တယ်လီဂရမ် အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း


ရန်ကုန်၊ မတ် ၁ ရက်

လူငယ့်ခေတ်


အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူသုံးများလာသည့် အပ်ပလီကေးရှင်း တခုဖြစ်သည့် Telegram အပါအဝင် နိုင်ငံခြား ကုမ္ပဏီ(၂၈)ခုကို ထပ်တိုးအမည်ပျက်စာရင်းသွင်းလိုက်ကြောင်း Burma Campaign UK က ယနေ့(မတ်လ၁ရက်) ထုတ်ပြန်သည်။


အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေခြင်းကိုလက်ခံခြင်းနှင့် အမုန်းစကားဖြန့်နေမှုကို ခွင့်ပြုထားခြင်းကြောင့် Telegram ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းရဖြစ်ကြောင်း ဖော်ပြထားသည်။


အမည်ပျက်စာရင်းသွင်းခံရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ KDDI corporation၊ COSCO၊ BKH shipping၊ Fujita Corporation၊ Eastern Dragon Shipping Company စသည့် ကုမ္ပဏီများပါဝင်ပြီး  ဂျပန်နိုင်ငံမှ(၈)ခု၊ဗီယက် နမ်နိုင်ငံမှလုပ်ငန်း(၈)ခု၊ အမေရိကန်နိုင်ငံမှ(၃)ခုနှင့် ရုရုား၊စင်ကာပူ၊‌ဟောင်ကောင်၊အိန္ဒိယ၊တရုတ်၊ကနေဒါ၊ယူအေအီး၊ တူရကီနှင့် ထိုင်းနိုင်ငံမှ လုပ်ငန်း(၁)ခုစီ ပါဝင်ကြောင်း သိရသည်။


အဆိုပါစာရင်းတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများလည်းပါဝင်ပြီး စစ်တပ်ပိုင်မြေများတွင် လုပ်ဆောင်နေသည့် စီမံကိန်းများ တွင် ပါဝင်နေခြင်းကြောင့် အမည်ပျက်စာရင်းသွင်းခံရခြင်းဖြစ်သည်။


ပြီးခဲ့သည့် လပိုင်းကလည်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ လူတစ်စုက Telegram မှတဆင့် အပြစ်မဲ့ အရပ် သားပြည်သူများကို ဖမ်းဆီးခိုင်းခြင်း၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခိုင်းခြင်းများ လုပ်ဆောင်ရန် လှုံ့ဆော်ပြီးနောက် စစ်ကောင်စီလက်ပါးစေများက အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၁ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦများအား ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများ သိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများအပြင် အကြောင်းအမျိုးမျိုး ပြ၍ နေအိမ်များကို ချိတ်ပိတ်မှုများရှိခဲ့ကာ ရရှိသောစာရင်းများအရ ချိတ်ပိတ်ခံရသူ စုစုပေါင်း (၇၇) ဦးရှိခဲ့ပြီ ဖြစ်ကြောင်း NLDပါတီက ထုတ်ပြန်ထားသည်။


လက်ရှိတွင်လည်း အကြမ်းဖက် စစ်ကောင်စီက နေအိမ်များကို ချိတ်ပိတ်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ပြည်သူများအပါအဝင် အနုပညာရှင်များ၏ နေအိမ်များကိုလည်း ချိတ်ပိတ်မှုများ ဆောင်ရွက်လျက်ရှိသည်။


#P08 #Lungekhit #NLD #telegram


#Creditမူရင်း 


လေးစားစွာဖြင့်

ထက်အောင်


Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း