တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူး

🇨🇳 တရုတ်ပြည်မှာ ယူကရိန်းကိစ္စလှောင်ပြောင်ပြီးဆိုရှယ်မီဒီယာမှာတင်နေတာတွေကို ယူကရိန်းရှိတရုတ်သံရုံးနဲ့ တရုတ်ပြည်အာဏာပိုင်တွေကသတိပေးနေရပါတယ်။  


တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပူတင်ကိုမဟာသူရဲကောင်းအဖြစ်ချီးကျူးတာ၊ ယူကရိန်ပြည်သူတွေကိုလှောင်ပြောင်တာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


စစ်ဘေးတိမ်းရှောင်နေတဲ့ယူကရိန်းအမျိုးသမီးတွေရဲ့ပုံတွေကိုတင်ပြီး ဒို့တာဝန်ယူမယ်၊ ဒို့နေစရာပေးမယ်လေစတဲ့ "#လူမပီသတဲ့" လှောင်ပြောင်မှုတွေကို တရုတ်မီဒီယာတွေမှာ အချို့ကရေးသားခဲ့ကြပါတယ်။


တရုတ်ပြည်ဟာ ကုလသမဂ္ဂမှာ #ရုရှားကျူးကျော်စစ်ကိုရှုံ့ချဖို့ပျက်ကွက်ခဲ့တာရယ်၊ အခုလိုဆိုရှယ်မီဒီယာမှာ #လှောင်ပြောင်သူအချို့ရှိနေတာတွေရယ်ကြောင့် ယူကရိန်းပြည်သူတွေအကြားမှာ #တရုတ်ပြည်ဆန့်ကျင်ရေးအမြင်တွေကြီးထွားလာခဲ့ပါတယ်။


Since then, multiple internet platforms including Weibo, TikTok sibling Douyin, and WeChat have suspended accounts with provocative content and called on users to stay "objective and rational", and uphold a "clean and upright atmosphere" when discussing international events.


တရုတ်ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Weibo, Douyin, WeChat တွေမှာ အခုလိုရန်မီးပွားစေတဲ့အကောင့်တွေကို ယာယီပိတ်ပင်တာလုပ်ခဲ့ပါတယ်။


In a commentary on Sunday, state news agency Xinhua urged internet users to "discuss and present viewpoints in a reasonable way", criticising those who "spoke inappropriately".


တရုတ်ဆင်ဟွာသတင်းဌာနကလည်း အင်တာနက်အသုံးပြုသူတွေကို လက်ရှိကမ္ဘာ့အရေးအခင်းနဲ့ပတ်သက်ပြီး ကျိုးကြောင်းမှန်ကန်တဲ့ဘက်ကမြင်ပြီး ဆွေးနွေးပြောဆိုဖို့ တိုက်တွန်းထားပါတယ်။


ယူကရိန်းရှိတရုတ်သံရုံး WeChat အကောင့်ကလည်း ယူကရိန်းပြည်သူတွေအခက်အခဲကြုံတွေ့နေရချိန်မှာ နားလည်ဖို့နဲ့ ရန်မစဖို့ တိုက်တွန်းထားပါတယ်။


တရုတ်ပြည်ဟာ မော်စီတုံးစခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အကျိုးဆက်ကို စတင်ခံစားနေရပါပြီ။


လူသားဆန်ခြင်းဆိုတာဘာလဲ ဆိုတာကိုနားမလည်တော့ရင် နေရာတိုင်းမှာဒုက္ခတွေ့နိုင်ပါတယ်။


အခုဆိုရင် ယူကရိန်းရောက်တရုတ်ကျောင်းသူတစ်ယောက်အပြောအရ သူ့အနေနဲ့ဗုံးခိုကျင်းတောင်မသွားရဲဘူးတဲ့။


လူတွေကသူ့ကိုကြည့်မယ့်အကြည့်တွေကိုစိုးရိမ်တဲ့အပြင် နှင်ထုတ်ခံရမှာကိုတောင် စိုးရိမ်နေရပါတယ်တဲ့။


Richard Myo Thant

2-March-2022


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ