ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

စစ်ကိုင်းတိုင်းမှာ  ဝီရသူ ဦးဆောင်တဲ့  ပဏ္ဍိတ၊ ဝါသဝ၊ ဝီရရာဇာ အပါအဝင် အစွန်း ရောက် မဘသ ဘုန်းကြီးတွေ လက်နက်ကိုင်ပြီး ပြည်သူကို ကွင်းဆင်းစည်းရုံး၊ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်ဖွဲ့စည်းရေးနဲ့ PDF ဖြိုခွဲရေး ဟောပြော


By ရန်ကုန်ခေတ်သစ်


စစ်တပ်အထိနာနေတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားရေး အစွန်းရောက် ဝီရသူ ဦးဆောင်ပြီး အစွန်းရောက် မဘသ ဘုန်းကြီးတွေဖြစ်တဲ့ ပဏ္ဍိတ၊ ဝါသဝ၊ ဝီရ ရာဇာတို့လို အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးတွေကိုယ်တိုင် လက်နက်ကိုင်ပြီး PDF ဖြိုခွဲရေး တရားတွေ လိုက်လံဟောပြော စည်းရုံးမှုတွေ လုပ်ဆောင်လာပါတယ်။ 


"အနီ၊ အစိမ်း မခွဲခြားဘူး၊ ဗုဒ္ဓဘာသာ ကိုယ့်မြန်မာလူမျိုးတွေကို ဘုန်းဘုန်းတို့က စောင့်ရှောက်မယ်။ နိုင်ငံရေး အကြောင်းပြ လူသတ်နေတဲ့ PDF အကြမ်းဖက်တွေကို ဖမ်းဆီး နှိမ်နင်းသတ်ဖြတ်ရမယ်" ဆိုတဲ့ အစချီလာတဲ့ PDF ဖြိုခွဲရေး ဟောပြောမှုတွေကို ဝီရသူ အပါအဝင် မဘသ ဘုန်းကြီးတွေက ဘုန်းကြီး ကျောင်းတွေမှာ လူစုခိုင်းပြီး စည်းဝေး ဟောပြောလာတာလည်းဖြစ်ပါတယ်။ 


ဖေဖော်ဝါရီလ ၂၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ကျွန်းလည်ရွာ၊ ကဘဲရွာ၊ မူးကျင်းရွာ၊ ဘေရင်း ရွာမှာ အမျိုးသားရေး အစွန်းရောက်  ဦးဝါသဝ၊ဦးပဏ္ဍိတ၊ ဦးဝီရသူတို့က ပြည်သူတွေကို စုရုံးပြီး PDF ဖြိုခွဲရေးတရားတွေ ဟောပြောပါတယ်။ 


ထူးခြားချက်ကတော့ ဦးဝါသ၀နဲ့ ဦးပဏ္ဍိတ အပါအဝင် နောက်လိုက် အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး တွေမှာ စက်သေနတ်နဲ့ ပစ္စတိုသေနတ်တွေကို လွယ်ထားတာလည်းဖြစ်ပါတယ်။ သင်္ကန်းနဲ့ လက်နက်ကိုင်ဆောင်ပြီး PDF ဖြိုခွဲရေး လိုက်လံဟောပြောလာတာလည်းဖြစ်ပါတယ်။ 


ဝီရသူနဲ့ မဘသ အစွန်းရောက်ဘုန်းကြီးတွေကို  စစ်တပ်မှ ဗိုလ်ကြီး ကျော် သူရိန်၊ ကျေးရွာ ပြည်သူ့စစ်အမည်ခံ အဖွဲ့ခေါင်းဆောင် ဦးညွန့်ခိုင်တို့က လုံခြုံရေးယူပေးထားကြပါတယ်။  


ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ အခြေပြုပြီး ကွပ်ကဲရေး စခန်းဖွင့်တာ၊ လေ့ကျင့်ရေး စခန်းဖွင့်တာတွေ ပြည်သူ့စစ်ဌာနချုပ်စခန်းပုံစံ တပ်စွဲတာတွေကိုလည်း စစ်တပ်ဘက်က လုပ်ဆောင်လာပါတယ်။ 


သာမန် စစ်ကြောင်းတွေ ဝင်ရင် ခက်ခဲနေတဲ့ စစ်ကိုင်းတိုင်းကျေးရွာတွေမှာ သင်္ကန်းစည်းထားတဲ့ အမျိုးသားရေး မဘသ ဆရာတွေကို လက်နက်ကိုင်ဆောင် ဝင်ရောက်စေပြီး လူထုစည်းရုံးမှုတွေ လုပ်လာတာလည်းဖြစ်ပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို မဘသ အစွန်းရောက် ဘုန်းကြီးတွေဘက်က ဦးဆောင် ဖွဲ့ပေးလာနေပြီး အခုဆိုရင် ပြည်သူ့စစ်အမည်ခံ အဖွဲ့ ၇၇ ဖွဲ့နဲ့ လက်နက်ပေါင်း ၂၀၈၀ တပ်ဆင်ပြီးဖြစ်ပါတယ်။


ဝီရသူနဲ့ အတူ တန့်ဆည် ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ဟောပြောသွားတဲ့ ပဏ္ဍိတ၊ ဝါသဝတို့ အကြောင်းကိုလည်း လေ့လာကြည့်ရအောင်ပါ။ 


ဝါသ၀ (ပစ္စတိုလွယ် ဘုန်းကြီး) 

=======================

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တန့်ဆည်မြို့နယ်၊ ရတနာကံမြင့်ထယ်ကျောင်းတိုက်မှာ ပစ္စတိုလွယ်ပြီး ဝင်လာတဲ့ မဘသ ဘုန်းကြီးကတော့ ဝါသ၀ ဖြစ်ပါတယ်။ 


သူ့ကတော့ ကန့်ဘလူမြို့နယ် မှော်တော်ရွာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ပါတယ်။ အမျိုးသားရေး  တက်ကြွ လှုပ်ရှားသူဖြစ်ပေမယ့် နာမည်သိပ်မထွက်ပါဘူး။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှာ တက်တက်ကြွကြွ ပါဝင်နေပြီး ငါးရာငါးဆယ်ဆရာတော်ဆိုတဲ့ အမည်ခံပြီး ကျောင်းသားလူငယ်နဲ့ကလေးငယ်တွေကို ဘာသာရေး သင်တန်းတွေ ပေးနေတဲ့ ဘုန်းကြီးဖြစ်ပါတယ်။ 


မှော်တောကျေးရွာဘက်မှာတော့ ပညာရေး၊ လူမှုရေး ဦးဆောင်တယ်ဆိုပြီး ကြည်ညိုကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်းမှာ ဝီရသူနဲ့ ချိတ်ဆက်ပြီး ဘုန်းကြီးတွေ ဦးဆောင်တဲ့ လက်နက်ကိုင် တန်ပြန် ရေး အစီအစဉ်မှာ သူရှေ့ဆုံးက ပါဝင်လာတာဖြစ်ပါတယ်။ 


ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)

====================================


ပဏ္ဍိတ-တက်ခေတ်ဗန်းမော်(ကျောက်ဆည်)ကတော့ ဝီရသူရဲ့ လက်ရုံးတစ်ဦး သွေးသောက်တစ်ဦးလည်းဖြစ်ပါတယ်။ ကျောက်ဆည်မှာ မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လုပ်ငန်းတွေ ဦးဆောင်နေသလို ကိုယ်တိုင်လည်း လက်နက်ကိုင်ဆောင်ထားပါတယ်။ ရန်ကုန်မှာ အကြမ်းဖက်စစ်သားတွေကို ရိက္ခာလှူဒါန်းတဲ့ ကိစ္စတွေမှာ ပါဝင်အလှူခံပေးသူဖြစ်သလို NLD ခေတ်မှာလည်း NLD ဆန့်ကျင်ရေး ရှေ့ဆုံးက ဦးဆောင် ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ 


သူဟာလည်း အခုဆိုရင် ဝီရသူနဲ့ ပူးပေါင်းပြီး ကျေးရွာအခြေပြု ပြည်သူ့စစ်တွေ ပေါ်ပေါက်ရေးနဲ့ PDF ဖြိုခွဲရေးမှာ ရှေ့ဆုံးက ပါဝင်လာနေတာလည်းဖြစ်ပါတယ်။ 


ဝီရရာဇာ

=======


ဝီရရာဇာကလည်း  မန္တလေးမြို့၊ တမ္ပဝတီရပ်မှ မဘသ အမျိုးသားရေး အစွန်း ရောက် ဘုန်းကြီးတစ်ဦးဖြစ်ပြီး ဝီရသူကို အမာခံထောက်ခံသူလည်းဖြစ်ပါတယ်။ သူကတော့ လက်နက် အပြည့်အစုံ ကိုင်လို့ ကျည်ကို လွယ်ထားတာလည်း ဖြစ်ပါတယ်။ 


မဘသအဖွဲ့ရဲ့ ပြန်ကြားရေးအဖြစ်လည်း တာဝန်ယူခဲ့သလို မဟော်သဓာ ကျောင်း ပေါ်ပေါက်ရေးမှာ ဦးဆောင်ခဲ့တဲ့ ဘုန်းကြီးလည်းဖြစ်ပါတယ်။ 


စစ်တပ်ထောက်ခံတဲ့ မဘသဘုန်းကြီးတွေရဲ့ ပြည်သူ့စစ်မဟာဗျူဟာ

======================================


ဝီရသူနဲ့ မဘသ ဘုန်းကြီးတွေကတော့ အနီ၊ အစိမ်းမခွဲခြားဘဲ ဗုဒ္ဓဘာသာဝင်မှန်သမျှ ကာကွယ်ပေးမယ်ဆိုတဲ့ ကြွေးကြော် စည်းရုံးလာတဲ့ လက်နက်ကိုင် တန်ပြန် စစ်ရေး လှုပ်ရှားမှုက စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတာဖြစ်ပြီး အောင်မြင်လာတယ်ဆိုရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ ဦးတည်နေတာလည်းဖြစ်ပါတယ်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ