ပူတင်က ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး အစီအမံများနှင့်ပတ်သက်သည့် အမိန့်အား လက်မှတ်ရေးထိုး


မော်စကို ၊ မတ် ၂ ရက်(ဆင်ဟွာ) 


ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က နိုင်ငံ၏ ဘဏ္ဍာရေးတည်ငြိမ်မှု ရှိစေရေး ယာယီစီးပွားရေးအစီအမံများအား အသုံးပြုရန် စတင်သည့် အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ကရင်မလင်က မတ် ၁ ရက်တွင် ကြေညာခဲ့သည်။ 


အမေရိကန်နိုင်ငံ ၊ အခြားနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ရုရှားဆန့်ကျင်ရေး ဒဏ်ခတ်အရေးယူခြင်းများအား တုံ့ပြန်ရာတွင် အဆိုပါအစီအမံများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမိန့်ဒီဂရီတွင် ဖော်ပြထားသည်။ 


ယင်းအစီအမံများအနက် ရုရှားနိုင်ငံသည် မတ် ၂ ရက်မှစတင်၍ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့် ညီမျှသည့် ပမာဏထက် ကျော်လွန်ရာတွင် နိုင်ငံခြားငွေကြေးစီးဆင်းမှုအား ပိတ်ပင်သွားမည် ဖြစ်ကြောင်း သိရသည်။ 


မတ် ၂ ရက်မှ စတင်သက်ရောက်မည့် ချေးငွေများ ၊ အိမ်ခြံမြေ နှင့် အစုရှယ်ယာလက်မှတ် အရောင်းအဝယ်များနှင့် ပတ်သက်သည့် ကန့်သတ်ချက်များအား ရုရှားဆန့်ကျင်ရေးလုပ်ရပ်များအား လုပ်ဆောင်သည့် နိုင်ငံများနှင့် ဆက်စပ်သည့် နိုင်ငံခြားသားများအပေါ်တွင် ချမှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဖေဖော်ဝါရီ ၂၈ ရက်တွင် ရုရှားနိုင်ငံသမ္မတ ပူတင်သည် ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး ပြုလုပ်နေချိန်တွင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုလှိုင်းသစ်၏ သက်ရောက်မှုအား ကာကွယ်တားဆီးရန် “အထူးစီးပွားရေးအစီအမံများ”အား အသုံးပြုရန် စတင်သည့် အမိန့်ဒီဂရီတစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ 


(Xinhua) 

COPY @China Xinhua News

ကျော်စွာမြင့်


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ