စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ တို့က လက်နက်တွေကို စစ်ကောင်စီထံ တင်သွင်းပေးခဲ့တဲ့ လက်နက်ပွဲစားများ


ရန်ကုန် ၊မတ် ၂ 

ခေတ်သစ်မီဒီယာ

ကုန်သွယ်ရေးဒေတာဘေ့စ် Import Genius ရဲ့  အချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ  Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက်Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 


မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ စစ်လက်နက် ကုန်သွယ်ရေးကုမ္ပဏီ Dynasty International ဟာ စစ်တပ်အာဏာသိမ်းယူပြီးတဲ့ နောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေ ကထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အကြမ်းဖက်စစ်ကောင်စီအတွက် ဝယ်ယူပေးခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။


လက်နက်ပွဲစား ကုမ္ပဏီ Dynasty International ကို ဒေါက်တာအောင်မိုးမြင့်က ဦးဆောင်ပြီး သူဟာ ဘီလာရုစ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နဲ့ မြန်မာနိုင်ငံရှိ ဘီလာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းရဲ့ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။


Dynasty International ကို ဒေါက်တာအောင်မိုးမြင့် နဲ့အတူ သူရဲ့ အမွှာညီအစ်ကိုဖြစ်သူ လှိုင်မိုးမြင့်နဲ့ မျိုးသစ္စာ ဆိုတဲ့ မြန်မာ အမျိုးသားတစ်ဦး တို့ကဦးစီးလုပ်ကိုင်နေတာဖြစ်တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေ အရသိရှိရပါတယ်။ 


ဒေါက်တာအောင်မိုးမြင့် နဲ့ လှိုင်မိုးမြင့်တို့ဟာ ယခင်နအဖ စစ်အစိုးရပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြင့်ရဲ့ သားတွေ ဖြစ်တယ်လို့လည်းသိရှိရပါတယ်။ 


ကုန်သွယ်ရေးဒေတာဘေ့စ် ImportGenius ရဲ့  အချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်၊ မတ်လတွင် Dynasty International ဟာ  Mi-17 စက်ပစ္စည်းအစိတ်အပိုင်းတွေကို Ural Avia ထံမှ တင်သွင်း ခဲ့တယ်လို့သိရှိရပါတယ်။ Ural Avia ကုမ္ပဏီ ဟာ ရုရှားနိုင်ငံ၊ Yekaterinburg မြို့ အခြေစိုက်Mil ရဟတ်ယာဥ် အစိတ်အပိုင်း ထုတ်လုပ်ပြုပြင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ 


Dynasty International ကုမ္ပဏီ ကတင်သွင်းပေးခဲ့တဲ့  Mi-17 ရဟတ်ယာဥ်တွေကို မြန်မာစစ်တပ်က  စစ်ဘက်သယ်ယူပို့ဆောင်ရေးအတွက် အဓိက အသုံးပြုတယ့်လည်းသိရှိရပါတယ်။ 


ဘီလာရုစ် က မြန်မာစစ်တပ်အတွက်  စစ်လက်နက်ရောင်းချမှုတွေမှာ ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့သော Kvadrat-M မြေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာ ကွယ်ရေး ဒုံးကျည်စနစ် နှစ်ခု၊ ၂၀၁၅-၁၆ ခုနှစ်တွင် ပေးပို့ခဲ့သည့် 3M9 မြေပြင်မှဝေဟင်ပစ် ဒုံးကျည် (၁၀၀)၊ ၂၀၁၉ ခုနှစ်တွင် ပေးပို့ခဲ့တဲ့ Mi24/Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်  ( ၂ )စီးတို့ ပါဝင်ပါတယ်။ 


Justice For Myanmar ရဲ့ထုတ်ပြန်ချက်တွေအရ ဒေါက်တာအောင်မိုးမြင့်ဟာ  မြန်မာစစ်တပ်အတွက် ဘီလာရုစ်နိုင်ငံက စစ်လက်နက်ဝယ်ယူ မှုတွေမှာလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ဆိုပါတယ်။ 


၂၀၁၃ ခုနှစ်က Dynasty International နဲ့ ဘီလာရုစ်ကုမ္ပဏီ လက်နက်ကုမ္ပဏီ Tetraedr UE တို့ အပြန်အလှန်ဆက်သွယ်ထားတဲ့  Email တစ်စောင်ပေါက်ကြားလာခဲ့ပြီး အဲ့ဒီ အီးမေးလ် ထဲမှာတော့ စစ်လက်နက်ရောင်းချမှု ညှိနှိုင်းပေးခြင်းအတွက် Dynasty က ဝန်ဆောင်ခ ရရှိမှာဖြစ်ပြီး ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချုပ်ညှိနှိုင်းဆွေးနွေးမှုအရ  Tetraedr ကရောင်း ချခဲ့သော စစ်လက်နက်ပစ္စည်းထဲမှာ  ဒုံးကျည်စနစ်များ၊ ရေဒါနဲ့ လေကြောင်းပစ်မှတ်စနစ်များ ပါဝင်နေတယ်လို့ သိရှိရပါတယ်။


မြန်မာစစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာတော့  ဒေါက်တာအောင်မိုးမြင့်ဟာ စစ်ကောင်စီနဲ့  ဘီလာရုစ် အစိုးရ နှစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မြင့်တင်နိုင်ရေးအတွက် ဘီလာရုစ် နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။ 


အဲ့ဒီခရီးစဥ်အတွင်းမှာပဲ  ဒေါက်တာအောင်မိုးမြင့်ကို ဘီလာရုစ်အစိုးရက ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ဆုတံဆိပ်တစ်ခုကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တယ်လိုံ သိရှိရပါတယ်။ 


ဘီလာရုစ်နိုင်ငံဟာ  ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ကတောင်းဆိုခဲ့တဲ့ “မြန်မာနိုင်ငံသို့ စစ်လက်နက်စီးဝင်မှုမှကာကွယ်ရေး” အဆိုကို ကန့်ကွက်ခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံ ဖြစ်ခဲ့ပါတယ်။


Dynasty International ဟာ ဂျာမနီလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Grob Aircraft SE ရဲ့ မိတ်ဖက် ကုမ္ပဏီ တစ်ခုလည်း ဖြစ်တယ့်သိရှိရပါတယ်။


 မြန်မာ့လေတပ်ဟာ Grob G 120P အမောင်းသင် လေယာဉ် ၂၀ ပါဝင်တဲ့ လေယာဥ်အုပ် တစ်အုပ်ကို ပိုင်ဆိုင်ထားပြီး အဲ့ဒီလေယာဉ်တွေကို  ဒေါက်တာအောင်မိုးမြင့်က ပွဲစားအဖြစ် ဝယ်ယူပေးခဲ့တာဖြစ်တယ်လို့ Justice For Myanmar ဖော်ပြထားပါတယ်။


မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေး ပြုလုပ်နေချိန် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာလည်း  Grob ကုမ္ပဏီက နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေ ဟာလေယာဉ်ပြုပြင်ထိန်းသိမ်းရေးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ဖို့အရေး အဆင့်မြင့်လေတပ်အရာရှိကြီးများနှင့် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့တယ်လို့ Justice For Myanmar ထုတ်ဖော်ခဲ့ပါတယ်။


လျှို့ဝှက်ပေါက်ကြားလာတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းတစ်ခုအရ ၂၀၁၇ ခုနှစ်မှာလည်း Grob ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ယူရို (၃၂၂,၂၉၂) တန် စာချုပ်အရ Dynasty ကုမ္ပဏီသို့ စက်အပိုပစ္စည်း အစိတ်အပိုင်း (၁၄) ခု ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။


၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ တရားမဝင်စစ်ကောင်စီရဲ့  မြန်မာ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ  Grob လေယာဉ်များ ပါဝင်ပြသခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့ မှတ်တမ်းတွေ အရ အဲ့ဒီနေ့မှာ   စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သည့် အကြမ်းဖက်တိုက်ခိုက်မှုတွေ‌ကြောင့်  လူပေါင်း (၁၆၀) ကျော်သေဆုံးတယ်လို့ သိရှိရပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ဘီလာရုစ်၊ ရုရှား၊ ဂျာမနီ နိုင်ငံတွေကနေပြီး စစ်ကောင်စီထံ လက်နက်တင်သွင်းပေးနေတဲ့Dynasty International နဲ့ဒေါက်တာအောင်မိုးမြင့် တို့ကတော့ မြန်မာစစ်တပ်ရဲ့  ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုတွေမှာ  ကြံရာပါအဖြစ်ပတ်သက်နေပြီး ကြီးလေး တဲ့ နိုင်ငံတကာရာဇဝတ်မှုများမှ အကျိုးအမြတ်များ ရရှိနေပါတယ်။ 


Dynasty International နဲ့ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ် တွေကို နိုင်ငံတကာက ပိတ်ဆို့အရေးယူဖို့ Justice For Myanmar ကတောင်းဆိုထားပါတယ် ။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ