Posts

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

Image
​ အေးခဲထားသို စားသောက်ကုန်လုပ်ငန်းတွေ ရပ်ဆိုင်း #အေးခဲစားသောက်ကုန်လုပ်ငန်း #MilitaryCoupInMyanmar #DeltaNewsAgency ရန်ကုန်မြို့တော်အတွင်း အေးခဲထားသိုရတဲ့ စားသောက်ကုန်လုပ်ငန်းတွေဟာ ရပ်ဆိုင်းနေပြီလို့ သိရပါတယ်။ ရေခဲမုန့်၊ ရေခဲချောင်း၊ အဖျော်ယမကာ၊ ငါးပုစွန်အေးခဲလုပ်ငန်းစတာတွေဟာ လျှပ်စစ်မီးမရခြင်းနဲ့ လောင်စာဆီ ဈေးကြီးတာကြောင့် ရပ်ဆိုင်းနေကြပြီလို့ လှိုင်မြို့နယ်၊ဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင်က ပြောပါတယ်။ ‘ကျွန်မဆိုင်တွေကို အအေးနဲ့ပတ်သက်တာ ဘယ်သူမှလည်းလာမပို့တော့ဘူး။ ကျွန်မတို့လည်း မီးစက်ဆီဖိုး မတတ်နိုင်လို့ လာပို့လည်း မရောင်းတော့ဘူး။ မင်းအောင်လှိုင်လက်ထက် မီးပျက်တာ မဆလခေတ်ထက်ဆိုးနေပြီ’ လို့ သူက ပြောပါတယ်။ ရန်ကုန်မြို့တော်အတွင်း စံချိန်တင်မီးပျက်နေသလို ရန်ကုန်စက်မှုဇုန်တွေထဲ လျှပ်စစ်မီးလာတဲ့အချိန်တွေမှာလည်း ဝပ်အားမပြည့်တဲ့အတွက် အအေးခန်းစက်ရုံတွေ ရပ်နားထားရကြောင်း လှိုင်သာယာမြို့နယ်အတွင်းရှိ အအေးခန်းစက်ရုံအရာရှိတစ်ဦးက ပြောပါတယ်။ ‘ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ။ ရေခဲစက်တွေကျတော့ ငါးပုစွန် ရေခဲရိုက်တာတွေနဲ့ စားသောက်ဆိုင်လုပ်ငန်းတွေမှာ မဖြစ်မနေသုံးနေရတော့ ဆက်လည

စစ်တပ်အုပ်ချုပ်နေသရွေ့ တနေ့ကို မီး၁၂နာရီထက်ပိုမရနိုင်ဘူး။

Image
​ ၁၀လပိုင်းကနေ ဒီလကုန်အထိက စစ်တပ်ကဆွဲတဲ့ ဘတ်ဂျက်နှစ်ဝက်စာနဲ့သွားတာ။ ပုံမှန်ဆိုရင် ဘတ်ဂျတ်ကို လွှတ်တော်ကိုတင်ပြီး လွှတ်တော်ကဘတ်ဂျက်ကို စစ်ပြီးမလိုဘူးထင်တာတွေ ဖြတ်လေ့ရှိတယ်။ အခုက လွှတ်တော်မထားတော့ စစ်တပ်ကသူတို့စိတ်ကြိုက် ဘတ်ဂျက်ဆွဲတယ်။ NLDလက်ထက်က လျှပ်စစ်အတွက် ဘတ်ဂျတ်ကောင်းကောင်းသုံးပြီး တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေး လုပ်ခဲ့တာ။ စစ်တပ်ဆွဲတဲ့ဘတ်ဂျတ်ကို အသေးစိတ်သိခွင့်မရပေမယ့် ဘတ်ဂျတ်ကိုသိခွင့်ရှိတဲ့တစ်ယောက်ဆီက ကြားတာကတော့ စစ်တပ်ရဲ့နှစ်ဝက်ဘတ်ဂျက်မှာ လျှပ်စစ်အတွက်သုံးတာက NLD နှစ်ဝက်ဘတ်ဂျတ်ရဲ့ ၃ပုံ၁ပုံပဲရှိတယ်။ စစ်တပ်ဘတ်ဂျတ်စတဲ့ ၁၀လပိုင်းကစပြီး မီးတွေပျက်တော့တာပဲ။ လာမယ့်ဘတ်ဂျတ်မှာလဲ လျှပ်စစ်အတွက် NLD အစိုးရသုံးတာရဲ့ တဝက်ပဲ အလွန်ဆုံးသုံးမှာ သေချာတယ်။ စစ်တပ်အုပ်ချုပ်နေသရွေ့ တနေ့ကို မီး၁၂နာရီထက်ပိုမရနိုင်ဘူး။ ဒါကြောင့်စစ်တပ်အုပ်ချုပ်လို့မရအောင် တော်လှန်ကြပါ။ Crd အညို

မြန်မာ့ ကြက်သွန်ဖြူ သပိတ် စကြစို့ 💪✅

Image
​ တရုပ်ပြည်က တင်သွင်းတဲ့ အရည်အသွေးညံ့ အစားအသောက်မျိုးစုံထဲမှာမှ  စက္ကူစုပ်လိုမျိုး အနံ့အရသာမရှိ ပွစိစိ ကြူကုတ်ကြက်သွန်ဖြူ  မစားကြဖို့ အိမ်တိုင်း အိမ်တိုင်းတာဝန်ယူကာ မသုံးကြခြင်းဟာလဲ နေ့တိုင်း လုပ်နိုင်တဲ့ မီးဖိုချောင်ထဲက ငြုပ်ဆုံသပိတ် တစ်ခုပါ💪💪💪 အထူးသဖြင့် အခုလို မတ်၊ ဧပြီ ဆိုတာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် နဲ့ အညာဒေသစိုက် ကြက်သွန်ဖြူတွေ စပေါ်တဲ့ အချိန်ပါ။ ရှမ်းပြည်၊ အထူးသဖြင့် ပအို့ဝ်ဒေသတွေကတော့ အများဆုံးထွက်ပါတယ်။  တရုပ်ကြက်သွန်ဖြူတွေစိုက်တဲ့နေရာမှာ  မြေဩဇာတွေ၊ ဟော်မုန်းဆေးတွေ အလွန်အကျွံသုံးလို့ အရွယ်အစား အရမ်းကြီးကာ အသားပွပွ ၊ အနံ့အရသာမရှိ မှန်း ကို မြန်မာ့ အိမ်ရှင်မ၊ အိမ်ရှင်ထီးတွေ ၊စားဖိုမှူးကြီးတွေ သိပြီးသားပါ။  စျေးပေါပေါနဲ့ ရောင်းနိုင်တာကလဲ ၊ အာလူးတွေကို တရားမဝင်ခိုးသွင်းတဲ့ခါ အာလူးအိတ်တွေကို ဖုံးဖို့ အပေါ်ကနေ ကြက်သွန်ဖြူ အိတ်တွေတင်ပြီး ခိုးသွင်းကြတာမို့ ၊ အာလူးမှာ အမြတ်ကြမ်းပြီးသားမို့ ကြက်သွန်ဖြူကိုတော့ သူခိုးစျေးနဲ့ ရောင်းနိုင်တာ ဆိုတာ သိစေဖို့ပါ။ ဒါက အကင်းဘဲ ပြောတာ အများကြီးရှိသေးတယ် ပြောဖို့။ သိပ်မရှည်ဘဲ လိုရင်းသာ ပြောပါမယ်၊  မြန်မာ့ ကြက်သွန်၊ ရှမ်း၊ ပအို့ဝ် ကြက်သွန်ဖြူတွ

ပေါင်းတည်မြို့နယ် ပဲခူးရိုးမ အစပ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်

Image
​ ပေါင်းတည်၊ မတ် ၈၊ ၂၀၂၂။ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပဲခူးရိုးမ အစပ်မှာ စစ်ကောင်စီတပ်နဲ့  PDF တွေ ဒီနေ့ မနက် ၉နာရီမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပေါင်းတည် PDF ဆီက သိရပါတယ်။ ပေါင်းတည်မြို့နယ် ၊ သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာအထက် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်ကောင်စီတပ်သား ၁၇ဦးကို မဟာမိတ် PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် စာရင်း အတိအကျကို မသိနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။ " ၁၇ဦးလောက်ခွေးတွေကျတယ် သူတို့ဘက်က၂၂ဦးတက်လာတယ် ခုပြန်ဆုတ်တော့၅ဦးဘဲပြန်ဆုတ်တာသိရတယ်အလောင်းလာမကောက်သေးဘူး" လို့ သဲကုန်း PDF ဘက်က တာဝန်ရှိသူက ပြောပါတယ်။ ပေါင်းတည် PDF က စစ်ကောင်စီသေဆုံးမှု အရေအတွက်ကို အတိအကျ မသိနိုင်သေးဘူးလို့ ထုတ်ပြန်ထားသလို သဲကုန်း PDF တာဝန်ရှိသူက စစ်ကောင်စီ တပ်သား ၁၇ဦး သေဆုံးတယ်လို့ ပြောဆိုထားပြီး အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒီနေ့မနက် ပေါင်းတည်မြို့နယ် ပဲခူးရိုးမအစပ်က တိုက်ပွဲကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၆၀၁ ၊ သဲကုန်း PDF နဲ့ ပေါင်းတည် PDF တို့ပူးပေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။ #မြေလတ်အသံ

​ကမ္ဘာစစ်ရေးအခြေအနေနှင့် နွေဦးအခွင့်အရေး

Image
****************************************** အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေးကို အလေးပေးဆွေးနွေးမှာဖြစ်ပြီး  နေတိုးတပ်ဖွဲ့လို စစ်ရေးမဟာမိတ်ချုပ်ဆိုနိုင်ဖို့အတွက် အမေရိကန်ဘက်ကနေ ဆွေးနွေးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်  ။ ဒီသတင်းကို တရုတ်နိုင်ငံက ပိုပြီး စိုးရိမ်နေတာပါ ။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ခွဲထွက်ခွင့်မပေးပဲ တရုတ်တစ်နိုင်ငံတည်းဖြစ်အောင် အားထုတ်နေပေမယ့် အမေရိကန်ရဲ့ ကာကွယ်ပေးမှု့နဲ့ စစ်လက်နက်တပ်ဆင်ပေးမှု့တွေကို မကြည်ဖြုပါဘူး ။  အခုတစ်ခါ ပစ္စိဖိတ်ဒေသတွင်းက အာရှနိုင်ငံတွေကို အမေရိကန်ခေါင်းဆောင်တဲ့ နေတိုးလို စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့ဖို့ပြင်ဆင်လာတဲ့ အမေရိကန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ် ။ သုံးသပ်ရရင် ....၊ အမေရိကန်ကလည်း ယူကရိန်းကိုကျူးကျော်နေတဲ့ ရုရှားလိုမျိုး ၊ တရုတ်ဘက်က လက်ဦးမှု့မရလေအောင် ကြိုတင်ပြင်ဆင်တယ်လို့ ယူဆရပါတယ် ။ မတ်လ ၇ ရက်နေ့ ( မနေ့က ) မှာ နိုင်ငံတကာတရားရုံးကို အမှု့စစ်ဆေးဖို့ ဆင့်ခေါ်ခဲ့ပေမယ့် ရုရှားဘက်က မတက်ရောက်ခဲ့ပါဘူး ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာတရားရုံးကို မထီမဲ့မြင်ပြုလိုက်တာပါ ။ ဒီအတွက် ယူကရိန်းအရေးဟာ ရ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

Image
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမျိုးသား ညီညွတ်ရေး အစိုးရ၏ အမျိုးသမီး၊ ကလေး သူငယ်နှင့် လူငယ်ရေးရာ ဒုတိယ ဝန်ကြီး ဒေါ်အိသင်ဇာမောင်အား နိုင်ငံတကာ သတ္တိရှင် အမျိုး သမီးများ International Women of Courage (IWOC) ဆုကို ချီးမြှင့်လိုက်ပြီ ဖြစ်သည်။ မိမိ အသက်အန္တရာယ်ကို ပဓာန မထားဘဲ အနစ်နာခံ၍ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်း အတွက် အပြုသဘော ဆောင်သည့် အပြောင်းအလဲများ ဖေါ်ဆောင်နိုင်ရန် ထူးချွန်စွာဖြင့် သတ္တိ၊ ခွန်အား နှင့် ခေါင်းဆောင်မှု ပေးနိုင်ခဲ့သည့် ကမ္ဘာတဝှမ်း ရှိ အမျိုးသမီးများကို ၂၀၀၇ မှစ၍ IWOC ဆုကို ရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၇ နှစ်ရှိ ဒေါ်အိသင်ဇာမောင်သည် ယမန်နှစ်  ဖေဖေါ်ဝါရီ အတွင်း စစ်တပ်မှ အာဏာ သိမ်းခဲ့မှုအား ဆန့်ကျင်ကန့်ကွက်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထု လှုပ်ရှားမှုတွင် ဦးဆောင်မှု အခန်းမှ ပါဝင်ခဲ့သည့် အတွက်  အခြား အမျိုးသမီး ၁၁ ဦးနှင့် အတူ ရွေးချယ် ခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။ ထိုသို့ အမျိုးသား ညီညွတ်ရေး အစိုးရ အား နိုင်ငံတကာ က အသိအမှတ် ပြုလာချိန်တွင် နေပြည်တော်ရှိ စံအိမ်ကြီး အတွင်းတွင်တော့ စစ်ခေါင်းဆောင်ကြီးသည် ကိုဗစ်၏ တိုက်ခိုက် မ

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

Image
မတ် ၉၊၂၀၂၂။ North Okkalapa Information မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာအိမ်ကို ယနေ့ မတ်လ ၉ရက် နေ့လည်ပိုင်းက လာရောက် မတရား ချိတ်ပိတ်သွားကြောင်း သိရှိရသည်။ ယနေ့ နေ့လည် ၃နာရီ ဝန်းကျင်က (ဋ)ရပ်ကွက်၊ မေတ္တာ (၃)လမ်းကို အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နဲ့ ရဲက စစ်ကား ၃စီး၊ ဆိုင်ကယ် ၆စီး ဖြင့်ရောက်ရှိလာကာ အဆိုပါ နေအိမ်အား မတရား ချိတ်ပိတ်သွားခြင်း ဖြစ်သည်။ ချိတ်ပိတ်နေစဉ် အိမ်အတွင်းရှိ ပစ္စည်းများကို မွှေနှောက်သွားပြီး ပိုက်ဆံ ၁၀သိန်းကျော်ကို ခိုးယူ ဆောင်သွားသည်။ ကိုသျှားထက်အောင် ကို မတ်လ ၆ရက်နေ့ ညပိုင်းက ဖက်ဆစ် စစ်ကောင်စီတပ်တွေက နေအိမ်ကို သေနတ်ဖြင့် နှစ်ချက် ပစ် ခတ်ကာ အကြမ်းဖက် ဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာ ယနေ့ မတ်လ ၉ရက်နေ့တွင် နေအိမ်ကိုပါ မတရား ချိတ်ပိတ်သွားတာဖြစ်ပါတယ်။ ကိုသျှားထက်အောင်ကို မတရား စွတ်စွဲ ဖမ်းဆီးပြီးနောက် ပုဒ်မ ၃ခုဖြင့် အမှုဖွင့်ခံထားရတယ်လို့ သိရပါတယ်။ #ဋ_ရပ်ကွက် #ချိတ်ပိတ်ခံရ https://www.facebook.com/103439251912171/posts/288277900094971/

ချင်းပြည်နယ်၊ မိုးညှင်းနှင့်ချောင်းဦးတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်

Image
ရန်ကုန်၊ မတ် ၉ ခေတ်သစ်မီဒီယာ ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၊ ဆောမြို့နယ်၊ ကံချောင်းရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF ကန်ပက်လက်၊ ယောဒေသကာကွယ် ရေးအဖွဲ့ (The Youth Force) ကြား ယနေ့ မတ်လ ၉ ရက် နံ နက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ ၉ ဦး ခန့် ဒဏ်ရာရကြောင်း CDF ကန်ပက်လက်က သတင်းထုတ်ပြန်သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် အပြေးအလွှားနေရာယူရင်း ယောဒေသကာ ကွယ်ရေးတပ်ဖွဲ့ ထောင်ထားသည့် မိုင်းများ နင်းမိပေါက်ကွဲပြီး စစ်ကောင်စီဘက်မှ အထိနာကြောင်း၊ ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ ပျူစောထီးအဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယနေ့ မတ်လ ၉ ရက်နေ့တွင် ဝင်တိုက်ပြီး ပျူစောထီးအဖွဲ့ဝင် ၄၀ နီးပါး သေဆုံးကြောင်း  မြင်းခြံ 35 ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Zero ပြောက်ကျားတပ်ဖွဲ့၊ The Value of Young Men၊ MRA (မြောင်) ပူးပေါင်းတပ်ဖွဲ့

CB ဘဏ်ဥက္ကဋ္ဌ ရဲ့ မိသားစုဝင်တွေ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ ရှိနေတယ်

Image
🛑 အမေရိကန်က မောင်နှမတွေ ညီစေနော်—🛑 NUG အစိုးရရဲ့ အမည်ပျက်စာရင်းသွင်းခံရတဲ့သူ CB ဘဏ်ဥက္ကဋ္ဌ ရဲ့ မိသားစုဝင်တွေ အမေရိကန် ဆန်ဖရန်ဘေးဧရိယာမှာ ရှိနေတယ်…။ သူကိုယ်တိုင်ကတော့ မြန်မာပြည် သို့မဟုတ် ဒူဘိုင်းက စစ်အုပ်စု အသိုင်းအဝိုင်းများဆီမှာ ရှိနေတယ်တဲ့…။ မရွှေမိုး-ကိုရီးယား March 9th,2022.

အကုန်လုံးကိုအအောင်ပေးမှာဖြစ်ပြီး ကူးပြီးဖြေကြမှာပါ

Image
မနက်ဖြန်မတူပီမှာ အယောက် ၁၀၀ ဝန်းကျင်လောက် ဆယ်တန်းစဖြေကြပါလိမ့်မယ်။ အများစုက စစ်သားနင့်ရဲ သားသမီးတွေဖြစ်တယ်။ မတူပီက ဒလံသားသမီးတစ်ချို့လည်းဝင်ဖြေကြမှာပါ။ အကုန်လုံးကိုအအောင်ပေးမှာဖြစ်ပြီး ကူးပြီးဖြေကြမှာပါ။ စစ်ခွေးတွေကိုအဘလို့ခေါ်တဲ့သူတွေကို ဂုဏ်ထူးပေးအုံးမှာဖြစ်ပြီး ကူးဖြေတာတောင်မရတဲ့သူတွေကို အအောင်ပေးမှာမို့ သူတို့ခင်ဗျားဆယ်တန်းအောင်ဖူးကြတော့မည်။  သို့ပေမယ့် အမှန်တရားဘက်ကနေရပ်တည်ပြီး စစ်ကျွန်ပညာရေးစနစ်ထဲ အခွင့်အရေးမယူတဲ့ မတူပီမှာ ဆယ်တန်းဖြေဆိုမည့်ဦးရေ ၂၀၀၀ ဝန်းကျင်လောက်ရှိနေတာမို့ ညီလေး/ညီမလေးတို့ကို လေးစားသလို စာမေးပွဲသွားဖြေမယ့် စစ်ခွေးပေါက်စလေးတွေကို လုံးဝအားမကျဖို့ခွန်အားပေးပါရစေ။  ညီလေး/ညီမလေးတို့ အလှည့်ရောက်လာတဲ့အချိန် Quality Education ကိုတစ်ယောက်မကျန်အကုန်လုံးပြန်လည်ဆည်းပူးနိုင်အောင် ကျနော်တို့အားလုံးအစွမ်းကုန်ကြိုးပန်းသွားကြမှာပါ။ အခုလက်ရှိအခြေအနေမှာ လက်လှမ်းမှီသလောက်ပညာတွေကိုဆည်းပူးကြဖို့တိုက်သွန်းရင်းအားပေးပါရစေ။ Apa pathen loh hlasawk an pe uh seh ne, ka lung nah Kamana rhoek.cr. john Crd