ်ပြီးနောက် လူတင် ရဟတ်ယာဉ် ၂စီးဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ချပေးခဲ့ကြောင်း၊ ယင်း စစ်သားများက ရွာကို မီးရှို့ပြီး နွားများကိုပါ သတ်ဖြတ်ခဲ့ကာ ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။     လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် သပြေအေးကျေးရွာနှင့် နှစ်မိုင်အကွာရှိ မိုးကောင်းကျေးရွာဘက်သို့ ယနေ့ မတ်လ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိနေကာ ကျေးရွာအတွင်းရှိ ပြည်သူပိ