လာမည့်နှစ် ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဗိုလ်ရှုသဘင်ထက်ပိုပြီးကြီးကျယ်ခမ်းနားအောင်လုပ်မယ်လို့ ဒု-စစ်ခေါင်းဆောင် စိုးဝင်း ပြော
ဧရာဝတီတိုင်းမ် မတ်လ ၂ ရက်
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ရက်မှာကျရောက်မည့် ၇၅ နှစ် မြောက်လွတ်လပ်ရေးနေ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကျင်းပခဲ့တဲ့ဗိုလ်ရှုသဘင်ထက် ပိုမို ကြီးကျယ်ခမ်းနားကောင်းမွန်အောင်လုပ်ဆောင်မည်ဟု အာဏာ သိမ်းဒု-စစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ထုတ်ပြန်သည်။
ယမန်နေ့မတ်လ ၁ ရက်တွင်ပြုလုပ်သည့် စစ်ကောင် စီ ၏ဗိုလ်ရှုသဘင်ကျင်းပနိုင်ခဲ့မှုနှင့်ပတ်သက်သည့်အစည်းအဝေးတွင် ဒု -စစ်ခေါင်းဆောင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
'' ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုကျင်းပနိုင်ခဲ့သော်လည်း အားသာချက်၊အားနည်းချက်များရှိကြောင်း၊ အားသာချက်များကိုပေါင်းစပ်ပြီး အား နည်းချက်များကိုပြုပြင်ဆောင်ရွက်ကာ ၇၅ နှစ်မြောက်လွတ် လပ်ရေးနေ့ကို ပိုမိုကြီး ကျယ်ခမ်းနားတဲ့စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ ခင်းကျင်းပြသမှုများနဲ့ ပြုလုပ်မည်'' ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ဗိုလ်ရှုသဘင်ကို ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဦးဆောင်ပြင် ဆင်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်ရှုအလေးပြုခံဦးဆောင်ကျင်းပခဲ့ပြီး အဆိုပါဗိုလ်ရှုသဘင် ၏ အခမ်းအနားအသုံးစားရိတ်မှာ ကျပ်သိန်းပေါင်း သောင်းနှင့်ချီကုန်ကျမှုရှိခဲ့ကြောင်း သိရသည်။
#AyeyarwaddyTimes
Comments