ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချ

ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံမှာ ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို ရှုံ့ချပြီး တပ်တွေ ပြန်ရုပ်သိမ်းဖို့ အဆိုမဲခွဲရာမှာ စုစုပေါင်း ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံမှာ ၁၄၁ နိုင်ငံက ထောက်ခံ၊ ၃၅ နိုင်ငံက ကြားနေပြီး ၅ နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ ကန့်ကွက်တဲ့ နိုင်ငံတွေကတော့ ရုရှား၊ ဘီလာရုစ်၊ မြောက်ကိုရီးယား၊ အီရစ်ထရီးယားနဲ့ ဆီးရီးယားတို့ ဖြစ်တယ်လို့သိရတယ်။ တရုတ်ကတော့ကြားနေခဲ့တာတွေ့ ရပါတယ်။ မြန်မာ စစ်ကောင်စီက ရုရှားကို ထောက်ခံတယ်လို့ သတင်းမီဒီယာတွေမှာ ပြောကြားနေပေမယ့် အခုညီလာခံ ကို စစ်ကောင်စီက ကိုယ်စားပြုခွင့်မရှိဘဲ ဦးကျော်မိုးထွန်းက ပဲ မြန်မာပြည်ကို ကိုယ်စားပြုတက်ရောက်ခွင့်ရပြီး သတင်း တွေအရတော့ ဦးကျော်မိုးထွန်းဟာ မြန်မာပြည်ကိုယ်စားပြု ပြီး အဆိုကို ထောက်ခံကြောင်း မဲပေးခဲ့တယ်လို့ ဆိုကြပါ တယ်။


ဒါပေမဲ့ ကုလအထွေထွေညီလာခံရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာ လိုက်ကို လိုက်နာရမယ်ဆိုတဲ့ binding resolution မဟုတ် တဲ့အတွက် ထိရောက်မှုတော့ ရှိနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေး ဖိအားပဲ ဖြစ်နိုင်ပါလိမ့်မယ်။


ပြီးခဲ့တဲ့ ၂၀၂၁၊ ဇွန်လတုန်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့ပါ သေးတယ်။ အဲ့တုန်းကတော့ စစ်ကောင်စီအနေနဲ့ပြည်သူတွေကို သတ်ဖြတ်ဖိ နှိပ်နေတာတွေကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံ ကို လက်နက်တင်သွင်းမှုတွေ ပိတ်ဆို့ဖို့စတဲ့ အချက်တွေပါ ဝင်ပါတယ်။ အဲ့ဒီတုန်းကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၁ နိုင်ငံမှာ ၁၁၉ နိုင်ငံက အဆိုကို ထောက်ခံခဲ့ပြီး ၃၆ နိုင်ငံက ကြားနေကာ၊ ၃၇ နိုင်ငံက မဲမပေးခဲ့ဘဲ ဘယ်လာ ရုစ်တနိုင်ငံတည်းကကန့်ကွက်ခဲ့တာပါ။ အဲ့ဒီအဆိုဟာလည်း legally binding မဟုတ်ခဲ့ပါဘူး။

ကိုရဲ 🇺🇸



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်တပ်နောက်မှာ တရုတ်ရှိလို့ ပြည်ပနိုင်ငံတွေ မကူညီရဲတာဆိုတဲ့ ဂျင်း

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်